<><><> Extra 2 <><><>

787 20 0
                                    

Unicode

"​မသွားပါနဲ့နော်  တော်ကြာ ခေါင်းမူးနေပါ့မယ်"

"ဟာ မဟုတ်ရပါဘူးနော် သွားမှာပါဆိုနေ"

ယခု သျှိသျှားညိုတို့ နှစ်ယောက်သည် မုံရွာရဲ့ မြောက်ဘက်ဆီက တစ်နေရာဖြစ်တဲ့
ရွှေတောင်ဦး ဘုရားပေါ်တွင် ဖြစ်ပေသည်။ ဘုရားစေတီလေးသည် ရွှေရောင်တဝင်းဝင်း
ဖြင့် ခပ်မြင့်မြင့် တောင်ကုန်းကလေးပေါ်မှာ တည်ထား ဆံပယ်ကိန်းဝပ်တော် မူပေသည်။

အနည်းငယ် ပူပြင်းလှပေမယ့် သွားချင်လှပါသည်ဟု ဆိုလာသောကြောင့် သူ့အလိုကိုလိုက် အကြိုက်ဆောင်၍ ပို့ပေးခြင်းဖြစ်သည်။ ယခုတွင် ဘုရားဖူးအပြီး ဘုရားရဲ့ အနောက်ဘက် တောင်အောက်နားလေးက ကြိုးတံတားဆီကို သွားချင်သည်ဟု ပူဆာလာလေပြီ။

သွားစေချင်ပေမယ့်လည်း သူလေး မူးဝေမှာလည်း စိုးရိမ်ရသည်။ နောက်ပြီး ကြိုးတံတား အလယ်တွင်လည်း ဆေးလိပ်သောက်နေကြသော လူငယ် ယောကျာ်းလေး အုပ်စုတစ်ဖွဲ့ကလည်း မတ်တပ်ရပ်နေကြရင်း စကားပြောနေကြသည်။

ဒီဘက် တောင်ကုန်းဘုရားရင်ပြင်တောင်ပေါ်ကနေ ဟိုဘက်တောင်ကုန်းအနိမ့်ဘုရားဆီသို့ ကြိုးတံတားလေးဖြင့် ဆက်သွယ်ထားသည်လေ။ နောက်ပြီး ဟိုဘက် ဘုရားပေါ်က မိန်းကလေး အုပ်စုတချို့က ရှိသေးသည်။

ဘယ်နည်းနဲ့မှ သူ့ချစ်သူကို စိတ်မချနိုင်ပါချေ။

ကြိုးတံတားရဲ့ အောက်ဘက် ဘေးနှစ်ဖက်နှစ်ချပ်တွင် ရှားစောင်းပင်တွေဟာ ဆူးတွေ အပြည့်နှင့် ရှိနေသေးသည်။ ကြိုးတံတားဟာ ဘယ်လောက်ပဲ ခိုင်ခန့်ပါသည် ဆိုဆို ပြုတ်မကျပါဘူး ဟူ၍ အာမ မခံနိုင်ဘူး မလား။

စိတ်ပူကြသည့် နေရာမှာ အလင်္ကာတို့က ဘက်ပေါင်းစုံ နေရာပေါင်းစုံက တွေးတတ်သည်မှာ ဆရာတစ်ဆူလိုပင်။

"နေပါ ကိုယ့်ဘာကိုယ် ပြန်မယ် လိုက်လည်း မပို့နဲ့ လာလည်း မခေါ်နဲ့"

ညုတုတုအသံဖြင့်လည်း မဟုတ်ရသလို၊ စိတ်တို ဒေါသထွက်သည့် အသံလည်း မဟုတ်ချေ။ သျှိသျှားညို၏ ပကတိ အသံချိုချိုဖြင့်သာ ပြောဆိုခြင်း ဖြစ်လေသည်။

❝ ကြာပွင့်ဖြူ ဒဏ္ဍာရီ ❞ (Completed)Tempat cerita menjadi hidup. Temukan sekarang