134. မို့ရွှမ်မင်သည် သူ့ညီမကို ကြံစည်ရန် သနားဟန်ဆောင်သည်

915 77 2
                                    

"စစ်ဝန်ကြီးရဲ့ တရားဝင်သားက လူယုတ်မာလို့ လူသိများကြတယ် ။  သူက ရွံ့ရှာဖို့ကောင်းတဲ့သူ ဖြစ်ရုံသာမကဘဲ လူတိုင်းနဲ့လည်း လိင်ဆက်ဆံနေတာ ။ သူက ဇနီး နှစ်ယောက်နှင့် အိမ်ထောင်ကျခဲ့ဖူးပေမယ့် နှစ်ဦးစလုံးက ငယ်ငယ်ရွယ်ရွယ်နဲ့ သေဆုံးသွားကြတယ်လေ ။ သူက သူ့မိန်းမကို ရက်စက်စွာဆက်ဆံပြီး ဇနီးဟောင်းကလည်း အရှက်ကြောင့် သတ်သေသွားတယ်လို့ ပြောတယ်။ တစ်မြို့လုံးမှာရှိတဲ့ မိန်းကလေးတွေက သူ့ကို လက်ထပ်မှာ မဟုတ်ပါဘူး။  ဒါ့အပြင် သူက ယုရန်ချန်နှင့် ငယ်စဉ်ကတည်းက ကောင်းမွန်တဲ့ဆက်ဆံရေးရှိခဲ့တယ် ။ အခုချိန်မှာတော့ နေရာကွဲပေမယ့် သူတို့ကြားမှာ သီးသန့် ခင်မင်ရင်းနှီးမှု ရှိခဲ့ပါသေးတယ်။ "

ဖန်ယုလန်က သူ့အင်္ကျီလက်ရှည်ကို ခါလိုက်ပြီး မို့ရွှီတုန်း အနားတွင် ထိုင်လိုက်တယ်။  သူသည် မျက်ခုံးပင့်လိုက်ပြီး သူ၏ လှပသော မျက်လုံးများတွင် ဒေါသများ ထွက်ပေါ်နေ၏။

ဖန်ယုလန်၏ လှပသော မျက်လုံးများတွင် အေးစက်မှု ထွက်ပေါ်လာသည်။  နှုတ်ခမ်းကို ကြွလိုက်သောအခါ သူ၏ပုံစံသည် အလင်းရောင်ထဲတွင် အလွန်အေးစက်ပြီး ကြောက်စရာကောင်းလှသည်။

မို့ရွှီတုန်းသည် ဖန်ယုလန် ၏ပြောင်းလဲမှုများကိုသတိမထားမိဘဲ ဖန်ယုလန်မှ သူမကိုပေးသော အချက်အလက်များကို လေးလေးနက်နက် စဉ်းစားနေခဲ့သည်။

ဒါက မို့ရွမ်မင်စိတ်ထဲမှာ ရှိနေတဲ့ အတွေးပဲ ။  ထို့ကြောင့် သူမသည် ယုရန်ချန်အား သူမအတွက် ခင်ပွန်းကောင်းရှာပေးရန် တောင်းဆိုခဲ့သည်။  တကယ်တော့ မို့ရွှမ်မင်သည် သူမကို မီးတွင်းထဲကို တွန်းချချင်ခဲ့တာ။  မို့ရွှမ်မင်က ယုရန်ချန်ကို မို့ရွှီတုန်းအတွက် ရိုင်းစိုင်းတဲ့လူကို အဆိုပြုခိုင်းဖို့ အကြံပြုခဲ့ပါတယ်။  သူတို့အဖေက ကမ်းလှမ်းတာကို လက်မခံရင်တောင် မို့ရွှမ်မင်က ဒီလောက် လွယ်ကူစွာ ခွင့်မပြုနိုင်ပါဘူး။

ထို့အပြင် ထိုရိုင်းစိုင်းသောလူက သူမကို အမှန်တကယ်လက်ထပ်ချင်ပါက မိုအိမ်တော်မှ မို့ရွှမ်မင်၏စကားများနှင့်အတူ သူမသည် မယားငယ်ဝမ်းထဲက ကလေးကိုသတ်ပစ်လိုက်သည်ဟု ဆိုကာ ထိုသူမှလွဲ၍ မည်သူမျှ သူမကို လက်ထပ်ခွင့်တောင်းမည်မဟုတ်ပေ။

စွဲမက်ဖွယ်ကောင်းသော မိန်းမပျိုလေးအဖြစ် ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now