"ဒါဆို သတိထားပါ။ တစ်ခုခုဖြစ်ရင် အဖွားကို လာပြောဖို့မမေ့နဲ့ ၊ မင်းက စိတ်ပျော့ပြောင်းတော့ သူများအနိုင်ကျင့်တာကို မခံနဲ့" လုမင်ရှုက သူမ လုအိမ်တော်သို့ဖိတ်ခေါ်နေခြင်းသည် စည်းမျဥ်းစည်းကမ်းကို ချိုးဖောက်တာကို သိပေသည် ။ သို့သော် သူမသည် ဒေါသထွက်ပြီး လုမိသားစုခံစားရသော မကျေနပ်မှုများကို မို့အိမ်တော်ကို မြင်စေလိုသောကြောင့် မို့ရွှီတုန်းအား သူမနှင့် လိုက်ရန် တောင်းဆိုခဲ့ခြင်းဖြစ်သည် ။ မို့ရွှီတုန်းသည် အပြုံးလေးဖြင့်ငြင်းဆန်နေသည်ကို သူမမြင်သောအခါ မို့ရွှီတုန်းသည် သူမနှင့်အတူ လိုက်ခဲ့မည်မဟုတ်ကြောင်း သူမသိလိုက်သည်။ ထို့ကြောင့် သူမသည် အတင်းအကြပ် မပြောခဲ့ပေ။
လုအိမ်တော်၏ရထားသည် အနီးနားတွင် ရှိနေပြီဖြစ်ပြီး မို့ရွှီတုန်းက ပြုံးပြီး သဘောတူလိုက်တယ်။ လုမင်ရှုက ပြောစရာတွေ ကျန်နေသေးသော်လည်း မို့ရွှီတုန်းသည် လုမင်ရှုကို မြင်းလှည်းပေါ်သို့ အတင်းတက်ခိုင်းလေသည်။ လုဝမ်ယွီသည်လည်း မြင်းပေါ်တက်သွားတယ်။ သူသည် မြင်းကို ချက်ချင်း မထွက်ခွာခဲ့ပေ။ အဲဒီအစား၊ သူက မို့ရွှီတုန်းကိုကြည့်ပြီး ညင်သာစွာပြောလိုက်တယ် "မို့အိမ်တော်မှာ တစ်ခုခုဖြစ်ရင် ပြန်လာခဲ့ပါ ၊ လုအိမ်တော်က မင်းရဲ့အိမ်အဖြစ် အမြဲတမ်းရှိနေမှာပါ"
လုဝမ်ယွီက စကားအများကြီးမပြောဘဲ ထုံးစံအတိုင်း အေးဆေးတည်ငြိမ်စွာဖြင့် လိုရင်းကိုသာ ပြောခဲ့သည် ။ မို့ရွှီတုန်း နာမကျန်းဖြစ်ခဲ့သည့် နောက်ဆုံးအကြိမ်တွင် သူသည် ပိုင်ရီဟောက်ကို အလျင်အမြန်ရှာဖွေခဲ့သည်။ ထိုအချိန်မှလွဲ၍ သူသည် များသောအားဖြင့် အေးအေးဆေးဆေးပါပဲ။ သူ အများကြီး မပြောဖြစ်ပေမဲ့ မို့ရွှီတုန်း၏ရင်တစ်ခုလုံး နွေးထွေးသွားသလို ခံစားရတယ်။ သူမ လိုချင်တာက နွေးထွေးမှု အပြည့်ရှိတဲ့ အိမ်လေးပါပဲ ၊ ဘယ်လိုအကြံအစည် ၊ ဘယ်လိုလှည့်စားမှုမှ မရှိပဲနဲ့ပေါ့်.....
သို့သော် သူမ၏ အတိတ်ဘဝတွင်၊ သူမ၏ လုအိမ်သည် ပျက်စီးခဲ့ပြီး သူမ၏ မိသားစု အသတ်ခံခဲ့ရသည်။
ထိုနာကျင်မှုတွေက သူမနှလုံးသားကို ပြည့်စေခဲ့တယ်။ သူမ နှုတ်ခမ်းကို ကိုက်လိုက်ပြီး မျက်ဝန်းထဲတွင် စီးကျလာသော မျက်ရည်များကို ဖုံးကွယ်ထားလိုက်သည်။ သူမ၏ မျက်တောင်များ တဖျပ်ဖျပ်ခတ်ကာ လုဝမ်ယွီကို အပြုံးဖြင့် မော့ကြည့်လိုက်သည်။ "စိတ်ချပါ ဝမ်းကွဲ ၊ တုန်းအာက သူရဲဘောကြောင်ပြီး တစ်ခုခုဖြစ်သွားရင် အဖွားကို သေချာပေါက် တိုင်ကြားမှာပါ"
YOU ARE READING
စွဲမက်ဖွယ်ကောင်းသော မိန်းမပျိုလေးအဖြစ် ပြန်လည်မွေးဖွားခြင်း
Action( Unicode Ver) သူမသည် ယခင်ဘဝက ရုပ်ပျက်ဆင်းပျက်ဖြစ်ပြီး သူမ၏ မိခင်သည် မတရားသဖြင့်သေဆုံးသွားခဲ့သည် ။ အဆိပ်ဝိုင်တစ်ခွက်က သူမကိုသတ်ဖို့မလုံလောက်တော့ တောက်လောက်တဲ့ မီးထဲ ထိုးချသေဆုံးခဲ့ရသည် ။ သူမတွင် နောက်ဘဝတစ်ခုသာ ရရှိခဲ့လျှင် သူမသည် သူမ၏ သမိုင်းကိုပြေ...