188. သူမမိခင်၏ ရုတ်တရက်သေဆုံးမှုနောက်ကွယ်မှလျှို့ဝှက်ချက်

531 42 0
                                    

အခန်းတွင်းရှိ လေထုသည် ပြင်းထန်လာခဲ့ပြီး မိုဟွာဝမ် အံ့သြသွားခဲ့သည်။  ခဏကြာတော့ သူက ပြုံးပြီးပြောတယ် "မင်းတို့အားလုံးက ငါ့ကို ဘာလို့ နောက်အိမ်ထောင်ပြုစေချင်တာလဲ ၊ မင်းတောင်မှ ဒီလိုပြောနေပြီ ။ မင်းအမေက လွန်ခဲ့တဲ့ နှစ်နှစ်လောက်ကမှ ဆုံးသွားတာ..."  သူသည် ဝိုင်ခွက်ကို မြှောက်လိုက်ကာ မော့လိုက်ပြီး သူ့အပြုံးတွင် ခါးသီးခြင်းများ ပါဝင်နေသည် ။

“ဖေဖေ ၊ မေမေက နားလည်ပေးပြီး အဖေကို အပြစ်မတင်နိုင်ပါဘူး ။ ပြီးတော့ အမေက သမီးရဲ့လက်ကို ဆုတ်ကိုင်ခဲ့ပြီး ကောင်းတဲ့မိန်းကလေးတစ်ယောက်ရှိရင် အဖေနဲ့လက်ထပ်ဖို့ ပြောခဲ့တယ်။"

သူမသည် တုန်ယင်နေသောလက်ဖြင့် စားပွဲထောင့်ကို ကိုင်ထားသည်။  ဒါဟာ သူမ နှလုံးသားထဲက နာကျင်မှုတွေကို တွန်းချနိုင်မယ့် တစ်ခုတည်းသော နည်းလမ်းတစ်ခုလိုပါပဲ။

သူ့အမေ၏ မျက်နှာဖြူဖျော့ဖျော့လေးက သူမစိတ်ထဲ ပေါ်လာခဲ့သည်။  ထိုနေ့သည် သူမအား ကောင်းကင်မှ ငရဲသို့ ပစ်ချခံခဲ့ရသောနေ့ဖြစ်သည် ။

သူ့အမေက သူ့အဖေကို နောက်ဆုံးအကြိမ်တွေ့ဖို့တောင် မစောင့်နိုင်တော့ပါဘူး။  ထိုယောက်ျားသည် မည်မျှ အကြင်နာကင်းမဲ့သည်ကို သူမခံစားခဲ့ရပြီး မစောင့်နိုင်တော့ပေ ။ သူ့အမေသည် သေခါနီးအချိန်ထိတောင် ကိုယ်လုပ်တော်ရဲ့ လှည့်စားခြင်းကိုခံနေရတုန်းပဲ။ နန်နီမင် စေလွှတ်လိုက်သော အစေခံများကိုပင် သူမအဖေက ထုတ်ပစ်ခဲ့သည်ဟု ထင်ခဲ့သည် ။

သူ့အမေ ဆုံးသွားတယ်။ ထိုနောက် ဖခင်ဖြစ်သူက ထိတ်လန့်တကြား ပြေးလာသောအခါ မို့ရွှီတုန်းသည် ကော်ရစ်တာတွင် အေးအေးဆေးဆေး ရပ်ကြည့်နေခဲ့သည်။ သူမသည် သူမည်ကဲ့သို့ တိုက်မိ၍ တံခါးထဲသို့ လဲကျသွားသည်ကို မြင်ခဲ့သည်။  သူမအဖေကိုကြည့်ရင်း သုမအဖေက "လုရှ" လို့အော်တာကို ကြားတဲ့အခါ သူမရဲ့နှလုံးသားအမုန်းတရားတွေသာ ပြည့်နှက်နေခဲ့တယ်။  အရာအားလုံးဟာ ဟာသတစ်ခုလို့ သူမ ခံစားခဲ့ရတယ်။  သူ့အမေက သေသွားခဲ့ပြီ။  သူက ဘယ်သူအတွက် သရုပ်ဆောင်ခဲ့တာလဲ။

" တုန်းအာ ၊ မင်းအမေက ဘာထပ်ပြောသေးလဲ ... " မို့ဟွာဝမ်က ခက်ခက်ခဲခဲ ပြောလိုက်သည် ။ တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားတဲ့ သူ့လက်တွေက တုန်ယင်နေခဲ့တယ်။  ဖယောင်းတိုင်မီးရောင်အောက်မှာ သူ့မျက်လုံးတွေက နက်နဲပြီး မှောင်နေတယ်။  သို့သော်လည်း သူတို့သည် ပြင်းထန်သော ဝမ်းနည်းခြင်းများဖြင့် ပြည့်နှက်နေခဲ့သည်။ သူသည် တုန်ယင်နေသောလက်များဖြင့် သူ့ဘေးနားရှိ စပျစ်ရည်ဝိုင်ကို လှမ်းကိုင်လိုက်ပြီး သူ့ကိုယ်သူအတွက် နောက်ထပ် ဝိုင်တစ်ခွက်ကို လောင်းချလိုက်သည်။ ထိုနောက် သူသည် ခွက်ကို နောက်တစ်ကြိမ် ထပ်လောင်းပြန်သည် ။

စွဲမက်ဖွယ်ကောင်းသော မိန်းမပျိုလေးအဖြစ် ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now