Unicode
မိုးလည်း စဲသွားပြီ ဖြစ်သည်။ ထို့အတွက်ကြောင့် ပြန်ရန် နှစ်ယောက်စလုံး ဘုရားလှိုဏ်ခေါင်းလေးထဲက ထွက်လာလိုက်သည်။ သူတို့ရပ်နေသည်က ဘုရားစေတီရဲ့ အဝင်ဝ ဖြစ်သည်။ ထုံးဖွေးဖွေး ဘုရားစေတီဟာ တောင်ကုန်းလေးပေါ်မှာ တည်ထားသည့်အတွက် သူတို့မှာလည်း အမြင့်ပေါ်ရောက်နေသည်။
ဘေးပတ်ဝန်းကျင်က ရှု့ခင်းလေးတွေဟာ စိမ်းစိမ်းစိုစိုနှင့် အရမ်းလှပနေသည်။ ပတ်ပတ်လည်တစ်ခွင်က စိမ်းစိုရောင် မြက်ခင်းတွေနှင့် စိမ်းစိုရောင် သစ်ပင်တွေဟာ မျက်စိအမြင်မှာ ပသာဒဖြစ်စေသည်။
မြေသင်းရနံ့ကလေးကို အရင်ဆုံး ရှူရှိုက်မိတော့ အနည်းငယ် လန်းဆန်းသွားသည်ဟု ထင်မြင်မိသည်။ တောင်ကုန်းလေးပေါ်ကနေ ဆင်းလာလိုက်ကြသည်။ ဖိနပ်မပါသည့် ခြေထောက်ကလေးမှာ မိုးရေစိုထားသော မြက်ခင်းပြင်ကို နင်းမိတော့ အေးစက်စက် အထိအတွေ့ကို ခံစားမိသည်။
အလင်္ကာလည်း သျှိသျှားညို၏ ခြေထောက်ကို ကြည့်မိတော့ ခြေဖနောင့်လေးဟာ နဂိုက ဖွေးနေသော်လည်း ယခုမူ အနည်းငယ် နီတာရဲလေး ဖြစ်နေသည်။ သူလေး အအေးဒဏ်ကို မခံနိုင်ဘူး ထင်ပါရဲ့။ အအေးမိလို့ ဖျားနာရင် မောင်တော်ပဲ စိတ်ပူရမှာ။ ဒါတွေကို သူမသိ။
သျိသျှားညိုမှာ သူ့ကို ကြည့်ပြီး အတွေးတွေများနေသော လူအား ပြုံးလျက်သာ ကြည့်လိုက်သည်။ တယ်လည်း တတ်နိုင်သည့် လူကြီးပေ။ မပြောမဆိုနဲ့ ဘယ်ကတည်းက ဆံထိုးကို ပြုလုပ်လေသလဲ။ လူကို အစတည်းက ထိုလူကြံစည်မိနေသလား။
သူတို့နှစ်ယောက်မှာ လားပေါင်းများစွာသော မေးခွန်းတွေကို တစ်ယောက်ထဲတွေး တစ်ယောက်ထဲဖြေနေကြပြီး ကြိတ်ပြုံးနေကြသည်။ ဒါကိုလည်း နှစ်ယောက်စလုံးသိကြသည်လေ။
ကုက္ကိုပင်လေးရဲ့ အောက်ရောက်တော့ အလင်္ကာမှာ ခုံဖိနပ်လေးကို ယူ၍ သျှိသျှားညို၏ ခြေထောက်ကို သေချာလေး စီးပေးမိသည်။ ခုံဖိနပ်လေးဟာ အသားရဲ့ အပေါ်မှာ အနီရောင်ကတ္တီပါလေးကို ဖုံးအုပ်ချုပ်လုပ်ထားလေသည်။
ခပ်ရဲရဲကတ္တီပါခုံဖိနပ်ပေါ်တွင် သွယ်သွယ်ဖျော့ဖျော့ ခြေထောက်ကလေးမှာ ပနံသင့်လှပနေသည်။ ဒေါင်းသက်အလင်္ကာလည်း သားရေညှပ်ဖိနပ်လေးကို သေချာစီးလိုက်သည်။ ပြီးတော့ ကုက္ကိုင်ပင်လေးပေါ်က အနီရောင်ကုက္ကိုပန်းလေးတစ်ပွင့်ကို သူ၏ လက်တန်ရှည်ရှည်
နှင့် လှမ်းခူးလိုက်ပြီး သျှိသျှားညို၏ ဆံထုံးမှာ ထိုးညှပ်၍ ပန်ဆင်ပေးလိုက်သည်။
YOU ARE READING
❝ ကြာပွင့်ဖြူ ဒဏ္ဍာရီ ❞ (Completed)
Historical Fictionတစ်ခါတလေ အဖြူရောင်နှင်းဆီတွေကို မေ့ထားပြီး အနီရောင် တောပန်းကလေးတွေလည်း သတိရကြည့်ပါ။ မြင့်မြတ်တဲ့ အလှတရားတွေ ရှိနေတတ်တယ် This fiction that does not represent 18+ Completed!!! *Photo Cover Crd* Warning ⤵️⤵️⤵️ Uke weak !!! Myanmar Historical !!! Time...