ဖန်ယုလန်သည် အကြာကြီးမနေခဲ့ပါ။ သူသည် သူမ၏မျက်နှာ အရောင်ကို တစ်ချက်ကြည့်လိုက်ရုံဖြင့် အခြေအနေမကောင်းမှန်းသိကာ လှည့်ထွက်၍ ရှုပ်ပွနေသော မို့ရွှီတုန်းကို ချန်ထားခဲ့လေသည်။
မို့ရွှီတုန်း၏ သွက်လက်သော မျက်လုံးများက မှိတ်ထားသည်။ ကြည့်ကောင်းလှသော မင်းသားရှောင် နဲ့ သူမ ဘယ်တုန်းက ရင်းနှီးလာတာလဲ။
သူမသည် သူ့ကို အမြဲတမ်း တလေးတစားနှင့် ခပ်ဝေးဝေး ဆက်ဆံခဲ့သော်လည်း ရိုးရိုးသားသား ပြောရရင် သူ့ကို ကျေးဇူးတင်မိပြီး သူရှိရင် သူမစိတ်အေးသွားသလိုခံစားရသည် ။ သူသည် သူမကို အမြဲကယ်တင်ခဲ့သည် ။
သူမသည် သူနှင့် ဝေးကွာစွာနေသော်လည်း သူသည် သူမအခက်ခဲဆုံးအချိန်တိုင်းရောက်ရှိလာပြီး နှစ်ကြိမ်တိုင်တိုင် ကယ်တင်ခဲ့သည် ။ သူမသည် သူနဲ့ဝေးဝေး၌ နေချင်သော်လည်း မနေနိုင်တော့ပေ။
ချင်းယွီရှောင် ရောက်လာသောအချိန်တွင် ဖန်ယုလန်က ထွက်သွားခဲ့သည် ။ ချင်းယွီရှောင်သည် သူတို့ ချင်းလျံ ဘုရားကျောင်းမှ ခဏအကြာတွင် ထွက်ခွာမည်ဖြစ်ကြောင်း သူမကို အကြောင်းကြားခဲ့သည်။ အဖြစ်အပျက်တွေ အများကြီးဖြစ်ပြီးနောက် ဒီနေရာတွင် ဘယ်သူမှ မနေချင်တော့ဘူး ။
ယုမိသားစုက ထွက်ခွာသွားနှက်ပြီလို့ ဆိုတယ်။ ကံကောင်းထောက်မစွာ မို့ရွီတုန်းတွင် ပစ္စည်းများစွာ မပါလာခဲ့ပေ ။ မိုလန်က ထုပ်ပိုးပြီးသားဖြစ်ပြီး ချင်းယွီရှောင်က ကျွန်တွေကို သူ့မပစ္စည်းတွေကို ယူသွားဖို့ အမိန့်ပေးလိုက်တယ်။
ချင်းယွီရှောင်သည် အားလုံး အလုပ်ရှုပ်နေကြသည်ကို မြင်သောအခါ မို့ရွှီတုန်းဆီသို့ တက်သွားသည်။ သူက သူမကို အပြစ်ရှိသလို မှုန်ကုပ်ကုပ်နဲ့ ကြည့်ကာ "ညီမတုန်း..... တောင်းပန်ပါတယ်!" ဟုဆိုသည် ။
သူသည် ယုစီလုံက တုန်းအာကို နာကျင်စေလိုသည့် အကြောင်းကို တွေးလိုက်တိုင်း ဒေါသထွက်နေမိသည်။ ဒေါသက သူ့အပေါ် ဖိမိသွားပြီး ထွက်ပေါက်ရှာချင်လာသည်။ ဖြစ်ပျက်ခဲ့တာကို သူကြားခဲ့ရပြီး သေသေချာချာ စုံစမ်းကြည့်လိုက်သောအခါ အဖြစ်အပျက်အားလုံးကို ရှင်းရှင်းလင်းလင်း သိလိုက်ရတယ်။
YOU ARE READING
စွဲမက်ဖွယ်ကောင်းသော မိန်းမပျိုလေးအဖြစ် ပြန်လည်မွေးဖွားခြင်း
Action( Unicode Ver) သူမသည် ယခင်ဘဝက ရုပ်ပျက်ဆင်းပျက်ဖြစ်ပြီး သူမ၏ မိခင်သည် မတရားသဖြင့်သေဆုံးသွားခဲ့သည် ။ အဆိပ်ဝိုင်တစ်ခွက်က သူမကိုသတ်ဖို့မလုံလောက်တော့ တောက်လောက်တဲ့ မီးထဲ ထိုးချသေဆုံးခဲ့ရသည် ။ သူမတွင် နောက်ဘဝတစ်ခုသာ ရရှိခဲ့လျှင် သူမသည် သူမ၏ သမိုင်းကိုပြေ...