100. ည၌ သီးသန့် စကားဝိုင်း

1.3K 133 7
                                    

ဒီလို ချောမောတဲ့ လူငယ်လေးတစ်ယောက်ဟာ နူးညံ့သိမ်မွေ့ပြီး အေးဆေးတည်ငြိမ်တဲ့ အခိုက်အတန့်တွေ ရှိနေတာ အံ့သြစရာပါပဲ။  မို့ရွှီတုန်းသည် မသိစိတ်ဖြင့် မျက်လုံးများကို မှိတ်တုတ်မှိတ်တုတ်လုပ်ပြီး သူမ၏တောင့်တင်းသော ခန္ဓာကိုယ်ကို ဖြေလျှော့လိုက်သည်။ 

သူမကိုယ်တိုင် ရှိုက်ကြီးတငင် ရယ်မောလိုက်သည်။  ညနက်သန်းခေါင်မှာ သူ့ပြတင်းပေါက်ကနေ ဝင်ရောက်လာသည်ကို အဆင်မပြေစွာခံစားရနိုင်သော်လည်း သူမသည် လုံးဝ ထူးထူးခြားခြား မခံစားရပါ ။  ညနက်သန်းခေါင်မှာ သူဒီမှာမပေါ်လာရင်သာ ပိုတောင်ထူးဆန်းသွားသလိုပဲ။ သူမက ဖန်ယုလန်ရဲ့အကျင့်ကို နေသားကျနေတာများလား ။ လူတစ်ယောက်ရဲ့ အလေ့အထက တကယ်ကို ကြောက်စရာကောင်းတဲ့ အရာပါ။ 

"ဘာဖြစ်တာလဲ မင်းကျုပ်ကိုမမှတ်မိဘူးလား ၊ ကျုပ်ကတော့ အရမ်းအေးတဲ့နေ့မျိုးမှာ မင်းဆီ အလည်လာဖို့ အမြဲတွေးနေတာ " ဖန်ယုလန်က ချစ်စဖွယ် ပြုံးပြီး အေးစက်စက် မျက်လုံးတွေကို စိုက်ကြည့်ရင်း စကားပြောကာမပျော်မရွှင် ပြောနေလေသည်။

"တို့ မင်းကို ဒီကိုလာဖို့ မဖိတ်ခဲ့ပါဘူး"

မို့ရွှီတုန်းက ဒီလောက်ထင်မှတ်မထားတဲ့ စကားကြောင့် စိတ်ဆိုးသွားပြီး ချက်ချင်း လက်တုံ့ပြန်လိုက်တယ်။  သူမ နှုတ်ခမ်းကို ကိုက်လိုက်ပြီး ခေါင်းကို ထိလိုက်သည် ။ သူမ တော်တော် မှင်တက်သွားသလို ခံစားရပြီး သူ့ကိုယ်သူ ခေါင်းခါလိုက်သည်။ 

သူမ၏ နက်မှောင်သော ဆံပင်များသည် သူမ၏ သေးငယ်ဖျော့တော့သော မျက်နှာပေါ်တွင် ပြိုကျလာပြီး သူမကို ပို၍ သိမ်မွေ့ပြီး သနားစရာကောင်းစေသည်။ 

"ကျုပ်က မင်းအကူညီတောင်းချင်တဲ့အခါမှ မင်းဖိတ်ခေါ်နိုင်တဲ့သူတစ်ယောက်လား" ဖန်ယုလန်​က ကျယ်လောင်စွာပြောပြီး ကျောနောက်မှာထားဖို့ ခေါင်းအုံးတစ်လုံးယူရန် သူမကို လက်ဟန်ပြ လိုက်တယ်။ 

“ဒီနေ့ ညနှောင်းပိုင်းမှာ မင်းဆီကို အလည်လာခဲ့တာ.... မင်း ငါ့ကို ဘယ်လို ဆက်ဆံနိုင်ရတာလဲ ။  မင်းဆီကို လာလည်တဲ့ ဧည့်သည်တွေကို ဒီလိုပုံစံနဲ့ ဆက်ဆံတာက ကောင်းတဲ့အကျင့်တော့ မဟုတ်ဘူး။  "

စွဲမက်ဖွယ်ကောင်းသော မိန်းမပျိုလေးအဖြစ် ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now