<><><> {ဇာတ်သိမ်းပိုင်း} <><><>

2.2K 56 2
                                    

Unicode

နွမ်းလျနေသော ခန္ဓာကိုယ်ဟာ နာကျင်ကိုက်ခဲလို့ နေလေသည်။ မျက်လုံးများဟာလည်း ဖွင့်လို့မရသည်ဟု ထင်ရလောက်အောင် ကိုက်ခဲ၍ နာနေပေသည်။ ဦးနှောက်သည်လည်း သိပ်ပြီး လှုံ့ဆော်မှုမပေး။

အလင်္ကာဟာ သူနှင့် အတူတူသေပွဲဝင်ခဲ့သည့်ပုံတွေ။ နောက်ဆုံးအချိန်မှာတောင် စူးစူးနစ်နစ်ပေးဆပ်ချစ်ခဲ့သည့် ပုံတွေကိုလည်း မျက်ဝါးထင်ထင်ပြန်လည် ပုံဖော်ပေးနေသည်။

ကုတင်ပေါ်တွင် မွေ့ယာဖြူလွှလွှကလေးပေါ်က ဆံနွယ်ရှည်တွေ ပိုင်ဆိုင်ထားသည့် လူသားကလေးဟာ ဆိတ်ငြိမ်လျက်ရှိသည်။ အတန်ငယ်ကြာတော့ ညာဘက်လက်က လက်ညိုးကလေးဟာ မွေ့ယာပေါ်တွင် လှုပ်လျက်ရှိလာသည်။

ထိုအချင်းအရာကို မြင်တဲ့ အလင်္ကာဟာ ပါးပြင်ပေါ်က မျက်ရည်တွေကို သုတ်လိုက်ပြီး ပျာယာခတ်လျက် ဝမ်းသာနေဟန်ရှိသည်။ ပျော်လိုက်တာ သျှားညိုရယ်။ မောင်လေ မင်းနှိုးလာမလား ဆိုပြီး စောင့်နေလိုက်တာ ဒီနေ့နဲ့ဆို ၆ လ တင်းတင်းပြည့်ခဲ့ပြီ။ အထွေအထူး ဘာရောဂါလဲဆိုတာ မသိရဘဲ ကိုမာ ဝင်သည်ဆိုတာပဲ သိခဲ့ရတာ မောင့်သျှားရယ့်။

အခုဆိုလေ မင်းပြန်လာပေးခဲ့တာ မောင့်မျှော်လင့်ချက်တွေ ပြန်လည်ရောင်နီသန်းလာခဲ့လေပြီ။

ပက်လက်ကလေး ဖြစ်နေရှာသော သျှိသျှားညို၏ မှိတ်ထားသော မျက်ခွံအောက်တွင် မျက်ရည်ကလေး တစ်ပေါက် ကျဆင်းလာသည်။ မျက်စပ်ထောင့်က မှဲ့နက်စင်းကြောင်းကလေးမှ တစ်ဆင့် အဖြူရောင်ခေါင်းအုံးကလေး ထက်တွင် သက်ဆင်းသွားသည်။

အနည်းငယ် ပွယောင်းချင်သလို ဖြစ်နေသော နားသယ်စပ်က ဆံနွယ်လေးကို အလင်္ကာ့လက်ချောင်းများဖြင့် သပ်တင်ပေးလိုက်သည်။ မျက်ခုံးများ စုကျုံ့သွားသော သျှိသျှားညိုမှာ တဖြေးဖြေး ပြန်လည်သတိရလာသည်။

မူးနောက်နေသော ဦးခေါင်းကို လက်ကလေး အသာမ၍ ဖိနှိပ်ဖို့ရန် လုပ်သော်လည်း အားမရှိသော ခန္ဓာကိုယ်ကြောင့် ပါမလာချေ။ ယခုလို ပြုမူနေသော်လည်း မျက်လုံးများက ပွင့်မလာသေး။

တဖြေးဖြေး အားယူပြီး မျက်လုံးဖွင့်လိုက်တော့ သူ့ကို ငုံ့ကြည့်နေသော လူတစ်ယောက်၏ ဝေဝေဝါးဝါးပုံရိပ်။

❝ ကြာပွင့်ဖြူ ဒဏ္ဍာရီ ❞ (Completed)Hikayelerin yaşadığı yer. Şimdi keşfedin