"သခင်မလေးယု ၊ မင်းဒီနေ့လာခဲ့တာ တို့ကို အရမ်းလွန်နေပြီလို့ ပြောဖို့လား"
မို့ရွှီတုန်းသည် ယုစီလုံကို ပြူးကျယ်သော မျက်လုံးများဖြင့် ကြည့်နေလေသည် ။ ထို့နောက် သူမသည် ဝိုးတဝါးဖြင့် ပြုံးကာပြောသည်
"ဒါဆို သခင်မလေးယုက တို့ကို မတွေ့ချင်ဘူးပဲ ၊ မင်းက ရန်ပွဲဖြစ်ချင်လို့ လာခဲ့တာ!"
သူ့မျက်လုံးထဲက လှောင်ပြောင်တဲ့အကြည့်တွေက အရမ်းပြင်းထန်လာသည် ။ သူမ မျက်နှာမှာ ယုစီလုံကို လှောင်ပြောင်နေသည် ။ ယုစီလုံသည် သူမ နှိမ့်ချအခံရဆုံးသူ၏ လှောင်ပြောင်ခြင်းကို ခံနေရသည်။
"မင်း......."
ယုစီလုံသည် ဒေါသတကြီးဖြစ်ကာ သူမလက်ကို မြှောက်ကာ မို့ရွှီတုန်းဆီသို့ ပြေးသွား၍ သူမကို ရိုက်ရန် ပြင်ဆင်နေသည်။ မို့ရွှမ်ချောင် သည် ဘာကိုမှ မမြင်ချင်ယောင်ဆောင်လိုက်သည်။ သူမ၏ နှုတ်ခမ်းပေါ်တွင် ကျေနပ်သော အပြုံးတစ်ခု အရိပ်အမြွက် ပေါ်လာသည်။
မိုရီသည် မြန်မြန်ဆန်ဆန် တက်လာလိုက်တယ်။ သူမသည် နှစ်လှမ်းတက်လိုက်ပြီး ယုစီလုံ၏ မြှောက်ထားသောလက်ကို ဆုပ်ကိုင်ကာ တွန်းဖယ်လိုက်၍ ယုစီလုံသည် မိုရီကို မယှဉ်နိုင်ဘဲ နောက်ပြန် လဲကျသွားသည်။
ယုစီလုံ၏ အိမ်အကူနှစ်ယောက်က မြန်မြန်ဆန်ဆန်တုံ့ပြန်ကာ သူတို့က သူမကို နောက်ပြန်ဆွဲထုတ်ခဲ့လို့ ရွှံ့မြေတွေပေါ်ကို မပြုတ်ကျခဲ့သဖြင့် ကိုယ့်ကိုယ်ကို အရှက်ရသွားတာမျိုး မဖြစ်ခဲ့ပါဘူး။ သို့သော်ငြားလည်း သူမ၏ ခေါင်းပေါ်ရှိ မြင့်မားသော ဆံချည်မျှင်သည် ပြေလျော့သွားပြီး ဆံပင်သော့အနည်းငယ် ပြုတ်ကျသွားသည်။ သူမသည် သူမရဲ့ စကတ်အနားတွင် ရွှံ့မြေတွေနဲ့ အနည်းငယ် ညစ်ပတ်သွားပြီး သူမသည် သနားဖို့ကောင်းပုံရသည်။
"မို့ရွှီတုန်း မင်းဘယ်လိုတောင်သတ္တိရှိနေတာလဲ...မင်းဘယ်လိုသတ္တိရှိလဲ"
ယုစီလုံက ဒေါသတကြီးပြောသည်။ သူမ ပြုတ်ကျလုမတတ် တုန်လှုပ်သွားကာ ထိုနေရာတွင် ရပ်နေသေးသည်။
YOU ARE READING
စွဲမက်ဖွယ်ကောင်းသော မိန်းမပျိုလေးအဖြစ် ပြန်လည်မွေးဖွားခြင်း
Action( Unicode Ver) သူမသည် ယခင်ဘဝက ရုပ်ပျက်ဆင်းပျက်ဖြစ်ပြီး သူမ၏ မိခင်သည် မတရားသဖြင့်သေဆုံးသွားခဲ့သည် ။ အဆိပ်ဝိုင်တစ်ခွက်က သူမကိုသတ်ဖို့မလုံလောက်တော့ တောက်လောက်တဲ့ မီးထဲ ထိုးချသေဆုံးခဲ့ရသည် ။ သူမတွင် နောက်ဘဝတစ်ခုသာ ရရှိခဲ့လျှင် သူမသည် သူမ၏ သမိုင်းကိုပြေ...