"တတိယသခင်မလေးမို နှင့် ပထမသခင်မလေးမိုက အမှန်တကယ်ကို ရင်းနှီးတဲ့ ဆက်ဆံရေး ရှိတာပဲ ၊ ဒီလိုဆိုတော့ ဒီလူကို တတိယသခင်မလေးဆီ လက်ဆောင်အဖြစ်နဲ့ ပေးလိုက်ပါ့မယ် "
ဖန်ယုလန် က ပျင်းရိစွာ ပြောလိုက်သည်။ သူ၏ မက်မောသော မျက်လုံးများက လူအုပ်၏ မျက်နှာကို ဖြတ်ကာ နှုတ်ခမ်းများက ကြွတက်လာသည်။ သူ၏ မရေရာသော အပြုံးသည် သူဘာတွေတွေးနေမှန်း မမှန်းဆနိုင်သလို ခံစားရစေသော်လည်း သူကြည့်နေသည့်လူတိုင်းက အကြောင်းတစ်ခုခုကြောင့် တားမြစ်ခံထားရသည်ကို ခံစားရသည်။
ဒီမင်းသားလေးဟာ စိတ်ဓာတ်တွေ အတက်အကျရှိမှန်း သိပါတယ်။ နောက်အခိုက်အတန့်မှာ သူ့စိတ်နေစိတ်ထားက ရုတ်တရက်ဖြစ်သွားမလားဆိုတာ ဘယ်သူမှ မသိပါဘူး။
"ထတော့ ! တတိယသခင်မလေးမိုက တောင်းဆိုနေတာဆိုတော့ အဲဒါကို အမှားတစ်ခုလို့ သတ်မှတ်လိုက်မယ်။ နောက်ဆုံးတော့ မိသားစုတိုင်းက ဒီလိုအမှားမျိုး ရှိမှာပါ။ ဘယ်သူမှ နားလည်ရခက်မှာ မဟုတ်ဘူး။"
သူ့မျက်လုံးတွေက ရေကန်လို နက်မှောင်နေတယ်။ သူပြုံးလိုက်သောအခါတွင် သူ၏ချောမောသောအသွင်အပြင်သည် ခရမ်းရောင်နဂါးချယ်လှယ်ထားသော ၀တ်ရုံများဖြင့် အလွန်လိုက်ဖက်နေသည် ။ သူက ချစ်စရာကောင်းပြီး ရိုင်းစိုင်းတဲ့ပုံပါပဲ။
ထိုသို့သောစကားများနှင့် ကဲ့ရဲ့လှောင်ပြောင်သည့်အမူအရာများကြောင့် လူတိုင်းသည် မို့ရွှမ်မင်ကို လေးလေးနက်နက် အတွေးများဖြင့် ကြည့်နေခဲ့ကြသည်။
"တတိယမြောက်သခင်မလေးမို၊ ဒါက မင်းအတွက် ငါ့ရဲ့ လက်ဆောင်ပါ ။ ဒီလူကို နန်းတော် တံခါးမှာတင် လွှင့်ပစ်လိုက်လို့လည်း ရတယ် ။ သခင်မလေးမို့က သူ့ကို ခေါ်သွားပြီး မေးခွန်းထုတ်ဖို့ သတိရပါ။ ပြီးတော့ ကျုပ်ပြောဖူးတဲ့ စကားကိုလည်း သတိရပါ "
နက်မှောင်သော မျက်လုံးများဖြင့် သူမကို ကြည့်ကာ မေးစေ့ကို စူးစူးစိုက်စိုက် ကြည့်လိုက်သည်။ ဆိုလိုတာက သူ... သူ့မကိုလိုချင်တယ်လို့ ပြောနေတာလား
"ကျေးဇူးအများကြီးတင်ပါတယ် မင်းသားရှောင် !"
မို့ရွှီတုန်းသည် ကူကယ်ရာမဲ့စွာဖြင့် ရုန်းထွက်နိုင်ခဲ့သည်။ သူမ သူ့ကိုမော့ကြည့်လိုက်တော့ သူတကယ် မျက်မှောင်ကြုတ်နေတာကို တွေ့လိုက်ရတယ်။ သူမသည် လျင်မြန်စွာ အောက်ကိုငုံ့ကြည့်ကာ သူ့ကိုနောက်ထပ် မကြည့်ဝံ့တော့ပေ။
YOU ARE READING
စွဲမက်ဖွယ်ကောင်းသော မိန်းမပျိုလေးအဖြစ် ပြန်လည်မွေးဖွားခြင်း
Action( Unicode Ver) သူမသည် ယခင်ဘဝက ရုပ်ပျက်ဆင်းပျက်ဖြစ်ပြီး သူမ၏ မိခင်သည် မတရားသဖြင့်သေဆုံးသွားခဲ့သည် ။ အဆိပ်ဝိုင်တစ်ခွက်က သူမကိုသတ်ဖို့မလုံလောက်တော့ တောက်လောက်တဲ့ မီးထဲ ထိုးချသေဆုံးခဲ့ရသည် ။ သူမတွင် နောက်ဘဝတစ်ခုသာ ရရှိခဲ့လျှင် သူမသည် သူမ၏ သမိုင်းကိုပြေ...