<><><> အပိုင်း [၂၄] ။ B ။ <><><>

528 38 0
                                    

Unicode

အမှောင်ထုထဲတွင် ရပ်နေသည်မှာ မည်မျှ ကြာနေပြီလဲမသိ။ ဆီးမီးလေးဟာ နေဝင်စထဲက ထွန်းထားပေမယ့်လည်း ယခုတော့ ငြိမ်းသွားချေပြီ။ ဘယ်အချိန်ထဲက ငြိမ်းသွားသလဲ သူမတွေးတတ်ပါ။

မီးစာကုန်၍ပဲလား။ သို့တည်းမဟုတ် ဆီးခမ်းသွား၍ပဲလား မသိပေ။ ဘာမှ စဥ်းစားတွေဝေ မနေတော့ပါဘဲ သူရပ်နေသည့် ပြတင်းပေါက်က လသာဆောင်ကနေ အခန်းတွင်းထဲသို့ မီးခွက်ထွန်းရန် ဝင်လာလေသည်။

ခပ်မှိန်မှိန်လရောင်အောက်မှာ မြင်နေရသည်က မီးခွက်လေးထဲတွင် ဆီခမ်းနေခြင်းပင်။ ထို့အတွက်ကြောင့် ဆီပြန်ထည့်လိုက်ပြီး မီးစာလေးအနည်းငယ်ဖြင့် ထွန်းညှိ၍ တစ်ခန်းလုံးကို လင်းထိန်စေသည်။

တပတ်သျှို ထုံးထားသော ဆံနွယ်ရှည်တွေကို ဖြည်ချလိုက်သည်နှင့်အညီ ညနေက လျှော်ထားသည့် တလျှော်ကင်းမွန်းနံ့လေးက မွှေးပျံ့စွာ ထွက်လာလေရဲ့။ ပျော့ပျောင်းစွာ ရှိနေ
သည့် ဆံနွယ်တွေဟာ လေဖြူးလေးနှင့်
တလွင့်လွင့် ရှိလှသည်။

ညနေက အထိန်းတော် သုဇာတာ ယူလာပေးသည့် နှင်းဆီအဖြူလေးတွေကို ရေပုံးလေးထဲကနေ ယူလိုက်သည်။ ပြီးမှ စားပွဲပေါ်က ပန်းအိုးလေးကို ယူ၍ တစ်ပွင့်ချင်းဆီ စီစီရီရီ လှအောင်ထိုးနေလိုက်သည်။

အထည်ထမ်းသမား ပြောသည့် နေ့ကစလို့ သျှိသျှားညိုဟာ အဖြူရောင်တွေကိုပဲ ကြိုက်နှစ်သက်သွားရသလို အဝတ်အထည်က အစ အဖြူတွေကြီးပဲ သုံးတော့သည်။

အဖြူတွေသည် မေတ္တာတွေကို ဆောင်ကြဥ်းသည်။
အဖြူတွေသည် မကောင်းတဲ့ အရာတွေကို စွန်းထင်းနိုင်ပေမယ့် ထိုမကောင်းတဲ့ အရာတွေ ရှိခဲ့လျှင်တောင် ထိုအဖြူက ဖုံးအုပ်နိုင်စွမ်းရှိသည်။
အဖြူတွေသည် အညံ့ခံ အရှုံးပေးပေမယ့်လည်း သူကသာ အနိုင်ရမြဲဖြစ်သည်။
အဖြူတွေသည် အတ္တကြီးမှု အလိုရမ္မက်ကြီးမှုတွေကို တွန်းလှန်ပေးနိုင်သည်။
အဖြူတွေသည် သဘာဝတရားကြီးအပေါ်တွင် အစင်ကြယ်ဆုံး ဖြစ်သည်။

အရောင်တွေဟာ မှိုင်းလွန်းလျှင် ညှို့ယူနေသလို ခံစားမိစေသည်။ တောက်လွန်းလျှင်လည်း လျင်မြန်ရဲရင့်မှုကို ထင်ဟပ်စေသည်။

❝ ကြာပွင့်ဖြူ ဒဏ္ဍာရီ ❞ (Completed)Onde histórias criam vida. Descubra agora