"ဘာဖြစ်တာလဲ?"
မို့ရွှီတုန်းက ပေါ့ပေါ့ပါးပါးပြောကာ မျက်လုံးမှိတ်ပြီး ခေါင်းအုံးကို မှီလိုက်သည်။
"ကျုပ်လည်း မသိဘူး။ လူတစ်စုက သူ့ကို ခေါ်လာကြတယ်။ မိုရီက အသံတွေကြားလို့ ကြည့်ဖို့ ထွက်သွားခဲ့တာ ။ သူက မိန်းမစိုးလေးတွေ ရောက်လာတယ်လို့ပြောတယ် ။သူတို့က သခင်ကြီးနဲ့ အဒေါ်ဖန်ကိုတောင် ခေါ်တွေ့တယ် ။ သခင်ကြီးနဲ့ လူတွေအများကြီးက အခုပဲ ဖုချင် ဥယျာဉ်ကို သွားကြပြီ"
မိုလန်သည် များစွာမသိသော်လည်း ထိုည၌ တစ်ခုခု ဖြစ်ပျက်ခဲ့သည်ကို သူမ သိသည်။ နန်းတော်ထဲမှာ ဒုက္ခရောက်ရခြင်းသည် ကြီးလေးသောကိစ္စဖြစ်သည် ။
မို့ရွှမ်မင်သည် မင်းသားချူ ၏ မျက်လုံးများကို ဖမ်းစားရန် မျှော်လင့်ခဲ့သည်။ သူမသည် သူမ၏အလှကြောင့် မင်းသားလေး၏ ဇနီးဖြစ်ချင်သည်။
သို့သော် မို့ရွှီတုန်းသည် ၎င်းတို့သည် မြင့်မြတ်သော အိပ်မက်များသာဖြစ်ကြောင်း သိခဲ့သည်။ သူမရဲ့ အတိတ်ဘဝတုန်းကလည်း မို့ရွှမ်မင် နန်းတော်ထဲကို ၀င်ခဲ့ဖူးတယ်။ သို့သော် သူမသည် မိုစံအိမ်သို့ ပြန်ရောက်သောအခါတွင် မင်းသားများ နှင့် ပတ်သတ်၍ မို့ရွှမ်မင်၏ သတင်းကို သူ မကြားခဲ့ပေ။
မို့ရွှမ်မင်၏ အဆင့်အတန်းဖြင့် မင်းသားများရဲ့ စိတ်ဝင်စားမှုကို သူမ ဘယ်လို ဆွဲဆောင်နိုင်မှာလဲ။
သူမ၏ အတိတ်ဘဝဖြစ်စေ ဤဘဝတွင်ဖြစ်စေ ထိုအရာက ပြောင်းလဲမှုမရှိပေ ။ မို့ရွှမ်မင်သည် ယနေ့ပွဲတွင် သူမ၏ ကြီးမားသောအိပ်မက်များကို အဆုံးသတ်စေလိမ့်မည်ဟု ဘယ်သောအခါမှ တွေးထင်ခဲ့မည်မဟုတ်ပါ ။
သူမ၏ အတိတ်ဘဝတွင်၊ သူမသည် ယုရန်ချန်၏နောက်သို့ နှစ်အတန်ကြာ လိုက်နေခဲ့သော်လည်း မည်သည့်ရလဒ်မျှ မရရှိခဲ့ပေ။ ဤသည်မှာ အရေးကြီးဆုံးအချက်ဖြစ်နိုင်သည်။
"မိုရီ ဘယ်မှာလဲ"
"သူမက ဖုချင်ဥယျာဥ်မှာ စောင့်ကြည့်နေမယ်လို့ စောစောက ပြောခဲ့တယ်။ နောက်မှ မမလေးကို သတင်းပို့မယ်လို့ ပြောတယ်"
YOU ARE READING
စွဲမက်ဖွယ်ကောင်းသော မိန်းမပျိုလေးအဖြစ် ပြန်လည်မွေးဖွားခြင်း
Action( Unicode Ver) သူမသည် ယခင်ဘဝက ရုပ်ပျက်ဆင်းပျက်ဖြစ်ပြီး သူမ၏ မိခင်သည် မတရားသဖြင့်သေဆုံးသွားခဲ့သည် ။ အဆိပ်ဝိုင်တစ်ခွက်က သူမကိုသတ်ဖို့မလုံလောက်တော့ တောက်လောက်တဲ့ မီးထဲ ထိုးချသေဆုံးခဲ့ရသည် ။ သူမတွင် နောက်ဘဝတစ်ခုသာ ရရှိခဲ့လျှင် သူမသည် သူမ၏ သမိုင်းကိုပြေ...