အဝတ်အထည်ဆိုင်ရှိအဝတ်အစားများသည် တစ်ခြားဆိုင်က ဘယ်အဝတ်နှင့်မျှမတူပေ ။ သူတို့သည် လှပရုံသာမက သူမစိတ်ကြိုက်ဖြစ်စေခဲ့သည်။ အဝတ်အစားများသည် လူတစ်ဦး၏ထူးခြားသော စရိုက်လက္ခဏာများအလိုက် အနည်းငယ်ပြောင်းလဲသွားမည်ဖြစ်သည်။ ဒီလိုအသေးအမွှားပြောင်းလဲမှုတွေက အဝတ်အထည်တိုင်းကို ထူးခြားစေသလို ၀တ်စုံဝတ်ဆင်တဲ့ အမျိုးသမီးတိုင်းဟာ သူတို့ရဲ့ထူးခြားတဲ့စတိုင်လ်ကို ပိုင်ဆိုင်ကြပါတယ်။
ထို့ကြောင့် မြို့တော်မှ ဇနီးမောင်နှံများသည် ထိုအဝတ်အစားဆိုင်ကို အလွန်စိတ်အားထက်သန်ပြီး အရောက်လာရှိကြသည် ။ နေရာများစွာတွင် လှပသောအဝတ်အစားများကို ဖန်တီးနိုင်သော်လည်း ထိုအထည်ဆိုင်မှ အဝတ်များသာလျှင် စိတ်ကြိုက်နှင့် ထူးခြားသောအပိုင်းများကို ဖန်တီးနိုင်မည်ဖြစ်သည်။
မို့ရွှီတုန်းက လုမင်ရှုဘယ်လောက်ပျော်နေလဲ မြင်တဲ့အခါ သူမက လုမင်ရှုအား စနောက်လေသည် ။
"အမဝမ်းကွဲ သွားပြီး မင်းရဲ့အဝတ်အစားကို အရင်တိုင်းတာလိုက်ဦး။ နောက်မှ ဒီဇီးသီးပွင့်ကိုကြည့်ဖို့ ထွက်လာရအောင် ။ ဒီဇီးသီးပွင့်က အရမ်းလှပေမယ့် ငါတို့ လာလည်တဲ့အတွက် သူတို့ရဲ့ ပန်းတွေကို ငါတို့ ယူလို့မရဘူး။ ဇီးပင်က ဒီဆိုင်မှာ တစ်ပင်တည်းရှိပြီး ပန်းအလုံအလောက်မရှိလောက်ဘူး"
"အဲ့ဒါမဟုတ်ဘူး ငါတို့က ဒီကိုခဏခဏရောက်နိုင်တာမဟုတ်ဘူး။ မင်းဒီဇီးသီးအပွင့်ကို အရမ်းကြိုက်တဲ့အတွက် ဆိုင်မှာသွားဝယ်ကြည့်ရအောင် ။ အများကြီးဝယ်မှာမှ မဟုတ်တာ ။ မင်းမေးရမှာ ရှက်လွန်းရင် တို့ နောက်မှ မေးလို့ရတယ်။"
လုမင်ရှုက အမှုမဲ့ အမှတ်မဲ့ ပြောလိုက်သည် ။ သူမသည် လုအိမ်တော်၏ မိန်းမပျိုဖြစ်သည်။ သူမသည် စိတ်ထားညစ်ညမ်းခြင်းမရှိသော်လည်း သူမ၏အမူအရာမှာ ခံ့ညားနေဆဲဖြစ်သည်။
"အစ်မဝမ်းကွဲ၊ မင်းအရင်အဝတ်အစားသွားရွေးလိုက် ၊ တို့ဒီမှာရေသောက်ပြီး ခဏစောင့်နေမယ် ။ တို့က တိမ်တိုက်မြို့မှာ အမြဲနေခဲ့ပြီး မြို့တော်မှာ ဘာတွေရေပန်းစားနေလဲမသိဘူး။ အမက တို့အတွက်ပါအဝတ်အစားတွေရွေးဖို့ ကူညီပေးရမယ်။"
YOU ARE READING
စွဲမက်ဖွယ်ကောင်းသော မိန်းမပျိုလေးအဖြစ် ပြန်လည်မွေးဖွားခြင်း
Action( Unicode Ver) သူမသည် ယခင်ဘဝက ရုပ်ပျက်ဆင်းပျက်ဖြစ်ပြီး သူမ၏ မိခင်သည် မတရားသဖြင့်သေဆုံးသွားခဲ့သည် ။ အဆိပ်ဝိုင်တစ်ခွက်က သူမကိုသတ်ဖို့မလုံလောက်တော့ တောက်လောက်တဲ့ မီးထဲ ထိုးချသေဆုံးခဲ့ရသည် ။ သူမတွင် နောက်ဘဝတစ်ခုသာ ရရှိခဲ့လျှင် သူမသည် သူမ၏ သမိုင်းကိုပြေ...