<><><> အပိုင်း [၂၁] <><><>

509 38 0
                                    

Unicode

ထိန်ထိန်သာနေသော လရောင်လေးဟာ ပြတင်းပေါက်မှ တစ်ဆင့် သူ၏ မျက်နှာလေးထက်သို့ ကျရောက်နေသည်။ လေနုအေးလေးတွေကြောင့် ဖြန့်ချထားသော ဆံနွယ်တွေဟာ ခပ်ဖြေးဖြေးလွင့်ခါနေသည်။ အလျှံငြီးတောက်လောင်နေတဲ့ ဆီမီးအိမ်လေးဟာလည်း မှောင်မိုက်နေသော အခန်းတွင်းလေးကိုတော့ လင်းစေပါသည်။

သို့သော် သျှိသျှားညိုမှာ အခန်းတွင်းထဲ မနေချင်၍ ပြတင်းပေါက်ဘေးနားတွင် ဆံနွယ်တွေကို ဖြန့်ရင်း ထိုင်နေသည်။ အတွေးတွေဟာလည်း တောင်ရောက်လိုက် မြောက်ရောက်လိုက်နှင့် စိတ်ရှုပ်ထွေးစွာ ရှိနေပါသည်။

သူ၏ မငြိမ်မသက် ဖြစ်နေသော စိတ်အဟုန်ကိုပြတင်းပေါက်မှ နန်းတွင်း၏ အပေါ်ထပ်ကနေမြင်နေရသော ဝင်္ကဝရမြို့တော်ကြီး။

ထိုမြို့နှင့် ဆန့်ကျင်ဘက် တောင်အရပ်က လှမ်းမြင်နေရသော ဝရတုမနတောင်စဥ်တန်းကြီးဟာလည်း ဆိတ်ဆိတ်ငြိမ်လျက်ရှိပါသည်။ မှိုင်းမှုန်ဝေးဝါးစွာ နေမိပြန်တော့လည်း မငြိမ်မသက်ဖြစ်နေသော စိတ်ကိုသာ အပြစ်တင်ရမည်ပေ။

အခန်းတွင်းမှာ ထွန်းညှိထားတဲ့ အမွှေးတိုင်ရဲ့ ရနံ့ဟာ တစ်ချက်တစ်ချက် လေသင့်ရင် သင့်လာသလို နှာခေါင်းထက်မှာ မွှေးရနံ့ကို ခံစားမိစေသည်။ သနပ်ခါးရနံ့ . . . မဟုတ်သေးဘူး၊ သနပ်ခါးနှင့် စံပယ်ရောလျက် ရနံ့ကလေးဖြစ်သည်။

အတွေးတွေမှာ တောင်စဥ်ရေမရ ဖြစ်ရပါသည်။ မည်သည်ကို စိုးရိမ်စိတ်ပူနေသလိုလိုပင်။

ရုတ်တရက် သူ၏ မျက်ဝန်းကြည်တွေကို လက်လေးသေးသေးလေးနှင့် လာပိတ်သည်ကို ခံစားမိရသည်။ လန့်သွားမိရသည့် သျှိသျှားညိုမှာ အေးစက်စက် လေထုအောက်မှာ ပိုပြီး ပူပန်ရပါသည်။

ဒီနေ့မနက်ကမှ နန်းတော်တွင်းကို ရောက်သည့် သျှိသျှားညိုအတွက် ခင်မင်သည့် သူမှာ အထိန်းတော် သုဇာတာမှ လွဲ၍ မည်သူနဲ့မျှ မသိသေး၊ မခင်မင်သေးပါချေ။

"ခစ်ခစ် ယန့်တွားတယား"
(ခစ်ခစ် လန့်သွားသလား)

မပီကလာ ပီကလာ အသံလေး​ကို သေချာနားစိုက်ထောင်ရသော သျှိသျှားညိုမှာ အံ့သြရပါသည်။ နက်မှောင်သော ဆံပင်လိမ်ကောက်ကောက်လေးတွေနဲ့ ကလေးလေးဟာ ချစ်စရာ ကောင်းလှပါသည်။

❝ ကြာပွင့်ဖြူ ဒဏ္ဍာရီ ❞ (Completed)Tempat cerita menjadi hidup. Temukan sekarang