<><><> အပိုင်း [၂၇] <><><>

476 31 2
                                    

Unicode

ရော်ရွက်ဝါတို့သာ ကျန်ရှိတော့လေသော လက်ပံပင်ကြီး၏ အောက်တွင် ဒေါင်းသက်အလင်္ကာသည် ချစ်ရသူ သျှိသျှားညိုအား လာမလားဟူသော မျှော်လင့်ချက် ရောင်ခြည်ကလေးဖြင့် ထိုင်စောင့်နေမိသည်။ ခပ်လေးလေး ခေါင်းငြိမ့်ပြနေသော မနေ့က သူ၏ ပုံရိပ်ကလေးကို တွေးမိလေတော့ လှိုက်ခနဲ ပျော်နေမိသည်။

စိမ်းမြမြ မြက်ခင်းပြင်ပေါ်တွင် စိတ်ရှည်စွာဖြင့် စောင့်ဆိုင်းနေမိသည်။ ဖြိုးဖျဖျကောင်းကင်ကြီးဆီကနေ နေရောင်ခြည်လေးသည် အဝါရောင် လက်ပံရွက်လေးတွေ ကြားထဲကနေ အလင်္ကာ၏ မျက်ခွက်ကို လာ၍ အရောင်က ထောက်နေလေသည်။

လေတစ်ချက်အဝေ့တွင် ဝါကျင့်ကျင့် လက်ပံရွက်လေးဟာ သူ့ဦးခေါင်းထက်ဆီကို လာကျရောက်နေသောကြောင့် ခေါင်းတစ်ချက် ရမ်းလိုက်မိသည်။ ရမ်းလိုက်သည်နှင့် တစ်ပြိုင်နက်ထဲပင် အရွက်လေးဟာ မြက်ခင်းပြင်ပေါ်တွင် သက်ဆင်းသွားချေပြီ။

နေရောင်မှာ တအား စူးလာသောကြောင့် မျက်လုံးကို ဆက်ခနဲ ပိတ်လိုက်မိသည်။ မျက်ခွံနှစ်ဖက်ကို ပြန်လည်ဖွင့်လိုက်သော် လေအဝှေ့မှာ လျှောက်လမ်းလာနေသည့် ဖြူလွှလွှသူရဲ့ ပုံရိပ်ကလေးပင်။

မျက်နှာထက်တွင် အပြုံးပန်းတို့ ဝေဆာလာလေပြီ။ သူပြောခဲ့သည့်အတိုင်း သျှားညိုဟာ တကယ်ပဲ လာတာတဲ့လား။ သိပ်ကို ဝမ်းမြောက်မိပါသည်။ ဒါဟာ သူနှင့် ပထမဆုံး တွေ့ဆုံရန် ချိန်းဆိုခြင်းပေ။ ကံကောင်းခြင်းပေပဲလား ဒါမှ မဟုတ် ကံကြမ္မာကပဲ မျက်နှာသာ ပေးခြင်းပေပဲလား။

"နေရောင်အောက်က နေရတာ မပူဘူးလား"

မျက်ရည်ကြည်ကြည်လေးတွေ ကျချင်နေ
သည့် မျက်ဝန်းလေးသည် သစ်ရွက်တွေကြားက ထိုးကျနေတဲ့ နေရောင်လေးကြောင့်ပေပဲလား၊ မူလနဂိုရှိသည့် အသားအရေကြောင့်ပဲလား မသိ မျက်နှာလေးမှာ သန့်ရှင်းပြီး ကြည်လဲ့နေသည်။

"ဟင် . . . မပူဘူးလား"

ဆိတ်ဆိတ်ငေးနေသည့် အလင်္ကာ့ကို သျှိသျှားညိုမှာ နောက်တစ်ခေါက်ပြန်မေးယူရသည်။

"ပူပေမယ့်လည်း စိတ်ရှည်ရှည်နဲ့ စောင့်ပေးရမှာ ကိုယ့်အလုပ်ပဲလေ"

❝ ကြာပွင့်ဖြူ ဒဏ္ဍာရီ ❞ (Completed)Where stories live. Discover now