<><><> အပိုင်း [၉] <><><>

603 53 2
                                    

Unicode

မိခင်နှင့် ညီမလေးတို့ကို အလွန်စိတ်ပူနေလေသည်။ ခပ်သွက်သွက်ခြေလှမ်းတွေကို ဂရုတစိုက်လျှောက်လှမ်း လာနေရသည်မှာ လွယ်ကူသည့် ကိစ္စတော့ မဟုတ်ချေ။ သူမြင်လိုက်ရပါပြီ သနပ်ခါးပါးကွက်ကြား အပြည့်နှင့် လက်ထဲတွင်လည်း ကိုင်းရိုးတံကို ကိုင်ဆောင်ထားသော သူ၏ မိခင်။

ဟိုတစ်နေ့ သူထွက်သွားခဲ့သည့် နေ့ထဲက လက်နှင့် ပခုံးက ပြဲနေသော ရင်ဖုံးအင်္ကျီ အစုတ်ကလေးနှင့် ညိုညစ်ညစ် ချိတ်ထမိန် ပန်းနုရောင်လေးကိုလည်း ခုထိ မချွတ်သေးပဲ ဝတ်ဆင်ထားသေးသည်။

သက်ကယ်မိုး တဲအိမ်လေးထဲမှ ထွက်လာသော ညီမလေးဟာ ကလေးတန်မဲ့ ဖြူဝင်းစွာ ရှိရမည့် မျက်နှာပြင်လေးဟာ ခုတော့ဖြင့် အိုးမဲနှင့် ချေးအချို့ ကပ်ငြိနေသည်။

"မင်းမလဲကွယ် . . . ဘယ်တွေသွားနေတာလဲ"

ထင်းအချို့သယ်လာသော ဦးသာအောင်၏ မိန်းမ ဒေါ်ထားက ထင်းလေးတွေကို ချပြီး မောပန်းနွမ်းနွယ် ဟန်ဖြင့် ပြောလာလေသည်။

"ဟို ကျနော်"

"ဟေ ခေါင်းက ဘာဖြစ်လာတာလဲ"

စိုးရိမ်သလိုနှင့် သူ၏ ခေါင်းအား ကိုင်၍ မေးလာသည်။ ထိုအခါမှ သူလည်း ဖြစ်ကြောင်းကုန်စဥ်အား ရှင်းပြလိုက်တော့လေသည်။ ထိုအခါမှ သူတစ်ပါး၏ ကောက်ကျစ်မှုဟာ သာမန် မဟုတ်ကြောင်း ဒေါ်ထားပြောမှ သတိထားမိလာသည်။

ရုတ်တရက် ဘာအငြိုးအတေးမှ မရှိသော သူ့ကို ဘာ့ကြောင့် ရိုက်ရသနည်း?။ ထိုပစ္စည်းကို သူ့အား ပေးသည်မှာ ဘာကြောင့်နည်း။ သူဟာ ငွေမက်သည်ဟု ဘာကြောင့် ထင်နေကြသနည်း?။

သူဟာ ငွေမက်ပါသည်၊ သူတစ်ပါးပစ္စည်းကို မတရားသဖြင့် လိုချင်သော စိတ်ဆန္ဒစိုးစင်းမျှ မရှိပါ။ မိမိလုပ်အားခနှင့် ရလာသော ပိုက်ဆံကိုသာ သူမက်မောပါသည်။ မိခင်ကို ရအောင် ဆေးကုရမည်။ ညီမလေးကို အိမ်တစ်ဆောင်၊ မီးတစ်ပြောင်နှင့် ထားချင်သည်။ ပညာတတ်ကြီးဖြစ်အောင် ပံ့ပိုးပေးချင်သည်။

ဒါတွေဟာ သူ မဖြစ်ခဲ့ရသည့် သူလိုချင်ခဲ့သည့် အိပ်မက်တွေပင်။ ညီမလေးကို သူ့လို ဆင်းရဲတဲ့ ဘဝမျိုးမှာ မထားချင်ပါ။

❝ ကြာပွင့်ဖြူ ဒဏ္ဍာရီ ❞ (Completed)Where stories live. Discover now