Uni
မြင်းခွာသံလေးဟာ ပျဥ်ထောင်အိမ်လေးတစ်လုံးရှေ့တွင် ရပ်တန့်လိုက်သည်။ မနေ့ညက ပင်ပန်းမှုကြောင့် သျှိသျှားညို၏ စိတ်တွေ ထိုင်းမှိုင်းနေသည်။ မလှုပ်ချင်လောက်အောင် ပင်ပန်းနေသည်။
"ပင်ပန်းနေပြီလား သျှိသျှားညို"
ဘေးကနေ အတူထိုင်လိုက်လာသည့် မြို့စားမင်းဟာ ပြုံးလျှက်ပင် သျှိသျှားညိုအား မေးလာလေသည်။ သျှိသျှားညိုလည်း နွမ်းနယ်နေသည့် ခန္ဓာကိုယ်အား အသာမတ်လိုက်ပြီး မြို့စားမင်း အမေးကို မဖြေဘဲ မြင်းလှည်းပေါ်မှ ဆင်းလိုက်လေသည်။
မြို့စားမင်းလည်း သျှိသျှားညိုရဲ့ နောက်ကို ကပ်လျက်လိုက်သွားလေသည်။ သျှောင်ကို ဟန်ပါပါ ပြန်ပြင်ထုံးလိုက်သည့် မြို့စားမင်းဟာ သူနေသည့် အိမ်ဧည့်ခန်းတွင် သျှိသျှားညိုအား ထိုင်စေသည်။
"ကဲ မင်းက ဒီအိမ်မှာ နေရမယ် . . . ဆိုတော့ မင်းကို လူတစ်ဦးကို အသပြာ ၅၀ နှုန်းထားပေးမယ် . . . ၁၀ ဦးပြည့်လျှင် အသပြာ ၁၀၀ ငါ့ကို ပေးရမယ် ဘယ်နှယ့်ရှိစ"
"ဟုတ် . . . ဟုတ်ကဲ့ လက်ခံပါတယ်"
လက်မခံချင်လည်း လက်ခံရမည့် သူ့အဖြစ် မဟုတ်လားလေ။ သူအရမ်းကို ပင်ပန်းနေပါပြီ။ ဟိုး ပြာလွင်လွင်မိုးကောင်ကင်ကြီးထဲမှာ ရှိသည့် ဖြူလွှလွှတိမ်ငွေ့ဖြူ တွေလို တစ်ခါလောက်တော့ သူပေါ့ပါးပြီး လေနှင်ရာအရပ်ဆီသို့ ရုန်းထွက်ချင်မိပါရဲ့။
ပုရိသတို့ ကိုင်တွယ်ထိတွေ့ထားတဲ့ သူ၏ ခန္ဓာကိုယ်ကို သူရွံရှာစက်စုပ်မိနေပါသည်။ ဒီအလုပ်ဟာ မကောင်းတဲ့ အလုပ်ပဲဆိုဆို၊ ယောကျာ်းတန်မဲ့ အလွယ်လမ်းကို လိုက်သည်ပဲ ဆိုဆို ဒီအလုပ်ကို သူ မပျော်မွေ့ပေ။
သို့သော် . . .
သို့သော် . . .
သို့သော် . . .
သမုဒ္ဒရာ ဝမ်းတစ်ထွာ ဆိုသလို သူ၏ မိသားစုရဲ့ စားဝတ်နေရေးကလည်း ရှိသေးသည်။ မိခင်ကို နဂိုလို ကျန်းမာပျော်ရွှင်စေချင်တာ သူ၏ ပကာသန ကင်းတဲ့ စိတ်ဆန္ဒပင်။ ညီမလေးကိုလည်း ပညာတတ်ကြီး ဖြစ်စေချင်တာလည်း သူ့ဆန္ဒတွေထဲက တစ်ခုပင်။
YOU ARE READING
❝ ကြာပွင့်ဖြူ ဒဏ္ဍာရီ ❞ (Completed)
Historical Fictionတစ်ခါတလေ အဖြူရောင်နှင်းဆီတွေကို မေ့ထားပြီး အနီရောင် တောပန်းကလေးတွေလည်း သတိရကြည့်ပါ။ မြင့်မြတ်တဲ့ အလှတရားတွေ ရှိနေတတ်တယ် This fiction that does not represent 18+ Completed!!! *Photo Cover Crd* Warning ⤵️⤵️⤵️ Uke weak !!! Myanmar Historical !!! Time...