"တတိယသခင်မလေး ဒူးထောက်လိုက်တဲ့အခါ တစ်ခုခုမှားနေပြီဆိုတာ ကျုပ်တို့အားလုံး မြင်လိုက်ကြတယ် ။ ဒါပေမယ့် တတိယသခင်မလေးက သခင်ကြီးကို ပြောပြဖို့ ခွင့်မပြုပါဘူး။ သူမက သည်းမခံနိုင်ဘူးလို့ထင်မြင်မှာကိုကြောက်ပြီး သခင်ကြီးကို စိတ်မဆိုးစေချင်ဘူး။ ကျုပ်တို့က အဒေါ်ကို ပြောပြချင်ပေမယ့် ဟိုနေရာမှာကြည့်ကောင်းပြီး လှပစွာ ရပ်နေတဲ့ ပထမသခင်မလေးကိုတွေ့လိုက်ရတယ်။ ပြီးတော့ ဒါကတတိယသခင်မလေးအတွက် မသင့်တော်ဘူးလို့ ထင်လိုက်ရတယ် ။ ဘာလို့လဲဆိုတော့ တတိယသခင်မလေးက အသားအရေနီရဲနေပြီး နေထိုင်မကောင်းဖြစ်နေလို့ပါ"
မိုလန်က မြေပြင်ပေါ်တွင် ဒူးထောက်ကာ စကားပြောသည်။ သူမပြောသည့်အတိုင်း ငုံ့ကာ စကားပြောရင်း ပါးပြင်ပေါ်သို့ မျက်ရည်များ စီးကျလာသည်။ သူမခေါင်းထက်မှာတင်ထားတဲ့ ဗန်းဟာ အေးစက်စွာ တောက်ပနေပြီး အချို့မှာ သွေးခြေရာတွေတောင် ရှိခဲ့တာက တုန်လှုပ်စရာကောင်းတယ်။
"သခင်ကြီး၊ ဒါက အဒေါ်နဲ့ ဘာမှမဆိုင်ဘူး။ အဒေါ်က ကိုယ်လုပ်တော်တွေအားလုံးကိုယ်စား တာဝန်ခံပြီး တတ်နိုင်သမျှ လုပ်ပေးတယ်။ တတိယသခင်မလေးရဲ့ အဝတ်အစားပေါ်မှာ ဆေးထိုးအပ်တွေအကြောင်း ဘာမှ မသိနိုင်ပါဘူး။
အဒေါ်က ဒီအဝတ်အစားကို အရင်က ပထမသခင်မလေးအတွက် လုပ်ထားတာ၊ တတိယသခင်မလေး ရုတ်တရက်ပြန်ရောက်လာတာကြောင့် တတိယသခင်မလေးကို ပေးလိုက်တာ။ အပ်တွေကို အဝတ်ထဲမှာ တွဲချုပ်ထားတယ်။ အဒေါ်ဖန်က ပထမသခင်မလေးကို အန္တာရာယ်ပြုဖို့ကြိုးစားတယ်ဆိုတာ မဖြစ်နိုင်ပါဘူး "
အဒေါ်ဖန်၏နောက်တွင် ရပ်နေသော နန်နီလီသည်သူတို့၏အခြေအနေကို မြင်လိုက်ကာ ရှင်းပြရန် အဒေါ်ဖန်၏နောက်တွင် လျင်မြန်စွာ ဒူးထောက်လိုက်သည်။
"သခင်ကြီး၊ တတိယသခင်မလေးရဲ့ အဝတ်မှာ အပ်တွေရှိနေတာကို အဘယ့်ကြောင့် ဘာမှမမြင်ရတာလဲ။ မမလေး က ဒီအဝတ်စားတွေဝတ်ပြီး အချိန်အကြာကြီး မတ်တပ်ရပ်နေခဲ့ရတာ..... ဒီအဝတ်အစားတွေက......"
မိုလန်က ဆက်၍ ဒူးထောက်ကာ ငိုရင်း သစ်ပင်အောက်ရှိ နေရာကို ညွှန်ပြသည်။ မို့ရွှီတုန်း က သူမကို ထောက်ပြပြီးနောက် မို့ရွှီတုန်း ကို ကူညီရင်း အရိပ်ထဲတွင် ပုန်းနေသော မို့ရွှမ်မင် ကို သူမ သတိထားမိခဲ့သည်။
YOU ARE READING
စွဲမက်ဖွယ်ကောင်းသော မိန်းမပျိုလေးအဖြစ် ပြန်လည်မွေးဖွားခြင်း
Action( Unicode Ver) သူမသည် ယခင်ဘဝက ရုပ်ပျက်ဆင်းပျက်ဖြစ်ပြီး သူမ၏ မိခင်သည် မတရားသဖြင့်သေဆုံးသွားခဲ့သည် ။ အဆိပ်ဝိုင်တစ်ခွက်က သူမကိုသတ်ဖို့မလုံလောက်တော့ တောက်လောက်တဲ့ မီးထဲ ထိုးချသေဆုံးခဲ့ရသည် ။ သူမတွင် နောက်ဘဝတစ်ခုသာ ရရှိခဲ့လျှင် သူမသည် သူမ၏ သမိုင်းကိုပြေ...