<><><> အပိုင်း [၃၁] <><><>

658 36 2
                                    

Unicode

စည်တော်သံဟာ ပွက်ပွက်ညံနေအောင် မြည်ဟိန်းလျက်ရှိသည်။ နန်းမြို့ရိုး၏ အပြင်ဘက်တွင်လည်း စျေးတန်း တသီတတန်းကြီး
နှင့် ပျော်စရာကြီးဖြစ်သည်။ နန်းတော်၏ အနောက်မုဒ်ပေါက်ဝနှင့် နီးသော ပြိုင်ပွဲကျင်းပရာ နေရာသည် လူတချို့ပင် ရောက်နှင့်နေကြပြီ ဖြစ်သည်။

ထိုနေရာသည် ဒယ်အိုးပုံသဏ္ဍာန်ကို လှေကား အထပ်ထပ်ဖြင့် ပြုလုပ်ထားလေသည်။ ထိုင်စရာလှေကားများစွာ ထားရှိတဲ့ နေရာတွေကို ပတ်ပတ်လည် လုပ်ထားသည်။ ထိုအရာတွေအလယ်တွင် အဝိုင်းပုံစံ မြေဧကအကျယ်အဝန်း များစွာနှင့် ပြုလုပ်ထားသည်။

သစ်တက္ကကြာကန်ထဲတွင် ဘုရင်နှင့် တကွ မိဖုရားနှစ်ပါးတို့မှာ ရေချိုးမင်္ဂလာပြုကြရသည်။ ပြီးတော့မှ စားတော်ပွဲ တည့်ခင်းကြသည်။ သျှိသျှားညိုတို့လည်း ဝိုင်းဝန်းကူညီ ပေးကြရသည်။

"သက် ... ဧကကျော်စွာကို မတွေ့ပါလား"

"ဟုတ်တယ် ကျော်စွာက နုမော် နောက်ကို လိုက်သွားတယ်လေ ခုထိ ရှာမတွေ့သေးဘူး ထင်ပါရဲ့"

"အော် အင်းပါ"

ညောင်ပင်ရိပ်တွင် နှစ်ယောက်သား ခဏ နားနေကြတုန်း ထိုင်စကားပြောနေကြသည်။ မြက်ခင်းလေးပေါ်တွင် ယွန်းလက်ဖက်ခွက်ထဲက လက်ဖက်ကလေးကို စားရင်း စကားလေးလည်း ပြောရင်းနှင့် ဟန်ကျနေကြသည်။

အပြုံးကလေးတွေမှာ တစ်ဦးနှင့် တစ်ဦး ချိုသာစွာ ရှိနေကြပြီး တစ်ဦးနှင့် တစ်ဦး နဂိုကထက် ပိုမိုရင်းနှီးလာကြပြီး တစ်ဦးအခက်အခဲ တစ်ဦး နားလည်လာကြပြီ။

ကျစ်ဆံမြီးကလေးဖြင့် သျှိသျှားညိုမှာ ဒီနေ့လည်း အဖြူရောင်ကလေးဖြင့် ကြည့်၍ လှနေသည်။ ညောင်ရွက်ခြောက်ကလေး တစ်ရွက်ဟာ လေမှာ ဝဲလျက်ကနေ သျှိသျှားညို၏ ကျောပြင်ကလေးပေါ်သို့ လာတင်နေလေသည်။

"ဟာ ဒီမှာကြည့် သျှားညို ညောင်ရွက်ကလေးက လာတင်နေတာပဲ"

"ဟုတ်သား"

ထိုညောင်ရွက်ခြောက်ကလေးကို လာဖယ်ပေးသော အလင်္ကာမှာ သျှားညိုအား ယူ၍ ပြနေသည်။ ပြီးတော့ ဟိုးဘက်ကို ပြန်လွင့်ပစ်လိုက်သည်။

❝ ကြာပွင့်ဖြူ ဒဏ္ဍာရီ ❞ (Completed)Where stories live. Discover now