29. အကြီးဆုံးအမ၏ အကြံအစည်ကျဆုံးခြင်း (2)

2.1K 234 8
                                    

မြင့်မြတ်လှသော လူငယ်လေးငါးယောက်သည် ဘုရားကျောင်းတံခါးဆီသို့ အလျင်အမြန်လျှောက်လာ​ကြသည် ။သူတို့ အသီးသီးတွင် သူတို့ရဲ့ကျွန်ကို ခေါ်လာပြီး ဝင်ပေါက်မှာ နေရာ ပိတ်ဆို့ထားလိုက်ကြတယ်။ 

"မင်းက ဘယ်ကလူယုတ်မာတွေလဲ၊ ကျုပ်သခင်မကို ဒီလိုစကားမျိုး ဘယ်လိုပြောရဲတာလဲ။" 

မိုဂျင်သည် အခြေအနေ ပိုဆိုးသွားသည်ကို မြင်လိုက်ရပြီး မိုရွှမ်မင်ရှေ့သို့ အပြေးသွားလိုက်သည်။ 

"ငါတို့က ယုတ်မာတဲ့သူဆိုရင် မင်းရဲ့သခင်မကလည်း သီလရှိတဲ့ မိန်းမမဟုတ်ဘူးကွ ၊ မြင့်မြတ်တဲ့မိန်းမတွေက အိမ့တံခါးတွေထဲက ထွက်ခွာခွင့်မရှိတာ မဟုတ်ဘူးလား။ အိုး..... မိုအိမ်တော်က စည်းကမ်းတွေက မတူဘူးထင်တယ် ။ သူမက လူတစ်ယောက်နဲ့ လျှို့ဝှက်စွာနဲ့တွေ့ဖို့ ရောက်လာခဲ့တာဆိုတော့ !" 

ရှေ့တွင်ရပ်နေသောလူမှာ အစ်ကိုလင်ဖြစ်ပြီး၊ သူသည် မို့ရွှမ်မင် ကို အထင်အမြင်သေးစွာဖြင့် စိုက်ကြည့်နေသည်။ 

"အထင်လွဲမှားနေတာပါ ။ ကျုပ်ရဲ့ ပထမသခင်မလေးက သခင်ကို မေးစရာရှိလို့လာခဲ့တာပါ ။ နောက်ပြီး ပထမသခင်မလေးက ကျင့်ဝတ်စောင့်ထိန်းပြီး အခန်းထဲ မဝင်ဘူး။"  မိုဂျင်က သူမကို အသံကျယ်ကျယ်ဖြင့် ကာကွယ်သည်။ 

"မင်းရဲ့ ပထမသခင်မလေး က ချန်ဂိုရဲ့သားနဲ့ အရမ်းရင်းနှီးတယ်။ သူမက မနေ့က ငါတို့ အတူသောက်တုန်းက အိတ်တစ်လုံး လာပို့တယ်။ ပြီးတော့ ဒါဏ်ရာရတယ်လို့ ကြားတဲ့အခါ ကိုယ်တိုင်တောင် အလည်လာခဲ့တယ်။ အိုး၊ အဲဒါက ချစ်သူတွေ မဟုတ်ဘူးလား" 

အစ်ကိုဟယ်ဖြစ်သူက အေးစက်သော အပြုံးဖြင့် ပြောပါသည်။  သူ့ခေါင်းမှာ ပတ်တီးတွေ ပတ်ထားတုန်းပဲ။ သူရရှိခဲ့သည့် အကြောင်းမဲ ရိုက်နှက်မှုအကြောင်း တွေးလိုက်တိုင်း ဒေါသတကြီး ခံစားခဲ့ရသည်။ 

"ချန်ဂိုမြို့စားရဲ့သားက မိုစံအိမ်နဲ့ အနီးကပ်ဆက်ဆံရေးရှိတယ်ဆိုတာ ငါသိတယ်။ ဒါကြောင့်မို့လို့ပါ!" 

"ကိုယ်ကျင့်တရား မလိုက်နာတဲ့ သူက မိုမိသားစုရဲ့ ပထမဆုံးသခင်မလေး ဖြစ်လာမယ်လို့ ငါ မမျှော်လင့်ထားဘူး။အရင်တုန်းကတော့ အဖေက ငါ့ကို နာမည်အကြီးဆုံးသခင်မလေးမိုနဲ့ လက်ထပ်စေချင်တယ်လေ ။ဒါတွေအားလုံးက အတုအယောင်တွေပဲ”

စွဲမက်ဖွယ်ကောင်းသော မိန်းမပျိုလေးအဖြစ် ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now