နန်နီလိ၏ သနားစရာကောင်းသော အသွင်အပြင်ကို သူမမြင်လိုက်ရသောအခါ မို့ရွှီတုန်း ၏ အမူအရာမှာ အေးစက်သွားသည်။
"အဘွား ၊ တုန်းအာ က မြို့တော်ကို သွားရတော့မယ်။ အဘွားကို တုန်းအာ အရမ်းလွမ်းနေတော့မှာပဲ ။ ဒါမှမဟုတ် အဘွား တုန်းအာနဲ့အတူတူ မြို့တော်ကိုလိုက်ခဲ့မလား ။တုန်းအာ အဘွားကို သေချာဂရုစိုက်မှာပါ"
နန်နီလီနှင့် ဆက်ဆံပြီးနောက် မိုရွှီတုန်းသည် သခင်မကြီးချင်းအား လှည့်ကြည့်ရင်း ချစ်စဖွယ်ပြောလိုက်သည်။ သူမသည် သခင်မချင်း၏ လက်များကိုဆွဲကာ လွှတ်ရန် ဆိုင့်ငံနေပုံပေါ်သည်။
ဒါက သခင်မချင်းရဲ့ စိတ်သဘောထားကို အလွန်ပျော့ညံသွားစေပါတယ်။ အစောပိုင်းက မို့ရွှီတုန်း၏ မယဉ်ကျေးသောအပြုအမူများအတွက် သူမသည် မပျော်မရွှင်ဖြစ်ခဲ့ရသော်လည်း အခုတော့ အဆင်ပြေသွားခဲ့သည်။
"ကောင်းပြီ သမီးလေးက ခဏနေ မြို့တော်ကို သွားရတော့မှာပဲ့ ၊ အဘွားက သမီးဆီကို လာလည်မှာပါ " သခင်မချင်းက ဝမ်းသာအားရ ရယ်မောရင်း ပြောလေသည်။
"ဒါဆို အဘွား မြန်မြန်လာရမယ်နော်၊ တုန်းအာ အဘွားကိုစောင့်နေပါ့မယ်....."
မို့ရွှီတုန်း၏ မျက်နှာပေါ်တွင် တွေးတောစရာ အကြည့်တစ်ခု ပေါ်လာပြီး သူမ၏မျက်နှာပေါ်တွင် မျက်ရည်များ စီးကျလာသည်။
သူမ၏ လှပသောမျက်လုံးများဖြင့် သခင်မချင်းအား တောင့်တစွာ ကြည့်နေခဲ့သည်။
"ကောင်းပြီ၊ ငါ မြို့တော်ကို တတ်နိုင်သမျှ မြန်မြန်လာခဲ့မယ်နော်... မြေးလေးက အရမ်းနာခံပြီး ဒီအဘွားအိုကြီးကိုစောင့်နေတာ ငါ့စိတ်တွေ ဘယ်လိုသာယာနိုင်တော့မလဲ"
သခင်မချင်းသည် မို့ရွှီတုန်းအား ဖြေင်းဖြပြောဆိုခဲ့သည် ။ ထို့အပြင်၊ သူမ၏ဘေးနားရှိ နို့ထိန်းအစေခံများသည် မြို့တော်သို့သွားခြင်း၏ အကျိုးကျေးဇူးများအကြောင်း သူမကို ဆက်လက်ပြောပြပြီး သူမမြင်သမျှမှာ မို့ရွှီတုန်း ၏ နာခံမှုရှိသောပုံစံပင်ဖြစ်သည်။
သခင်မချင်းသည် အတိတ်၏ အဆင်မပြေမှုအားလုံးကို မေ့သွားခဲ့ပြီး သူမခံစားရသမျှသည် မို့ရွှီတုန်း ကို ချစ်ခင်မြတ်နိုးသည့် စိတ်များသာထွက်ပေါ်လာခဲ့သည် ။
![](https://img.wattpad.com/cover/307415474-288-k179660.jpg)
YOU ARE READING
စွဲမက်ဖွယ်ကောင်းသော မိန်းမပျိုလေးအဖြစ် ပြန်လည်မွေးဖွားခြင်း
Action( Unicode Ver) သူမသည် ယခင်ဘဝက ရုပ်ပျက်ဆင်းပျက်ဖြစ်ပြီး သူမ၏ မိခင်သည် မတရားသဖြင့်သေဆုံးသွားခဲ့သည် ။ အဆိပ်ဝိုင်တစ်ခွက်က သူမကိုသတ်ဖို့မလုံလောက်တော့ တောက်လောက်တဲ့ မီးထဲ ထိုးချသေဆုံးခဲ့ရသည် ။ သူမတွင် နောက်ဘဝတစ်ခုသာ ရရှိခဲ့လျှင် သူမသည် သူမ၏ သမိုင်းကိုပြေ...