ထင်ဖန် နန်းတော်ရှေ့ရှိ ဇီးသီးပွင့်ဝင်းထဲတွင်...
ဧကရီသည် ယနေ့ညတွင် ပွဲစီစဉ်သူဖြစ်သည်။ တစ်ယောက်ယောက်က ထင်ဖန် နန်းတော်ရဲ့ စင်္ကြန်တွေအတိုင်း အရှေ့ဘက်ကို လျှောက်သွားတဲ့အခါ သူတို့ဟာ တောအုပ်တစ်ခုဆီကို ရောက်သွားမည်ဖြစ်သည် ။ အဲဒီတောထဲက ထွက်လာရင် ဇီးသီးပွင့်သစ်တောကို ရောက်လိမ့်မယ်။
ဧကရီနန်းတော်အနီးတွင် ဇီးသီးပန်းခင်းရှိပြီး အော်မန် ဥယျာဉ်နှင့် ပိုင်နင် ဥယျာဉ်တစ်ခုရှိသည်။ ဧကရီသည် ဤဥယျာဉ်များကို နှစ်သက်ပြီး ရာသီအမျိုးမျိုးတွင် မတူညီသော ဥယျာဉ်များ၌ ဧည့်ခံပွဲများ ပြုလုပ်လေ့ရှိသည်။ ဒါက အရမ်းစိတ်ဝင်စားဖို့ကောင်းလေသည် ။
အသီးအနှံတွေနဲ့ အအေးပန်းကန်တွေကို စီစဥ်ထားခဲ့တာ ကြာပြီဖြစ်သည် ။ မောင်းမမိဿံများသည် အချင်းချင်း နွေးထွေးညင်သာစွာ နှုတ်ဆက်ကြကာ နန်းတော်သည် ပို၍ စည်ကားလာသည် ။ မိသားစုပွဲဖြစ်ပြီး အပြင်လူမရှိတာကြောင့် အရမ်းအချိန်တိကျနေဖို့ မလိုအပ်ပေ ။
"ဧကရာဇ်မင်း ရောက်ရှိလာပါပြီ " အပြင်မှ အမတ်တစ်ယောက်က ကျယ်လောင်စွာ အော်လိုက်သည်။
ဧကရာဇ် မောင်းမမိဿံများ အားလုံးသည် ဧကရီ၏ ဦးဆောင်မှုအောက်တွင် ထွက်သွားကြသည်။
" အားလုံး ၊ ထပါ!" ၎င်းသည် ချင်းနိုင်ငံ၏ ဧကရာဇ်ဇုန်ဝမ်ဖြစ်သည်။ သူသည် အသက် ၅၀ ခန့်ရှိ လူလတ်ပိုင်းတစ်ဦးဖြစ်သည်။ သူကြည့်ရတာ ရိုးစင်းသော်လည်း သူ့အမူအရာက အေးစက်တင်းမာသည်။
သူ့သားသုံးယောက်နှင့် တူဖြစ်သူသည် သူ့နောက်မှာ ရပ်နေခဲ့သည် ။
သူတို့သည် နူးညံ့သိမ်မွေ့ပြီး ဆန်းပြားသော ဖန်ယုရှောင် ၊ လှည့်စားပြီး ချောမောသော ဖန်ယုလိ ၊ ရိုင်းစိုင်းပြီး အလွန်ကြည့်ကောင်းသော ဖန်ယုလန် နှင့် အံဝင်ခွင်ကျဖြစ်သော ပိုင်ရီဟောက် တို့ဖြစ်သည်။
နှုတ်ခွန်းဆက်စကားများ ပြီးသောအခါ ဧကရာဇ်မင်းနှင့် ဧကရီတို့ထိုင်ကြပြီး လူတိုင်းလည်း ထိုင်လိုက်ကြသည်။
ယခင်နှစ်များကဲ့သို့ပင် မယ်တော်ကြီးဒုန်အာသည် နေမကောင်းဖြစ်ပြီး မလာဘူးဟု ဆိုခဲ့သည်။
YOU ARE READING
စွဲမက်ဖွယ်ကောင်းသော မိန်းမပျိုလေးအဖြစ် ပြန်လည်မွေးဖွားခြင်း
Action( Unicode Ver) သူမသည် ယခင်ဘဝက ရုပ်ပျက်ဆင်းပျက်ဖြစ်ပြီး သူမ၏ မိခင်သည် မတရားသဖြင့်သေဆုံးသွားခဲ့သည် ။ အဆိပ်ဝိုင်တစ်ခွက်က သူမကိုသတ်ဖို့မလုံလောက်တော့ တောက်လောက်တဲ့ မီးထဲ ထိုးချသေဆုံးခဲ့ရသည် ။ သူမတွင် နောက်ဘဝတစ်ခုသာ ရရှိခဲ့လျှင် သူမသည် သူမ၏ သမိုင်းကိုပြေ...