သူက ကြိုက်လွန်းလို့ ဖျက်ဆီးတယ်တဲ့လား ။ ဒါက သူ့ကို နာကျင်စေတယ်လေ ။ လွန်ကဲစွာနှစ်သက်တတ်သော လူသည် မုန်းတီးမှု နှင့် နောင်တမရှိသူ မည်သို့ဖြစ်နိုင်သနည်း...
မို့ရွှီတုန်း၏နှလုံးသည် အေးခဲလာသည်။ သူမ၏ အရိုးများနှင့် သွေးများမှတဆင့် အအေးဓာတ် စိမ့်ဝင်ကာ ခြေလက်များ နှင့် သူမ၏ ခန္ဓာကိုယ် တစ်ခုလုံးကို ပျံ့နှံ့သွားသည် ။
ချင်းယွီဖန် က ဒါကို သတိမထားမိဘူး။ သူသည် ပန်းချီကားကို အလွန်နှစ်သက်ပြီး ၎င်းကိုရရှိရန် ကြိုးပမ်းအားထုတ်မှုများစွာ ပြုလုပ်ခဲ့သည်။ မို့ရွှီတုန်းက ဒါကို ပြင်လို့ရတုန်းပဲလို့ ပြောတာကို သူကြားလိုက်ရတော့ စိတ်မလှုပ်ရှားပဲ မနေနိုင်ပေ ။
သူ့ကိုယ်သူ မထိန်းနိုင်ဘဲ မို့ရွှီတုန်း၏ အင်္ကျီများကို ဆွဲကိုင်လိုက်သည်။ သူ့နှာခေါင်းထဲတွင် သင်းပျံ့သောရနံ့တစ်ခုရောက်ရှိလာပြီး သူ့နှလုံးခုန်သံ ပြင်းပြနေသည်။ သူ့ သတိပြန်ဝင်လာပြီး ဝတ်ရုံလက်စွပ်တွေကို အမြန်လွှတ်လိုက်တယ်။
သူမ၏ လှပသော မျက်နှာလေးကို မြင်လိုက်ရသောအခါ သူ ရှက်ရွံ့စွာ မနေနိုင်တော့ပေ။ သူသည် နှစ်ယောက်ကြားက အကွာအဝေးကို အမြန်ချဲ့လိုက်သည် ။
"ဝမ်းကွဲတုန်း တောင်းပန်ပါတယ်။ ကျုပ် စိတ်လှုပ်ရှားလွန်းလို့ပါ။ မင်းမှာ ဖြေရှင်းစရာ နည်းလမ်းရှိနိုင်မယ်လို့ တွေးမီပြီး ကျုပ် မယဉ်ကျေးခဲ့တာ။ ကျုပ်ကို ခွင့်လွှတ်ပါ" ထို့နောက် သူက လေးလေးနက်နက် ဦးညွှတ်လိုက်သည်။
"ဝမ်းကွဲဖန် မင်း ဘာပြောနေတာလဲ။ မင်း ဒီပန်းချီကားကို အရမ်းကြိုက်တယ်ဆိုတာ တို့သိတယ်။ တို့က ဘာလို့ လောင်းကြေးမထပ်ရတာလဲ"
သူမ၏ မျက်လုံးများ တောက်ပလာကာ သူမ၏ မျက်နှာပေါ်တွင် ချစ်စဖွယ် အပြစ်ကင်းသော အပြုံးတစ်ခုကို သိမ်းဆည်းထားလိုက်သည်။ သူမသည် ကမ္ဘာကြီးအကြောင်း မသိနားမလည်သော နုံအသော မိန်းကလေးတစ်ဦးဟု ထင်သွားစေသည်။
ယွီဖန် အံ့အားသင့်သွားတယ်။ သူ့ဝမ်းကွဲကြောင့် သူ အတော်လေး အံ့အားသင့်သွားတယ်။ သူက ရိုင်းတယ်ထင်ရပေမယ့် ဘာမှ မလုပ်ခင်မှာ အစီအစဉ်တွေ ချခဲ့တယ်။ မို့ရွှီတုန်းကို နှုတ်ဆက်တာတောင် တော်တော်စဉ်းစားပြီးမှ သူလုပ်ခဲ့ပေမဲ့ မို့ရွှီတုန်းရဲ့ ရုတ်တရက် အကြံပြုချက်ကြောင့် သူ အံ့သြသွားတယ်။
YOU ARE READING
စွဲမက်ဖွယ်ကောင်းသော မိန်းမပျိုလေးအဖြစ် ပြန်လည်မွေးဖွားခြင်း
Action( Unicode Ver) သူမသည် ယခင်ဘဝက ရုပ်ပျက်ဆင်းပျက်ဖြစ်ပြီး သူမ၏ မိခင်သည် မတရားသဖြင့်သေဆုံးသွားခဲ့သည် ။ အဆိပ်ဝိုင်တစ်ခွက်က သူမကိုသတ်ဖို့မလုံလောက်တော့ တောက်လောက်တဲ့ မီးထဲ ထိုးချသေဆုံးခဲ့ရသည် ။ သူမတွင် နောက်ဘဝတစ်ခုသာ ရရှိခဲ့လျှင် သူမသည် သူမ၏ သမိုင်းကိုပြေ...