မို့ရွှမ်မင်နှင့် စီမာလင်းရန်တို့သည် ၎င်းတို့၏ ဆွေးနွေးမှု ပြီးဆုံးတော့မည်ဖြစ်သည်။ မို့ရွှမ်မင်သည် စီမာလင်းရန် ၏ ရင်ခွင်ထဲမှ ရုန်းထွက်လိုက်ပြီး မတ်တပ်ထရပ်လိုက်သည်။ သူမ စိုးရိမ်တကြီးနဲ့ လှည့်ကြည့်လိုက်သည် ။
“ငါတို့အိမ်က မင်းရဲ့လမ်းနဲ့ နည်းနည်းဝေးတယ် ။ အဲဒီအချိန် အိမ်ရှေ့တံခါးမှာ လူတွေအများကြီးနှင့် ရှုပ်ပွနေမှာ သေချာတယ်။ လာမည့်သူတွေအများကြီးရှိပြီး အိမ်နီးချင်းတွေတောင်မှ အိမ်တော်ကို လာကြလိမ့်မယ် ။ မင်း အိမ်ရှေ့တံခါးမှာ ပေါ်လာပြီး တစ်စုံတစ်ယောက်က မင်းကိုတားခဲ့ရင် မင်း အိမ်နောက်ဖေးကတံခါးဆီ ရောက်နိုင်တော့မှာ မဟုတ်ဘူး ။ ဒါကြောင့် မင်း နောက်တံခါးကနေသာ ဝင်ခဲ့ပါ ။ မင်းအတွက် တံခါးဖွင့်ဖို့ ကျွန်တွေကို တို့ခေါ်လိုက်မယ် "
သူတို့ ကိစ္စတွေကို တော်တော်လေး ဆုံးဖြတ်ခဲ့ကြပေမယ့် မို့ရွှမ်မင်ကတော့ အနည်းငယ် စိတ်မသက်မသာ ခံစားရဆဲပါ။ သူမသည် အရာများစွာကို အမြဲစဉ်းစားနေသူတစ်ယောက်ဖြစ်သည်။ ထို့ကြောင့် သူမသည် စီမာလင်းရန် ထံသို့ သူမ၏ ညွှန်ကြားချက်များကို ထပ်ခါတလဲလဲ ပြောခဲ့သည်။
"စိတ်အေးအေးထားပါ ၊ ကျုပ်မမေ့ပါဘူး။ မင်းရဲ့အနောက်တံခါးက ဘိုးဘွားခန်းမနဲ့ ပိုနီးတယ်။ ဒါကြောင့် ကျုပ် ဘိုးဘွားခန်းမကို မကြာခင်ရောက်နိုင်တော့မှာပါ ။ မင်းပြောခဲ့တဲ့စကားတွေကို ကျုပ် ဘယ်တုန်းကမေ့ဖူးလို့လဲ"
စီမာလင်းရန်က သူ့နောက်မှာ မတ်တပ်ရပ်လိုက်ပြီး မို့ရွှမ်မင်ကို နောက်ကနေ ပွေ့ဖက်လိုက်သည် ။ သူမပခုံးကို ငုံနမ်းလိုက်ပြီး ပျင်းရိစွာ ပြောလိုက်သည်။
မို့အိမ်တော်မှာ ဒီလိုမျိုး တစ်ခုခုဖြစ်ခဲ့ရင် တော်တော်များများက လာကူညီကြလိမ့်မယ်။ နောက်တော့ အရှုပ်အထွေးတွေ ရှိလာပြီး ဘိုးဘွားခန်းမမှာ အပြစ်ပေးခံရတဲ့ မိန်းမပျိုကို ဘယ်သူမှ ဂရုမစိုက်နိုင်တော့ဘူး။
စီမာလင်းရန်သည် နောက်ဖေးတံခါးကို တစ်ကြိမ်ထက်မက တိတ်တဆိတ် ဖြတ်သွားဖူးသောကြောင့် လမ်းကို ကောင်းကောင်းသိသည်။
YOU ARE READING
စွဲမက်ဖွယ်ကောင်းသော မိန်းမပျိုလေးအဖြစ် ပြန်လည်မွေးဖွားခြင်း
Action( Unicode Ver) သူမသည် ယခင်ဘဝက ရုပ်ပျက်ဆင်းပျက်ဖြစ်ပြီး သူမ၏ မိခင်သည် မတရားသဖြင့်သေဆုံးသွားခဲ့သည် ။ အဆိပ်ဝိုင်တစ်ခွက်က သူမကိုသတ်ဖို့မလုံလောက်တော့ တောက်လောက်တဲ့ မီးထဲ ထိုးချသေဆုံးခဲ့ရသည် ။ သူမတွင် နောက်ဘဝတစ်ခုသာ ရရှိခဲ့လျှင် သူမသည် သူမ၏ သမိုင်းကိုပြေ...