<><><> အပိုင်း [၂၅] <><><>

559 32 0
                                    

Unicode

ဝေလီဝေလင်း အချိန် မနက်ခင်းစောစော ပိုင်းတွင် နေရောင်ကလည်း သိပ်မကျရောက်သေးဘဲ အနည်းငယ်တော့ မှောင်နေလေသည်။ သျှိသျှားညိုလည်း ကြာကန်ဘေးတွင် ငုတ်တုပ်ထိုင်ရင်း သူ၏ လက်သေးသေးလေးတွေဖြင့် ကန်ထဲက ရေကို ခပ်၍ မျက်နှာသစ်နေလေသည်။

ထိုင်နေသော သစ်သားပြားပေါ်တွင် ရေကြည်ကြည်လေးတွေဖြင့် ဆော့ကစားရသည်ကို သိပ်သဘောကျသည်။ ရေကို လက်သေးသေးဖြင့် ခပ်၍ အကြိမ်မရေတွက်နိုင်လောက်အောင် သစ်နေသော်ငြား ရေတွေဟာ သူ၏ အင်္ကျီတွေကို စိုကုန်ပြီဖြစ်သည်။

ထို့အတွက်ကြောင့် စိုလက်စနှင့် မထူးတော့ပြီမို့ ကြာကန်ထဲကို ဆင်း၍ ရေချိုးလိုက်ပါတော့သည်။ ကြာရနံ့ခပ်သင်းသင်းတို့ဟာ သူတို့နေထိုင်သည့် တဲအိမ်တစ်ခွင် ပတ်ပတ်လည်တွင်ပျံ့နှံ့နေပေသည်။

အပွင့်ခပ်ကြီးကြီး ပဒုမ္မာကြာပန်းပွင့်ကြီး၏ ရှေ့တွင် လက်ဖြင့် ရိုးတံကနေ ချိုးချလိုက်သည်။ နောက်ပြီး ရိုးတံကို တိုအောင် ပြန်လည်ချိုးယူလိုက်ပြီး ဘေးနားက တွေ့ရသည့် ခပ်ဖားဖား အရွက်ကြီးတစ်ရွက်ထဲတွင် ထည့်လိုက်ပြီး ကုန်းပေါ်က သစ်သားပြားပေါ်တင်လိုက်သည်။ ပြီးရင် သူ့မိခင် ဒေါ်နန်းညိုအား ပေးဖို့ပင်။

"သားရယ် မျက်နှာသစ်နေတာ ကြာလှပေါ့လား"

အိမ်နောက်ဖေးက တမာပင်အောက်၌ ဓားသွေးကျောက်ပေါ်တွင် ဓားတင်၍ သွေးနေသော သူ၏ ဖခင် ဦးမင်းနောင်မှာ အသံခပ်ကျယ်ကျယ်ဖြင့် သူ့အား ဆူပူနေသည်။

"မဟုတ်ဘူး ဖေဖေ . . . သားရေချိုးနေတာပါ"

"မြန်မြန်ချိုးတော့ တော်ကြာ ရေနစ်နေပါ့မယ်။ ပြီးရင် လူက နှာတရှုံ့ရှုံ့နဲ့"

"ကိုမင်းနောင် တော်ကလည်း သားကို အဲ့လိုထိတော့ မပြောပါနဲ့ရှင် ရေနစ်ရအောင်ကလည်း ကြာကန်က ကျုပ်တို့ ဒူးဆစ်လောက်ပဲရှိတာပါလေ"

"ဟ ငါတို့ ဒူးဆစ်ဆို မင့်သား ပေါင်လောက်ရောက်နေပြီလေ"

ကြာကန်က ရေသည် လူကြီးတွေဆိုလျှင် ဒူးဆစ်လောက်သာ ရှိမည်။ သူလို ၇ နှစ်အရွယ်တွေလောက်ဆိုလျှင် ပေါင်လောက်တော့ ရှိလောက်ပါသည်။ တစ်ကိုယ်လုံးကို တဘတ်အပြဲလေးနှင့် သုတ်ပေးနေသော မာတာမိခင်ကို ကြာရွက်လေးနှင့် ထည့်ထားသော ပဒုမ္မာကြာပန်းပွင့်အား ပေးလိုက်သည်။

❝ ကြာပွင့်ဖြူ ဒဏ္ဍာရီ ❞ (Completed)حيث تعيش القصص. اكتشف الآن