"ကျုပ် ၊ ကျုပ်...." လင်းဖန်ရန်သည် မင်းသမီး၏ မျက်နှာပေါ်ရှိ ဒေါသကို မြင်သောအခါတွင် သူမ၏ ဒေါသနှင့် အရှက်ကို အလျင်အမြန် ဖုံးကွယ်လိုက်သည်။ သူမ မျက်လုံးများ နီရဲလာပြီး မြေပြင်ပေါ်မှာ ဒူးထောက်ရင်း ငိုကြွေးကာ ပြောလေသည်။ " မင်းသမီးကို နှုတ်ဆက်ဖို့ လာလည်တဲ့ တခြားမိန်းမပျိုတွေရှိတယ်လို့ ကြားတော့ ကျုပ်လည်း လိုက်လာမိတယ် ။ ကျုပ် ရူးသွပ်စွာ ပြုမူခဲ့မိတာကို ကျုပ် မသိခဲ့ပါဘူး"
သူမပြောသောအခြားအမျိုးသမီးမှာ မို့ရွှီတုန်း ဖြစ်သည်။ မို့ရွှီတုန်းသည် တတိယတန်းအရာရှိ၏သမီးမျှသာ ဖြစ်သည်။ လင်းဖန်ရန်ကဲ့သို့သော မြင့်မြတ်ပြီး ချမ်းသာသော မိသားစုမှ အမျိုးသမီးငယ်များက သူမအား မုန်းတီးကြသည်။ ထို့ကြောင့် မို့ရွှီတုန်းအား ဤအချိန်တွင် မကျေမနပ်ဖြစ်နေသော လင်းဖန်ရန်မှ ထိုအရာကိုဖော်ပြခဲ့သည်။
မို့ရွှီတုန်း ဒီကိုလာကတည်းက သူမကရော ဘာလို့ မလာနိုင်ရမှာလဲ။ သူမကို ဧကရီက ဒီမှာနေဖို့ ညွှန်ကြားထားခဲ့တယ်။ မင်းသမီးက သူမကို ထပ်ပြီး မထီမဲ့မြင်ပြုပါက၊ ဧကရီမို ဆန့်ကျင်ခြင်းဖြစ်လိမ့်မည် ။ နန်းတော်အနောက်ဘက်ကိုလည်း ဧကရီက အုပ်ချုပ်နေတုန်းပါပဲ။ သူ့တွင် သားတစ်ယောက်မျှ မရှိသော်လည်း ရာထူးနှင့် ပါလာသော အဆင့်အတန်းကို သူမ ဆုပ်ကိုင်ထားသည်။ နောင်တွင် မည်သည့်မင်းသားမှ ထီးနန်းမဆက်ခံရလျှင်တောင် သူမသည် ၎င်းတို့၏တရားဝင်မိခင်နှင့် မယ်တော်ကြီးအဖြစ် သတ်မှတ်ခံရဆဲဖြစ်သည်။ ဒါကို ဘယ်သူမှ ငြင်းလို့မရပါဘူး။
သို့သော် မင်းသမီးက လင်းဖန်ရန်ကိုနေခွင့်ပြုပါက၊ လင်းဖန်ရန်နှင့် ဖန်ယုရှောင်တို့ ပတ်သက်သည့် နန်းတော်နောက်ဘက်တွင် ကောလာဟလများ ပျံ့နှံ့သွားပြီး ယနေ့ဖြစ်ပျက်ခဲ့သည့်အရာများကို သေချာပေါက်ဖော်ပြခံရမည်ဖြစ်သည်။ သူတို့နှစ်ယောက်သည် မင်းသမီးနဲ့အတူ တစ်ညလုံး စကားပြောခဲ့ကြသည် ။ ဆိုလိုတာက လင်းဖန်ရန်နဲ့ ဖန်ယုရှောင် တို့ရဲ့ ဆက်ဆံရေးကို သူတို့ အသိအမှတ်ပြုနေကြတယ်လို့ ဆိုလိုတာပါ။ ထိုအရာကြောင့် ဧကရီက သူမအား မင်ဇူးနန်းတော်အတွင်းသို့ တိုးဝင်ခွင့်ပြုခြင်းလည်းဖြစ်သည်။ ဒါကို မင်းသမီးက လက်မခံနိုင်ဘူး။
YOU ARE READING
စွဲမက်ဖွယ်ကောင်းသော မိန်းမပျိုလေးအဖြစ် ပြန်လည်မွေးဖွားခြင်း
Action( Unicode Ver) သူမသည် ယခင်ဘဝက ရုပ်ပျက်ဆင်းပျက်ဖြစ်ပြီး သူမ၏ မိခင်သည် မတရားသဖြင့်သေဆုံးသွားခဲ့သည် ။ အဆိပ်ဝိုင်တစ်ခွက်က သူမကိုသတ်ဖို့မလုံလောက်တော့ တောက်လောက်တဲ့ မီးထဲ ထိုးချသေဆုံးခဲ့ရသည် ။ သူမတွင် နောက်ဘဝတစ်ခုသာ ရရှိခဲ့လျှင် သူမသည် သူမ၏ သမိုင်းကိုပြေ...