မို့ဟွာဝမ်သည် မို့ရွှီတုန်း ပြန်ရောက်ကြောင်းကြားသောအခါ ချင်းဝေဥယျာဥ်သို့ သွားရောက်လည်ပတ်ခဲ့သည်။ မို့ရွှီတုန်းသည် အဆင်ပြေပြေရှိနေသည်ကို မြင်သောအခါမှသာ ထွက်သွားလေသည်။
သူသည် အဒေါ်ဖန်ကို လွတ်မြောက်ခွင့်ပြုလိုက်ကတည်းက သူ့ရဲ့ တတိယမြောက်သမီးအပေါ် အပြစ်ရှိတယ်လို့ ခံစားခဲ့ရတယ်။ အထူးသဖြင့် မို့ရွှီတုန်းက သူ့ကိုအပြစ်မမြင် မနှောင့်ယှက်ဘဲ နူးညံ့သိမ်မွေ့ပြီး သူ့ကျန်းမာရေးအတွက် စိုးရိမ်ကြောင်း ပြသနေချိန်တွင် ဖြစ်သည်။ ဒါက သူ့ကို ပိုရှက်လာစေသည်။
အဒေါ်ဖန်သည် ရက်စက်ကြမ်းကြုတ်သော နှလုံးသားရှိပြီး သူ့သမီးကို နာကျင်အောင် ကြိုးပမ်းခဲ့သည်။ သို့သော်လည်း သူမဗိုက်ထဲက ကလေးအတွက်စဥ်းစားပြီး သူမကို သူလွှတ်ပေးနိုင်ခဲ့သည်။ သူသည် တုန်းအာရှေ့မှာ ဒါကို ကျိုးကြောင်းဆီလျော်စွာ မရှင်းပြနိုင်ခဲ့ပါဘူး။
ထို့ကြောင့် သူသည် အဒေါ်ဖန်၏ လိဟွာဥယျာဥ်သို့ မသွားဘဲ သူ့စာကြည့်ဆောင်ကိုသာ ချက်ခြင်းပြန်သွားခဲ့သည်။ သူလည်း အဲဒီမှာပဲ တစ်ညနေခဲ့တယ်။
မို့ရွှီတုန်းသည် သိပ်မသက်သာသေးပါ။ သူမသည် အားလုံးကို ထွက်သွားခိုင်းပြီး မိုရီကိုသာ သူ့အခန်းထဲတွင် ထားခဲ့သည်။ သူမသည် တစ်စုံတစ်ခုကို ထုတ်ယူပြီး မိုရီအား ပေးလိုက်သည်။ သူမ အမိန့်ပေးပြီးနောက် မိုရီထွက်ခွာသည်ကို စောင့်ဆိုင်းပြီးနောက် လှဲလျောင်းကာ အနားယူလိုက်လေသည်။
အဒေါ်ဖန်က သခင်မယုနဲ့ လက်တွဲပြီး သူမကို ထိခိုက်နာကျင်စေခဲ့ပါတယ်။ သူမသည် အဒေါ်ဖန်၏ ကောင်းသောကြံစည်မှုများအတွက် "အပြန်အလှန်" ပြန်ပေးရပေလိမ့်မည်။
အဒေါ်ဖန်၏ လိဟွာဥယျာဥ်၌....
အဒေါ်ဖန်သည် ပြီးခဲ့သည့် ရက်အနည်းငယ်က အတော်လေး အဆင်ပြေစွာ နေခဲ့ရသည် ။ သူမသည် အိမ်တွင်းရှိ အစားအသောက်ကောင်းများအားလုံးကို ပထမဆုံးလက်ခံရရှိသူ ဖြစ်ခဲ့သည်။ မို့ရွှီတုန်းဟာ ဒီအချိန်မှာ ပြန်မလာနိုင်တော့ဘူးလို့ သူမ တွေးနေချိန်မှာတော့ သူမဟာ စိတ်ကောင်းဝင်ခဲ့ပါတယ်။
CZYTASZ
စွဲမက်ဖွယ်ကောင်းသော မိန်းမပျိုလေးအဖြစ် ပြန်လည်မွေးဖွားခြင်း
Akcja( Unicode Ver) သူမသည် ယခင်ဘဝက ရုပ်ပျက်ဆင်းပျက်ဖြစ်ပြီး သူမ၏ မိခင်သည် မတရားသဖြင့်သေဆုံးသွားခဲ့သည် ။ အဆိပ်ဝိုင်တစ်ခွက်က သူမကိုသတ်ဖို့မလုံလောက်တော့ တောက်လောက်တဲ့ မီးထဲ ထိုးချသေဆုံးခဲ့ရသည် ။ သူမတွင် နောက်ဘဝတစ်ခုသာ ရရှိခဲ့လျှင် သူမသည် သူမ၏ သမိုင်းကိုပြေ...