Unicode
နှင်းဆီနီတွေကတော့ သိပ်လှနေကြပါရဲ့
သို့သော် . . .
နှင်းဆီအနက်တွေကတော့ မလှသော်
သိပ်ကို ဆန်းကြယ်ကြပါတယ်လေ
နှင်းဆီနီကို မယှဥ်နိုင်သော်လည်း
နှင်းဆီနက်တွေရဲ့ အဓိပ္ပာယ်က
ပြည့်တန်ဆာ ဖြစ်နေတာတောင်
လူ့အခွင့်အရေးတွေ ရသင့်တယ်တဲ့လေ . . .။<> <> <> <> <>
"ဒေါက် ဒေါက်"
ကပ်လျက်ချပ်လျက် ကြားလိုက်ရသော တံခါးခေါက်သံ နှစ်ချက်ဟာ တိတ်ဆိတ်အထီးကျန်စွာ ရှိနေသော အိမ်ကြီးအတွင်းသို့ တောခြင်္သေ့ကြီး တစ်ကောင် ဟိန်းသကဲ့သို့ ပဲ့တင်ထပ်၍ ဟိန်းထွက်နေလေသည်။
ထိုတံခါးခေါက်သံကြောင့် ပုဝါလေးကို သေချာခြုံပြီး လက်တွင်ကိုင်ထားသော နှီးယပ်တောင်လေးကို သေချာချ၍ ထွက်လာလိုက်သည်။
ဦးစွာ မြင်လိုက်ရသည်က ဖျော့တော့နေသော သူ၏ မျက်နှာပြင်လေးပင်။"မ . . . အယ်"
"ရပါတယ် အဆင်ပြေသလို ခေါ်ပါ"
စကားအသွားအလာထောက်နေသော သူ့ရှေ့က လူအား ကြည့်မိတော့ ခပ်ကားကား နှုတ်ခမ်းတွေကို သပ်နေသည်။ ထမ်းလာသော အဖြူရောင် အဝတ်စနှင့် ချုပ်ပြီးသား အထည်တွေကို သေချာချလိုက်သည်။
ထိုလူကို သျှိသျှားညို ဒီနေ့ လာခဲ့ရန် စျေးထဲကနေ ခေါ်ထားခဲ့ခြင်းပေ။ အဘယ့်ကြောင့်ဆို လွန်ခဲ့သည့် သုံးရက်ခန့်က စစ်မက်တစ်ချို့ဖြင့် သူ့အား နောင်ငါးရက်မြောက်နေ့မှာ နန်းတော်တွင်းသို့ ခေါ်ဆောင်သွားမှာ ဖြစ်သောကြောင့် ထိုနေ့က ဝတ်ရန် အထည်ကြည့်ချင်သောကြောင့်ပင်။
ထူးထူးခြားခြား သျှိသျှားညိုအား ရှင်ဘုရင်မင်းမြတ်က နန်းတော်တွင်းကို မင်းသမီးတစ်ပါးလို ခေါ်ဆောင်ထားရှိမယ်တဲ့လေ။
သိပ်ကို ရယ်မောစရာ ကောင်းပါဘိ။ သူ့လို ယောကျာ်း မဟုတ်၊ မိန်းမ မဟုတ် ပြည့်တန်ဆာတစ်ယောက်ကိုလေ။ ထိုစကားကို ကြားကြားခြင်း သိပ်ကို အံ့သြသွားရသလို သိပ်ကိုလည်း နာကျည်းမိပါသည်။ ဘာလို့ဆို မင်းကြီးက သူ၏ ကျန်းမာရေးနှင့် တိုင်းရေးပြည်ရေး အဆင်ပြေစေရန်တဲ့လေ။
ESTÁS LEYENDO
❝ ကြာပွင့်ဖြူ ဒဏ္ဍာရီ ❞ (Completed)
Ficción históricaတစ်ခါတလေ အဖြူရောင်နှင်းဆီတွေကို မေ့ထားပြီး အနီရောင် တောပန်းကလေးတွေလည်း သတိရကြည့်ပါ။ မြင့်မြတ်တဲ့ အလှတရားတွေ ရှိနေတတ်တယ် This fiction that does not represent 18+ Completed!!! art by SakuraRain Art crd Warning ⤵️⤵️⤵️ Uke weak !!! Myanmar Historical...