Uni
"မင်းသားငယ် ဓရကျော်စွာရဲ့ မွေးနေ့မင်္ဂလာ အချိန်ရက်မြတ် ကျရောက်ပြီမို့ ညီလာခံအတွင်းကို သုမန ရှင်ဘုရင်မင်းမြတ်အား လှိုက်လှဲစွာ ဖိတ်ခေါ်သမှုဖြင့် လျှောက်ထားအပ်ပါသည်ဘုရား"
စက္ကပုဏ္ဏားရဲ့ လျှောက်တင်မှုအပြီးတွင် မောင်းသံ၊ စည်တော်သံ၊ နှဲသံတွေနှင့် တီးခတ်ပြီး မင်းကြီးကို ကြိုဆိုကြသည်။ ညီလာခံ အဆောင်သို့သွားရာ လမ်းတစ်လျှောက်တွင်လည်း နီနီရဲရဲ သွေးတွေဖြင့် ပက်ပျန်းထားသကဲ့သို့ နှင်းဆီပွင့်ဖက်တွေဖြင့် ဖြန့်ခင်းထားလေသည်။
ထုံသင်းသင်းရနံ့လေးနှင့်အတူ သာယာစွာ တီးခတ်နေတဲ့ ဂီတသံလေးတွေဟာ ပနံသင့်လှပေသည်။ နွေးထွေးလှသော မနက်ခင်းရဲ့ နေရောင်ခြည်နှင့် ရာသီဥတုသာယာမှုကြောင့် သက်တောင့်သက်သာ ရှိလှသည်။
ညီလာခံတွင်လည်း ဒေါင်းသက်အလင်္ကာတို့ သူငယ်ချင်းသုံးယောက်သားလည်း ဘေးနားတွင် ရှိနေကြသည်။ သုံးယောက်အတူတော့ မရှိကြ။ အဘယ့်ကြောင့်ဆို ဧကကျော်စွာမှာ ဒီပဉ္စသုမနတိုင်းရဲ့ အရေးပါတဲ့ မင်းညီမင်းသား ဖြစ်သည့်အလျောက် သူ၏ ဖခင်နှင့် အနီးဆုံးတွင် ထိုင်ရသောကြောင့်ပင်။
နှုတ်ခမ်းကိုဟန်ပါပါ ကော့ညွှတ်လျက် ပြုံးပြလာသော မင်းသမီးလေး စံထိပ်ထားကို ဒေါင်းသက်အလင်္ကာမှာ မျက်နှာထားတည်တည်ဖြင့် ပြန်လည် မပြုံးပြမိပဲ ခေါင်းသာ
ညိမ့်ပြလိုက်မိသည်။ဘယ်လို မျက်နှာထား ဖြစ်သွားမလဲ၊ သူမတွေးမိပါချေ။ သူ၏ နှလုံးသားလေးဟာ 'သျှိသျှားညို' ဆိုသော ယောကျာ်းပျိုလေးကို အပိုင်
ပ,စားပေးထားသည် မဟုတ်လား။ မိန်းမငယ်ဘက်က ဖွင့်မပြောသော်လည်း သူလည်း ယောကျာ်းလေးဖြစ်သော်လည်း မိန်းမငယ်တစ်ယောက်က သူ့အပေါ်ထားသည့် စိတ်ကို သူရိပ်မိပါ၏။သို့ပေသည့် မဖြစ်နိုင်ဘူး ဆိုသည်ထက် မသေချာ မရေရာ သူမဖြစ်ချင်ပါချေ။ မိန်းကလေးတစ်ယောက်ကို သူမလှည့်စားချင်ပါ။ မင်းသမီးဖြစ်သည့် အလျောက် ထိုသူမဟာ လှပချောမောသည်ကိုတော့ ဝန်ခံရမည်။
သို့သော် ထိုအလှကို သူစိတ်မဝင်စား။ မည်မျှပင် မည်သူတွေ မည်မျှ ချောမောနေပါစေ။ သူ၏ ရင်ထဲတွင် တစ်ဦးတည်းသာ ရှိပါသည်။ ထိုသူဟာ သျှိသျှားညို ပင် မဟုတ်လား။
BẠN ĐANG ĐỌC
❝ ကြာပွင့်ဖြူ ဒဏ္ဍာရီ ❞ (Completed)
Tiểu thuyết Lịch sửတစ်ခါတလေ အဖြူရောင်နှင်းဆီတွေကို မေ့ထားပြီး အနီရောင် တောပန်းကလေးတွေလည်း သတိရကြည့်ပါ။ မြင့်မြတ်တဲ့ အလှတရားတွေ ရှိနေတတ်တယ် This fiction that does not represent 18+ Completed!!! art by SakuraRain Art crd Warning ⤵️⤵️⤵️ Uke weak !!! Myanmar Historical...