<><><> အပိုင်း [၁၁] <><><>

556 46 0
                                    

Unicode

"တောက် . . . ချွင်ချွင် . . . ချွင်ချွင် ချွင်ချွင် တောက်"

ပန်းဖျော့ရောင် ဝတ်ဆင်ထားသော မိန်းမပျိုလေးဟာ သူမ၏ လက်သွယ်သွယ်လေးတွေဖြင့် ပတ္တလားကို တီးခတ်နေလေသည်။ သာယာနာပျော်ဖွယ်ရှိပြီး ငြိမ့်ညောင်းသော ပတ္တလားသံ၏ အဆုံးတွင် ချွင်တောက်သံကိုပါ ကြားရပေတော့ သုမန မင်းကြီးမှာ အလွန်ပင်သဘောကျသွားဟန်ရှိသည်။

နန်းတော်တွင်းထဲက အပျိုတော်ဆောင်တွင်
သုမနဘုရင်ဟာ ညောင်းစောင်းထက်မှာ တင်ပျင်ခွေလျက် နားထောင်နေလေသည်။ ဘေးက မိန်းမပျိုနှစ်ယောက်ဟာ မဟာနှီးယပ်တောင်ကြီးတွေဖြင့် ဖြေးဖြေးသက်သာ ယပ်ခတ်ပေးနေကြသည်။

ညောင်စောင်းအောက်တွင်လည်း ကြက်ပေါင်ကြော်နှင့် သေရည်ဗန်းကို ကိုင်ဆောင်ထားသော မိန်းမပျိူလေးဟာ ဒူးထောက်၍ မင်းကြီးရှေ့မှာ ခစားနေလေသည်။ နောက်ထပ် မိန်းမပျိုတစ်ဦးကလည်း သူ့ရှေ့မှောက်မှာ လက်သုတ်တစ်ထည်ကို လင်ဗန်းတွင် တရိုတသေ ကိုင်ဆောင်ထားသေးသည်။

ဖဲပဝါအနီရောင် အစကို လက်နှစ်ဖက်တွင် သေချာနှောင်ဖွဲ့စွာ စည်းထားပြီး သွယ်လျသော လက်တွေဟာ တီးခတ်နေသော သံစဥ်တွင် နှစ်မျော၍ အဆစ်အချိုးလှပစွာဖြင့် ကချိုးဆင်နေလေသည်။

ခြေချိုးခြေကွေး လှပစွာ ကခုန်နေသည်မှာ တာဝင်္တိံသာ နတ်သမီးလေး ဆင်းသက်လာသည့် အလား လှပစွာ ရှိနေလေသည်။ နူးညံ့သော မျက်နှာပြင်ထက်တွင်လည်း အပြုံးနုနုတို့ကို ဖန်ဆင်းထားပြီး ဝိဇ္ဇာဇော်ဂျီတို့ကို မျှော်လျော်ထက်သော သူယောင်မယ်လေး ပမာဖြစ်နေပြန်သေးသည်။

လေလေးဖြင့် ကလူကျီစယ်လျက် ရှိနေသည်မှာ သေရည်လေးကို ငုံလိုက်ဖြင့် သဘောခွေ့နေသည်။ ကြက်ပေါင်ကြော်ကိုလည်း အားပါးတရ ကိုက်စားနေပြန်သေးသည်။

သုမန မင်းကြီးဟာ ဘေးနားမှာ ထားရှိသော ပန်းကုံးလေးကို ယူ၍ ကခုန်နေသော မိန်းမပျိုလေးအား အနားခေါ်၍ လည်ပင်းအား စွပ်ပေးလိုက်သည်။ မွှေးပျံ့နေသော ရနံ့တို့ဖြင့်လည်း ထိုမိန်းမပျိုကို တစ်ချက် ဖြန်းလိုက်သေးသည်။

❝ ကြာပွင့်ဖြူ ဒဏ္ဍာရီ ❞ (Completed)Tempat cerita menjadi hidup. Temukan sekarang