မနေ့က ဖြစ်ပျက်ပြီးတဲ့ နောက်မှာ ယုစီလုံကို ပြောင်ပြောင်တင်းတင်း ခေါ်ထုတ်ဖို့အထိ သခင်မချန်က မတုံးအပါဘူး ။ ထို့ကြောင့် သူတို့ လူစုလူဝေး အပြင်ဘက်မှာ တိတ်တိတ်လေးရပ်နေခဲ့ပြီး သူတို့အား လူအများက သိပ်အာရုံမစိုက်နိုင်ခဲ့ကြဘူး ။ သို့ဖြစ်၍ ဝမ်ရင်းသည် မို့လန်ကို မို့ရွှီတုန်းဟု ထင်မြင်ပြီး မို့ရွှီတုန်းကို တိုက်ခိုက်ရန် ကြံစည်သောအခါ သူတို့သည် မှားသွားမှန်းသိသော်လည်း မထွက်ပေါ်လာရဲပေ ။
ဝမ်ရင်းသည် ထပ်မံ၍ယုစီလုံးနာမည်ကို ရုတ်တရက်ဆွဲထုတ်သွားသောအခါ အသုံးမဝင်သော ဝမ်ရင်းကို သူမ ပိုမုန်းတီးခဲ့ကြသည်။ သူမ ဘယ်လိုငြိမ်ငြိမ်နေနိုင်တော့မလဲ ။
သူမသည် သခင်မချန်၏ ဆုပ်ကိုင်မှုမှ ရုန်းထွက်ပြီး သူမပတ်ဝန်းကျင်မှ လူများကို ဘေးသို့ တွန်းထုတ်ကာ လူအုပ်ထဲသို့ တိုးဝင်လိုက်သည် ။ သူမက ဝမ်ရင်းကို လက်ညှိုးထိုးပြပြီး ရူးသွပ်စွာ ဆူပူကြိမ်းမောင်းလေသည် ။
"တို့ကို ဒီလိုအပုပ်ချဖို့ မင်းကို လမ်းညွှန်ပေးတဲ့သူက ဘယ်သူလဲ။"
သူမ၏မျက်နှာည် ဒဏ်ရာတွေနဲ့အတူ ဆံပင်များက ညစ်ပတ်နေတယ်။ သူမ ဒေါသအရမ်းထွက်ပြီး အသိတေစိတ်တွေ လွတ်သွားခဲ့တယ် ။ သူမ၏မျက်လုံးများသည် ရိုင်းစိုင်းနေပြီး ဝမ်ရင်းကို ထရိုက်ပစ်မည့်ပုံပေါက်နေသည်။ ဒါက သခင်မကြီးများနဲ့ မိန်းမပျိုတချို့ကို ကြောက်လန့်စေတယ်။
တော်တော်များများက သူမကို အထင်အမြင်သေးစွာဖြင့် ကြည့်ကာ နောက်ဆုတ်သွားကြသည်။ ဘာပဲဖြစ်ဖြစ် ယုစီလုံကို မြင့်မြတ်တဲ့ မိန်းမတစ်ယောက်လို သူတို့ လုံးဝမမြင်နိုင်တော့ဘူး ။
"ဒါက အမှန်တရားဖြစ်သလိုပဲ၊ သူမ ဘယ်လောက်တောင် စိတ်ပူနေလဲ ကြည့်စမ်း..."
"ဒါက အမှန်ဖြစ်နိုင်ပါတယ်။ မဟုတ်ရင် ဘာလို့ သူ့လက်ထဲမှာ ထိုကြိုး ရှိနေရတာလဲ!"
"ယုမိသားစုမှာ ဒီလိုမျိုး သမီးတစ်ယောက်ရခဲ့တာ တကယ်ကို ဆိုးရွားတဲ့ မျိုးပွားမှုတစ်ခုပဲ!"
YOU ARE READING
စွဲမက်ဖွယ်ကောင်းသော မိန်းမပျိုလေးအဖြစ် ပြန်လည်မွေးဖွားခြင်း
Action( Unicode Ver) သူမသည် ယခင်ဘဝက ရုပ်ပျက်ဆင်းပျက်ဖြစ်ပြီး သူမ၏ မိခင်သည် မတရားသဖြင့်သေဆုံးသွားခဲ့သည် ။ အဆိပ်ဝိုင်တစ်ခွက်က သူမကိုသတ်ဖို့မလုံလောက်တော့ တောက်လောက်တဲ့ မီးထဲ ထိုးချသေဆုံးခဲ့ရသည် ။ သူမတွင် နောက်ဘဝတစ်ခုသာ ရရှိခဲ့လျှင် သူမသည် သူမ၏ သမိုင်းကိုပြေ...