<><><> အပိုင်း [၁၀] <><><>

700 50 2
                                    

Unicode

စဝ်ခေါင်နီလည်း သူ့ရှေ့က အလွန်ချောမောလှသည့် ကောင်ငယ်လေးကို မနာလိုဖြစ်မိသည်။ မိန်းမတစ်ယောက်ထက်ကိုပင် ထိုကောင်လေးဟာ ချောစရာ လိုလေသလား။ သွားတာက အစ သိမ်မွေ့ပြီး စကား​အပြောက အဆုံး ယောကျာ်းဟန်ပီပီ ဒေါမောဖြင့် မဟုတ်ပဲ နူးညံ့နေတာမျိုးပင်။

"ကောင်းပြီ သျှိသျှားညို ဒေါ်နန်းရေ သူနေရမည့် အခန်းကို လိုက်ပြပေးလိုက်ပါအုံး"

"ဗျာ . . . ကျုပ်က ဒီမှာ နေရမှာလား"

"ဟုတ်တယ် မင်းဒီမှာ နေရမယ် . . . အိမ်ပြန်ချင်တယ်ဆိုရင်တော့ စနေနေ့ တစ်ရက်ပဲ ပြန်ခွင့်ပြုတယ် နောက်တော့ မင်းဒါတွေ သိလာမှာပါ ကဲပါ စည်းကမ်းတွေ အားလုံးကို
ဒေါ်နန်းမြင့် အကုန်ပြောပြပေးလိမ့်မယ်"

"ဟုတ်ကဲ့"

ကိုယ်ဟာ သူ့ရဲ့ အလုပ်သမားဖြစ်နေပြီ မလား။ ထားရာနေ စေရာသွားပဲလေ။ အမေနှင့် ညီမလေးအတွက်တော့ သူဒီလောက်တော့ လုပ်ရလိမ့်မည်။ ငွေရဖို့အတွက် သူ ဘာပဲ လုပ်ရလုပ်ရ လုပ်ရမည်သာ။

ဒေါ်နန်းမြင့်၏ နောက်သို့ လိုက်သွားမိတော့
ပျဥ်ထောင်အိမ်ကြီးရဲ့ အနောက်ဘက် မြေဝိုင်းလေးထဲတွင် အလုပ်သမားတွေ အတွက်ဟု ထင်ရသော ထရံကာ အိမ်အသေးလေးဆီကို ခေါ်သွားလေသည်။ အိမ်လေးရဲ့ ရှေ့မှာ နှစ်တွေကြာပြီဟု ထင်ရသော ပိတောက်ပင်အိုကြီးပင်။

ပိတောက်ပင်ကြီးကို ပတ်ပတ်လည်၍ ခုံအဝိုင်းကြီးတွေဖြင့် ဆောက်ထားလေသည်။ ဘေးပတ်ဝန်းကျင်တွင်လည်း မည်သည့် အမှိုက်မျှမရှိ အားလုံးရှင်းလင်းနေသည်။

"သခင်မကြီးရဲ့ နာမည်ရင်းက နီနီတဲ့လေ"

ဒေါ်နန်းမြင့်က ပိတောက်ပင်ကြီးအောက်မှာ ခဏရပ်၍ သူ့ဘက်ကို လှည့်၍ ပြောနေလေသည်။ သူလည်း ဘာစကားမျှ မဆိုပဲ တိတ်၍ နားထောင်ပေးလိုက်သည်။ အသိအမှတ်ပြုသလို ခေါင်းတစ်ချက် ဆက်ပြမှ သူက ဆက်ပြောလေသည်။

"တစ်နေ့ သူ့အမေက ရှမ်းပြည်ကို အကြောင်းကိစ္စနဲ့ ခေါ်သွားတော့ ရှမ်းစော်ဘွားမျိုးနွယ်ထဲက ခေါင်ဆိုင် ဆိုတဲ့ အမျိုးသားတစ်ယောက်နဲ့ ငြိသွားတယ်လေ၊ သုံးနှစ်လောက်ကြာတော့ မိဘတွေကို ဖွင့်ပြောပြီး လက်ဆက်လိုက်ကြတယ် . . . နောက်ပိုင်း ခေါင်ဆိုင်ဟာ အကြောင်းအရင်းမရှိပါပဲ အိမ်ဦးခန်းက ထုပ်တန်းမှာ ဆွဲကြိုးချသေသွားတယ် . . . အဲ့ဒီအချိန်က စပြီး သခင်မကြီးက နီနီကနေ ရှမ်းနာမည်ပါတဲ့ စဝ်ခေါင်နီဆိုပြီး ပြောင်းလိုက်တော့တယ်"

❝ ကြာပွင့်ဖြူ ဒဏ္ဍာရီ ❞ (Completed)Where stories live. Discover now