တိမ်တိုက်မြို့ရှိ မို့ရွှီတုန်း၏ ယခင်ဂုဏ်သတင်း ဆိုးရွားလာရခြင်း အကြောင်းအရင်းမှာ အဓိကအားဖြင့် ယုစီလုံနှင့် မို့ရွှမ်မင်တို့က မီးတောက်ထဲသို့ လောင်စာထည့်လိုက်ခြင်း တို့ကြောင့် ဖြစ်သည်။
ဤအခိုက်အတန့်တွင် မို့လန်သည် အလွန်စိတ်ဆိုးသွားကာ သူ့မမလေးက အန္တရာယ်ကို ကြုံတွေ့ရခြင်းမှာ သူ့ကိုယ်ပိုင်အမှားဟုသာ ခံစားခဲ့ရသည်။ သူမသည် သူသခင်မလေးအတွက် ခံပြင်းကာ ယုစီလုံ၏ မျက်နှာအတုကို ထုတ်ဖော်ချင်သည်။
ဒီနေ့ အဖြစ်အပျက်ဟာ လုပ်ကြံမှုတစ်ခုဆိုတာ သေချာပေါက် သူမ နားလည်လာပါပြီ။ ထိုအချိန်တွင် သူမသည် တံခါးအပြင်ဘက်တွင် စောင့်ဆိုင်းနေကာ ရုတ်တရက် အိမ်အကူတစ်ဦး ရောက်လာပြီး သခင်မကြီးချင်းက သူမကို မေးစရာရှိနေကြောင်း ပြောကြားခဲ့သည် ။
ထို့နောက် သူမသည် ကောင်းကင်ကို မော့ကြည့်ရင်း သခင်မလေးသည် ထိုနေရာတွင် အကြာကြီးရှိနေနိုင်သည်ဟု ခံစားရသဖြင့် သခင်မကြီးချင်းသည် သခင်မလေးမို့အား ပြောစရာရှိမည်ဟု ထင်ကာ အိမ်ဖော်နောက်သို့ လိုက်သွားခဲ့သည်။ ဒါပေမယ့် လမ်းတစ်ဝက်မှာ ရောက်တဲ့အခါ သူမ ရုတ်တရက် သတိဝင်လာပြီး နောက်ပြန်လှည့်သွားတယ်။
အစေခံတစ်ယောက်သည် သခင်မလေးနဲ့အတူတူသာအမြဲရှိနေရမည် ။ သခင်မကြီးချင်းသည် သခင်လေးမပါပဲ သူမကိုသာ အခေါ်လွတ်ခြင်းသည် မဖြစ်နိုင်ပေ ။ နောက်ပြီး သူတို့ခန်းမထဲမှာရှိတာ သခင်မကြီချင်းက ဘယ်လိုသိတာလဲ။
သူမနဲ့ သခင်မလေးသည် ဒီကို သီးသန့်ရောက်လာတဲ့အတွက် ဒါကို ဘယ်သူမှ မသိခဲ့ကြပါဘူး။ ဒါပေမယ့် အိမ်အကူကလေးက ဘာကြောင့် ဒီလောက်လွယ်လွယ် ရှာတွေ့ခဲ့တာလဲ။ ထိုအိမ်အကူက သူမတို့နောက် တစ်လမ်းလုံး လိုက်လာခဲ့တာလား ။
သူမက ထိုသို့အတွေးမျိုးတွေးမိပြီး နှလုံးသားတစ်ခုလုံး ကြောက်လန့်စွာ နစ်မြုပ်သွားလေသည် ။ သို့သော် သူမ နောက်ကျသွားပြီ။ ဗိမာန်တော်တံခါးအပြင်ဘက်ရှိ ယုစီလုံသည် ကျွန်၊ မိန်းကလေးအစေခံများနှင့် မြင့မြတ်သောအမျိုးသမီးအချို့နှင့် အတူရပ်နေ၏။
YOU ARE READING
စွဲမက်ဖွယ်ကောင်းသော မိန်းမပျိုလေးအဖြစ် ပြန်လည်မွေးဖွားခြင်း
Action( Unicode Ver) သူမသည် ယခင်ဘဝက ရုပ်ပျက်ဆင်းပျက်ဖြစ်ပြီး သူမ၏ မိခင်သည် မတရားသဖြင့်သေဆုံးသွားခဲ့သည် ။ အဆိပ်ဝိုင်တစ်ခွက်က သူမကိုသတ်ဖို့မလုံလောက်တော့ တောက်လောက်တဲ့ မီးထဲ ထိုးချသေဆုံးခဲ့ရသည် ။ သူမတွင် နောက်ဘဝတစ်ခုသာ ရရှိခဲ့လျှင် သူမသည် သူမ၏ သမိုင်းကိုပြေ...