ထိုနေ့ညတွင် မိုအိမ်ရှိလူတိုင်း ပြန်လည်ဆုံဆည်းသည့်ညစာစားကြသည်။ မိုရွှီတုန်းသည် စောစောမသွားခဲ့ပေ ။ သူမသည် ရည်ရွယ်ချက်ရှိရှိ နောက်ကျမသွားချင်သော်လည်း ချန်မြို့စား၏သားလည်း ရှိနေမည်ကို သူမကြားလိုက်ရသောကြောင့် ညစာစားချင်စိတ်ပင် ပျောက်သွားခဲ့သည် ။
ချန်မြို့စားကြီးရဲ့ အိမ်.......
မို့ရွှီတုန်း၏လက်သည် စာရွက်များပေါ်တွင် တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားသည်။ သူမ ပြတင်းပေါက်ကနေ တောက်ပနေသော နေရောင်ကို ကြည့်လိုက်တယ်။ အနီရောင်သည် သူမ၏ အမြင်အာရုံကို ပြည့်စေခဲ့သည်။ ပူလောင်နေတဲ့အရာက သူမဘဝတင်မကဘဲ နာကျင်မှု၊ ဝမ်းနည်းမှု၊ ဒေါသနဲ့ သူမရဲ့အတိတ်ဘဝက မုန်းတီးမှုတွေ......
ချန်မြို့စားမင်း၏သား စီမာလင်းရန်.....
သူမ မြို့တော်ကိုပြန်ရောက်တဲ့ ပထမဆုံးနေ့မှာ ဒါတွေအားလုံးကို မြင်ရမယ်လို့ သူမ မမျှော်လင့်ထားမိဘူး။ သူတို့သည် တကယ် ကံကြမ္မာဆိုးတွေဖြစ်ခဲ့တယ်။ ပြီးတော့၊ သူတို့မှာ ဘဝပေါင်းများစွာအတွက် ပျောက်ကွယ်မသွားနိုင်တဲ့ ရန်ငြိုးဖွဲ့မှုတွေ ရှိခဲ့တယ်...
စီမာလင်းရန်........ငါတို့ ဒီဘဝမှာ ထပ်ဆုံကြပြန်ပြီနော်။
ဧည့်ခန်းထဲသို့ ဝင်လာသောအခါ မိုရွှီတုန်း ငြိမ်သက်သွားပြန်သည်။ မိုဟွာဝမ်နှင့် စီမာလင်းရန်တို့ စကားပြောနေသည်ကို သူမမြင်သောအခါတွင် သူမ၏နှုတ်ခမ်းမှ ဆိုးသွမ်းသောအပြုံး မှလွဲ၍ အခြားမည်သည့်တုံ့ပြန်မှုမှ မရှိခဲ့ပေ။
အမှန်ပင် ထိုလူဖြစ်ခဲ့သည်။ သူမဘဝကို အလွန်ဆင်းရဲစေခဲ့သော ထိုလူကို ပြာဖြစ်သွားရင်တောင်မှ သူ့ကိုမှတ်မိသည် ။
သူ့ရှေ့ကလူ၏ ချောမောသော အသွင်အပြင်သည် ကျောက်စိမ်းနှင့်တူပြီး သူ၏ အနက်ရောင် မျက်လုံးများက နွေးထွေးပြီး ရွှင်လန်းနေပါသည်။ တစ်ယောက်ယောက်ကို ကြည့်လိုက်တော့ စကားမပြောခင် ပြုံးနေပြီးသားဖြစ်သည် ။
ဒီလိုလူကို တခြားသူတွေက သဘောကျဖို့ လွယ်ပါတယ်။ သူ့အပြုအမူတွေက ပြေပြစ်ပြီး လူကြီးလူကောင်းတစ်ယောက်လိုပါပဲ။ သူမ၏ အတိတ်ဘဝက သူ့လိုလူကို တစ်ခါမှ မမြင်ဖူးသော မိုရွှီတုန်း သည် မြင်မြင်ချင်းပင် သူ့အား သဘောကျနှစ်သက်ခဲ့သည် ။ထို့နောက် သေသည်အထိ သူ့နောက်သို့ လိုက်သွားခဲ့သည်။
![](https://img.wattpad.com/cover/307415474-288-k179660.jpg)
VOUS LISEZ
စွဲမက်ဖွယ်ကောင်းသော မိန်းမပျိုလေးအဖြစ် ပြန်လည်မွေးဖွားခြင်း
Action( Unicode Ver) သူမသည် ယခင်ဘဝက ရုပ်ပျက်ဆင်းပျက်ဖြစ်ပြီး သူမ၏ မိခင်သည် မတရားသဖြင့်သေဆုံးသွားခဲ့သည် ။ အဆိပ်ဝိုင်တစ်ခွက်က သူမကိုသတ်ဖို့မလုံလောက်တော့ တောက်လောက်တဲ့ မီးထဲ ထိုးချသေဆုံးခဲ့ရသည် ။ သူမတွင် နောက်ဘဝတစ်ခုသာ ရရှိခဲ့လျှင် သူမသည် သူမ၏ သမိုင်းကိုပြေ...