Unicode
"ဖြောင်း"
ငါးချက်မြောက် ကြိမ်ဒဏ်အဆုံးတွင် သျှိသျှားညို၏ ခန္ဓာကိုယ်မှာ ဝါကျင့်ကျင့် အောက်ကြမ်းပြင်ပေါ်ကို အရုပ်လေးတစ်ရုပ် လွှတ်ချလိုက်သလို လဲကျသွားရတော့သည်။ လူအများကြားထဲမှာမို့ သူအလွန်ရှက်လည်း ရှက်ရသည်။ လှိုက်တတ်လာသော နာကျင်ဝမ်းနည်းမှုတွေကို မျက်ရည်တွေအဖြစ် အသွင်ပြောင်းစေလိုက်သည်။
စီးကျလာသော မျက်ရည်တွေကိုတော့ သူ မတားမိ မသုတ်မိချေ။ တားကျိုးလာသော မျက်ရည်တွေဟာ သူ၏ နာကျင်မုန်းတီးမှု၊ ရှက်ရွံမှု၊ သူ့ မာန်မာနတွေကို ထင်ဟပ်စေသည်။ မာန မထားရှိသည့် သူ့မှာ ထိုမျက်ရည်တွေက ခွန်းအားပေးနေသလိုပင်။
အရှိန်ပြင်းပြင်းဖြင့် ရိုက်ခံထားရသော တင်ပါးလေးကို အသာပွတ်၍ ပြေလျော့နေသော ဆံနွယ်တွေကို ကပိုကယို မဖြစ်စေရန် သေချာပြန်ပြင်လိုက်ရသည်။ မျက်ရည်တွေကြောင့် ဝေဝါးနေမှုတွေကို မျက်တောင်ဖြင့် အသာပှုတ်ခပ်၍ အမြင်အာရုံတွေကို ကြည်လင်စေသည်။
ဘေးက စိုက်ကြည့်နေသော မျက်လုံးတွေဟာ သခင်မကြီးရဲ့ အကြည့်တစ်ချက်ကြောင့် မျက်စိလွှဲသွားကြပြီး သူ့အလုပ်သူ သွားလုပ်ကြသည်။ သခင်မကြီးလည်း ကြိမ်တုတ်ကို
လွင့်ပစ်လိုက်ပြီး သူ့ဘေးမှ တောက် ခေါက်၍ ထွက်ခွာသွားသည်။ဝမ်းလျားမှောက်ရက် ဖြစ်နေသော ကိုယ်ခန္ဓာကို အောက်ကြမ်းပြင်ပေါ်တွင် လက်ထောက်၍ အသာအယာပင် ထလိုက်ရသည်။ အတန်ငယ်လှုပ်ရှားမှုကြောင့် တင်ပါးထက်က ဆက်ကနဲ နာကျင်မှုကို မျက်နှာလေး ရှုံ့၍ ကြိတ်မှိတ် ခံစားနေရရှာသည်။
ထိုအခန်းထဲကနေ ထွက်ပြီး မိမိ၏ အခန်းသို့သွားရန် ဖြေးဖြေးချင်း အသာအယာ ထလိုက်ရလေသည်။ လမ်းလျှောက်လိုက်ရင်တောင် နာကျင်မှုတွေသာ ဖြစ်လာရသည်။ လှမ်းလာနေသော ခြေလှမ်းတွေဟာ တုန့်နှေးသွားရသည်။
သျှိသျှားညိုဟာ အခန်းထဲသို့ မသွားလိုက်ပါပဲ ပိတောက်ပင်ကြီးအောက်မှာပဲ ခဏ ထိုင်နေလိုက်သည်။ မွှေးပျံ့သော ပိတောက်ပန်းရနံ့ကြောင့် နည်းနည်း လန်းဆန်းလာမိသည်။ ဒီအပင်ဟာ တန်ခူးလ မဟုတ်ပါပဲ ပိတောက်ပန်းတွေ ပွင့်နေသည်မှာ အဘယ့်ကြောင့်နည်း?။
ESTÁS LEYENDO
❝ ကြာပွင့်ဖြူ ဒဏ္ဍာရီ ❞ (Completed)
Ficción históricaတစ်ခါတလေ အဖြူရောင်နှင်းဆီတွေကို မေ့ထားပြီး အနီရောင် တောပန်းကလေးတွေလည်း သတိရကြည့်ပါ။ မြင့်မြတ်တဲ့ အလှတရားတွေ ရှိနေတတ်တယ် This fiction that does not represent 18+ Completed!!! art by SakuraRain Art crd Warning ⤵️⤵️⤵️ Uke weak !!! Myanmar Historical...