ညဉ့်နက်နေပြီဖြစ်၍ မှောင်နေပြီဖြစ်သည်။ ထို့အပြင် မိုရီ နှင့် မိုယုသည် အခြားသူများကို မို့ရွှီတုန်းနှင့်တွေ့ခြင်းမှ ရည်ရွယ်ချက်ရှိရှိ တားမြစ်ခဲ့သည်။ ထို့ကြောင့် မည်သူမျှ သတိမထားမိခဲ့ပေ။ မို့ဟွာဝမ်သည် အိမ်သို့ အစောကြီး ပြန်လာခဲ့ပြီး အိပ်နေပြီဖြစ်သည်။ ကျန်တဲ့ မောင်းမမိဿံနှစ်ယောက်ကလည်း ခြံထဲမှာနေပြီး စောစောအိပ်နေကြကာ နန်နီမင်က အလည်လာပေမယ့် မိုလန်က သူမကို ပြုံးပြုံးလေးနဲ့ ရပ်တန်းလိုက်ပြီး ပြန်လှည့်ခိုင်းလိုက်တယ်။
ထို့နောက် မိုလန်နှင့် မိုယုတို့ အိပ်ရာဝင်ခဲ့ကြပြီး သိပ်မကြာခင်မှာပဲ သူမသခင်က အခန်းထဲမှာ ပေါ်လာခဲ့ကာ သခင်၏အသံကို သူမကြားလိုက်ရသည်။ နားစိုက်ထောင်နေသော မိုရီသည် တံခါးဆီသို့ လျှောက်သွားခဲ့သည်။
"မနက်ဖြန် ဘာဖြစ်မယ်ဆိုတာ မင်းသိလား ?" ဖန်ယုလန်ရဲ့ အေးစက်စက်အသံကို ကြားလိုက်ရသည် ။
" ကျုပ် သခင်အမိန့်ပေးတဲ့အတိုင်း နာခံပါ့မယ်..... " မိုရီ က အခန်းပြင်ဘက်ကနေ လေးလေးစားစား ခေါင်းငုံ့လိုက်သည် ။
"သူမကို ဂရုစိုက်။"
"အမိန့်အတိုင်းပါ"
မိုရီသည် တံခါးအပြင်ဘက်တွင် တိတ်ဆိတ်စွာ ရပ်နေခဲ့သည်။ အချိန်အတော်ကြာအောင် သူမ ဘာသံမှ မကြားရတော့ဘဲ သူ့သခင် ထွက်သွားကြောင်း သူမသိလိုက်သည် ။ ထို့နောက် သူမ ဖြည်းညှင်းစွာ အသက်ရှူသွင်းလိုက်သည်။ သူ့သခင်က ဒီနေ့ အရမ်းကြောက်ဖို့ကောင်းတယ်။ အခန်းအပြင်မှာတောင် အသက်ရှူကြပ်တဲ့စူးရှမှုကို သူမခံစားနိုင်သည် ။ သူမနဖူးပေါ်က ချွေးတွေကို သုတ်လိုက်ပြီး တံခါးကို ညင်သာစွာ တွန်းဖွင့်လိုက်သည် ။
အတွင်းထဲမှာ တိတ်ဆိတ်နေခဲ့ပြီး ပြတင်းပေါက်များကို တင်းတင်းကြပ်ကြပ်ပိတ်ထားသည်။ သူမသခင် ထွက်သွားပြီးနောက် ပြတင်းပေါက်များကို ပိတ်ခဲ့ကြောင်း ထင်ရှားသည်။ မိုရီသည် ကုတင်နားသို့ ချဉ်းကပ်ကာ ကုတင်ဘေးတွင် ဖယောင်းတိုင်များကို ထွန်းညှိလိုက်သည်။ ထို့နောက် သူမသည် မီးခြစ်ကို မှုတ်ပြီး ငြှိမ်းသတ်လိုက်သည်။ တောက်ပနေသော ဖယောင်းတိုင်မီးရောင်အောက်ရှိ ကုတင်ပေါ်တွင် ငြိမ်သက်စွာ လှဲလျောင်းနေသော မိန်းကလေးငယ်တစ်ဦးရှိသည်။
![](https://img.wattpad.com/cover/307415474-288-k179660.jpg)
YOU ARE READING
စွဲမက်ဖွယ်ကောင်းသော မိန်းမပျိုလေးအဖြစ် ပြန်လည်မွေးဖွားခြင်း
Action( Unicode Ver) သူမသည် ယခင်ဘဝက ရုပ်ပျက်ဆင်းပျက်ဖြစ်ပြီး သူမ၏ မိခင်သည် မတရားသဖြင့်သေဆုံးသွားခဲ့သည် ။ အဆိပ်ဝိုင်တစ်ခွက်က သူမကိုသတ်ဖို့မလုံလောက်တော့ တောက်လောက်တဲ့ မီးထဲ ထိုးချသေဆုံးခဲ့ရသည် ။ သူမတွင် နောက်ဘဝတစ်ခုသာ ရရှိခဲ့လျှင် သူမသည် သူမ၏ သမိုင်းကိုပြေ...