"မမလေး ၊ မနေ့ညက ကျမ်းချက်တွေကို မကူးယူဖို့ပြောပြီး မမလေး ခန္ဓာကိုယ်က မလုပ်နိုင်ဘူးလို့ ပြောခဲ့ပေမယ့် မမလေးက နားမထောင်ဘူး ၊ မမလေးက အခု နေမကောင်းဖြစ်ပြန်တယ် ၊ မမလေး ကိုယ်ကိုကိုယ် ပင်ပန်းအောင် မလုပ်ပါနဲ့ ၊ ကိုယ်လုပ်တော်သခင်မကြီးမိုက မမလေးကို ကောင်းကောင်းဂရုစိုက်ရမယ်တဲ့ မဟုတ်ရင် အစေခံတွေ အပြစ်ပေးခံရမယ်လို့ပြောတယ် ၊ မမလေးအလုပ်လျှော့လုပ်ပြီး များများ အနားယူပါ ။ မမလေး လုံးဝ ပြန်နေကောင်းလာဖို့က အရေးကြီးပါတယ် "
မိုယု၏ ငြီးတွားမှုသည် မိခင်ရှု ထက် အားနည်းသည်မဟုတ်ပေ ။ သူမ ညည်းညူပြီး နှုတ်ခမ်းစူနေသဖြင့် မို့ရွှီတုန်းက ရယ်မောလိုက်သည်။
"မိုယု ၊ မင်းရဲ့ ပါးစပ်နဲ့ သခင်မလေးကို ဘာတွေ ညီးတွားပြနေတာလဲ ။ မမလေး မျက်နှာကို အရင်ဆေးရပါမယ် ။ ကျုပ် အိမ်ရှေ့က ဂျုံယာဂု ယူလာခဲ့တယ် ၊ သခင်မလေး အရင် စားသင့်ပါတယ် ၊ မဟုတ်ရင် ဗိုက်ဆာနေမယ်"
မိုလန်က ဂျုံယာဂုမွှေး ပန်းကန်တစ်လုံးကို ကိုင်ပြီး ဝင်လာတယ်။ သူမသည် ပန်းကန်ကို စားပွဲပေါ် သေသေချာချာချလိုက်သည် ။
"မမလေး ၊ ထပြီး ယာဂုအရင်သောက်ပါ ၊ မိုလန်က စဉ်းစားစရာမရှိလို့ မမလေးအတွက် ဒီနေ့ ယာဂုလုပ်ထားခဲ့ပါတယ် ၊ မိုလန်က ယာဂု မလုပ်တာတောင် ကြာနေပြီ ၊ မမလေး မြည်းကြည့်ပါဦး"
မိုယုက မို့ရွှီတုန်းကိုကုတင်ပေါ်ကနေ ထဖို့ ကူညီပြီး ရေချိုးဖို့ ကူညီပေးရင်း ပြုံးပြလိုက်တယ်။ သူမ နှာခေါင်းကို မော့ပြီး ရှူရှိုက်ရင်း ပြောသည် ။ " အနံ့က အရမ်းကောင်းတယ် !"
မိုလန်၏ ယာဂုသည် တကယ်ကောင်းသည် ။ သူမက တိမ်တိုက်မြို့မှာတုန်း ခဏခဏ လုပ်ဖြစ်ခဲ့သည် ။ ချင်းစံအိမ်တွင် မို့ရွှီတုန်းနှင့် ပတ်သက်၍ စိုးရိမ်သူ အများအပြား မရှိခဲ့ပေ။ ထို့ကြောင့် ကောင်းကောင်းစားချင်ရင် ကိုယ်တိုင်လုပ်မှရမယ်။
မိုလန် နှင့် မိခင်ရှုတို့သည် မို့ရွှီတုန်းအတွက် အာဟာရဖြစ်စေရန်အတွက် အပြင်တွင် လတ်ဆတ်သော ပါဝင်ပစ္စည်းများကို ဝယ်ယူကြသည်။ သူတို့ကိုယ်တိုင် ချက်ပြုတ်ပြီး အရသာရှိတဲ့ ယာဂုနဲ့ ဟင်းလျာတွေကို ချက်ပေးကြသည် ။
![](https://img.wattpad.com/cover/307415474-288-k179660.jpg)
YOU ARE READING
စွဲမက်ဖွယ်ကောင်းသော မိန်းမပျိုလေးအဖြစ် ပြန်လည်မွေးဖွားခြင်း
Action( Unicode Ver) သူမသည် ယခင်ဘဝက ရုပ်ပျက်ဆင်းပျက်ဖြစ်ပြီး သူမ၏ မိခင်သည် မတရားသဖြင့်သေဆုံးသွားခဲ့သည် ။ အဆိပ်ဝိုင်တစ်ခွက်က သူမကိုသတ်ဖို့မလုံလောက်တော့ တောက်လောက်တဲ့ မီးထဲ ထိုးချသေဆုံးခဲ့ရသည် ။ သူမတွင် နောက်ဘဝတစ်ခုသာ ရရှိခဲ့လျှင် သူမသည် သူမ၏ သမိုင်းကိုပြေ...