မို့ရွှီတုန်းသည် မင်းသမီး၏ ကျောကို ညင်သာစွာ နှိပ်နယ်ပေးလေသည်။ သူမရပ်နေသည့်နေရာမှ ဖန်ယုရှောင် ၏မျက်နှာတွင် ဒေါသအရိပ်အယောင်ကို မြင်လိုက်ရကာ ပြေပြစ်ပြီး အေးဆေးတည်ငြိမ်တဲ့ မင်းသားက သူပြောသလို မပြေပြစ်ပါဘူး။ ဖန်ယုလန်သည် တင်အိမ်တော်အကြောင်း ထပ်ခါတလဲလဲ ပြောခြင်းကြောင့် သူ ဒေါသထွက်သွားသည်။
ဖန်ယုရှောင် ဒေါ်သထွက်နေသည့်ကို လုံးဝသတိမထားမိသလို ပြုမှုနေသော ထိုယောက်ျားကို သူမတစ်ချက်ကြည့်လိုက်သည်။ ဖန်ယုလန်သည် ထိုင်ခုံတွင် ပျင်းရိစွာ လဲလျောင်းနေပေမယ့် သူ့ရဲ့ ကောင်းမွန်တဲ့ ရုပ်ရည်ကို လုံးဝ အဟန့်အတား မဖြစ်စေပါဘူး။ သူ့ပုံသဏ္ဍာန်က ရှည်လျားသွယ်လျပြီး သူ့မျက်လုံးတွေက တစ်လက်လက်တောက်ပနေကာ အလင်းရောင်အောက်တွင် ထွန်းတောက်နေကြသည် ။ သူသည် သူ၏ရှည်လျားသော မျက်ခုံးများကို ပင့်တင်ရင်း သူတို့သည် နက်နဲပြီး ရွှန်းလဲ့တောက်ပနေသည်။
ချစ်စရာကောင်းတဲ့လူငယ်က ဘယ်လိုလုပ် တုံးအနိုင်မလဲ ။ ဖန်ယုလန် နဲ့ တစ်ချိန်လုံး အပြန်အလှန် ဆက်ဆံခဲ့တဲ့ မို့ရွှီတုန်းက သူ့လုပ်ရပ်တွေက မရည်ရွယ်ဘဲလုပ်မိတယ်လို့ မယုံပါဘူး။ သူမသည် မသိစိတ်ဖြင့် မျက်လုံးကို လှိမ့်လိုက်သည်။ သို့သော် သူသည် ပျင်းရိစွာ လှည့်ကြည့်ကာ ချစ်စရာကောင်းသော သူမကို ကြည့်နေသည်။ မို့ရွှီတုန်းသည် သူမ မှားမြင်မိခြင်း ရှိ၊ မရှိကို မသိသော်လည်း သူ၏ နက်နဲကာ နက်မှောင်ပြီး အလွန်ချောမောသော မျက်လုံးများတွင် မပျော်မရွှင် အရိပ်အမြွက် ရှိနေသည်ကို တွေ့လိုက်သည် ။
ထိုမင်းသားကို ဘယ်သူက ထပ်ပြီး ဒေါသထွက်စေခဲ့တာလဲ။
မင်းသားငယ်လေးက သူ့ဘေးနားက တစ်ယောက်ယောက်ကို ဒေါသထွက်နေတာ သိသာပါတယ်။
မို့ရွှီတုန်းက ဒီကိစ္စမှာ မပါဝင်ချင်ဘဲ ဖန်ယုလန်ဒေါသထွက်နေတဲ့သူကို တိတ်တဆိတ် သနားနေခဲ့တယ်။ မင်းသားရှောင်သည် စိတ်သဘောထား အလွန်သေးငယ်ပြီး သူ့စိတ်နေစိတ်ထားများက မှန်းဆ၍မရနိုင်ပေ။ အထူးသဖြင့် သူရဲ့ အာဃာတတွေကို ဘယ်သူမှ ခံနိုင်ရည်ရှိမှာမဟုတ်ဘူး ။ သူ့ကို ဘယ်သူက နှောင့်ယှက်ခဲ့တာလဲလို့ သူမ တွေးမိတယ်။ သူသည် သူဒေါသဖြစ်တဲ့အခါ ပျင်းရီတတ်မယ့်လူတစ်ယောက် မဟုတ်တော့ဘူး ။ မင်းသားရှောင်အား ဒေါသထွက်စေသော ကံမကောင်းသူမှာ မည်သူဖြစ်သည်ကို သူမ တကယ်မသိခဲ့ပါ။ အဲဒီလူရဲ့ ဘဝက ဆုံးသွားပါပြီ !
YOU ARE READING
စွဲမက်ဖွယ်ကောင်းသော မိန်းမပျိုလေးအဖြစ် ပြန်လည်မွေးဖွားခြင်း
Action( Unicode Ver) သူမသည် ယခင်ဘဝက ရုပ်ပျက်ဆင်းပျက်ဖြစ်ပြီး သူမ၏ မိခင်သည် မတရားသဖြင့်သေဆုံးသွားခဲ့သည် ။ အဆိပ်ဝိုင်တစ်ခွက်က သူမကိုသတ်ဖို့မလုံလောက်တော့ တောက်လောက်တဲ့ မီးထဲ ထိုးချသေဆုံးခဲ့ရသည် ။ သူမတွင် နောက်ဘဝတစ်ခုသာ ရရှိခဲ့လျှင် သူမသည် သူမ၏ သမိုင်းကိုပြေ...