မို့ဟွာဝမ်သည် သူ့သမီးက ပန်းကန်ပြား ကိုင်ဆောင်ထားသည်ကို တွေ့လိုက်ရသဖြင့် မျက်လုံးများဖွင့်ကာ အံ့အားသင့်သွားသည်။ သူ့အကြည့်တွေက သူမကိုင်ထားတဲ့ ပန်းကန်ပြားဆီကို ရွေ့သွားသည် ။
ဂျုံယာဂု ပန်းကန်လုံးတစ်လုံး၊ သခွားချဉ်ဟင်းတစ်ပန်းကန်နှင့် ရှာလကာရည် ကြက်သားပန်းကန်ပြား......
သူတို့အားလုံးက သူကြိုက်တဲ့ ဟင်းပွဲတွေပင် ။
ထို့နောက် သူက မို့ရွှီတုန်း၏မျက်နှာကို ဝမ်းနည်းမှုအရိပ်အမြွက်ပြကာ လှည့်ကြည့်လိုက်သည်။
တုန်းအာသည် လုရှနှင့် အလွန်ဆင်တူသည်၊ အထူးသဖြင့် သူမသည် ပန်းကန်ပြားကို ကိုင်လိုက်သောအခါ၊ အခု သူပြန်တွေးကြည့်တော့ သူ့မိန်းမကို သူ ဘယ်လောက် နက်နက်ရှိုင်းရှိုင်း ချစ်ခဲ့တယ်ဆိုတာ သိလိုက်ရတယ်။
နူးညံ့သိမ်မွေ့သောထိုမိန်းမသည် သူ့အနားတွင်ရှိနေပါက၊ သူအတွက် ထိုကဲ့သို့ မနက်စာပြင်ဆင်ပေးမှာ သေချာပါသည်။
"တုန်းအာ ၊ သမီးဘာလို့လာတာလဲ။ အဖေ နေကောင်းပါတယ်၊ စားချင်စိတ်မရှိရုံပါပဲ "
မို့ဟွာဝမ်က ပြုံးပြီး သူ့အတွေးတွေကို ဖုံးကွယ်ကာ မေးလိုက်သည်။
"ဖေဖေ၊ မစားရသေးဘူးဆိုတာ ကြားမီတော့ သမီးက ကိုယ်တိုင် ဟင်းချက်ပြီးလုပ်ထားတာ ၊ အဖေမြည်းကြည့်ပါဦး"
မို့ရွှီတုန်းက ပြုံးပြုံးရွှင်ရွှင်ဖြင့် သူ့ထံသို့ ချဉ်းကပ်လာသည်။ စာရွက်တွေကို သူ့ရှေ့ကနေ ဖယ်လိုက်ပြီး ပန်းကန်တွေကို စားပွဲပေါ်တင်လိုက်တယ်။ ထို့နောက် သူမသည် မို့ဟွာဝမ်၏ လက်ချောင်းများဆီသို့ တူကမ်းပေးလေသည် ။
"တုန်းအာက ဒီဟင်းပွဲတွေအားလုံးကို ကိုယ်တိုင်လုပ်ခဲ့တာလား။"
မို့ဟွာဝမ်က မို့ရွှီတုန်းကမ်းပေးသော တူချောင်းများကို လက်ခံလိုက်ရင်း လှမ်းပြောသည်။ သူ့ တုန်းအာက ဘယ်တုန်းက ကြီးပြင်းလာပြီး ဒီလောက် ဉာဏ်ကောင်းလာရတာလဲ။
"ဟုတ်တယ် ၊ ဖေဖေ မြန်မြန် မြည်းစမ်းကြည့်ပါဦး ။ အေးသွားရင် မကောင်းဘူး။"
أنت تقرأ
စွဲမက်ဖွယ်ကောင်းသော မိန်းမပျိုလေးအဖြစ် ပြန်လည်မွေးဖွားခြင်း
حركة (أكشن)( Unicode Ver) သူမသည် ယခင်ဘဝက ရုပ်ပျက်ဆင်းပျက်ဖြစ်ပြီး သူမ၏ မိခင်သည် မတရားသဖြင့်သေဆုံးသွားခဲ့သည် ။ အဆိပ်ဝိုင်တစ်ခွက်က သူမကိုသတ်ဖို့မလုံလောက်တော့ တောက်လောက်တဲ့ မီးထဲ ထိုးချသေဆုံးခဲ့ရသည် ။ သူမတွင် နောက်ဘဝတစ်ခုသာ ရရှိခဲ့လျှင် သူမသည် သူမ၏ သမိုင်းကိုပြေ...