“ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ ၊ ဝမ်းကွဲက အစက နေကောင်းနေတာ ၊ ဒါပေမဲ့ ရုတ်တရက် သွေးအန်ပြီးတော့ မူးလဲသွားတယ် ။ မူးလဲသွားပြီးကတည်းက အခုထိ နိုးမလာတော့ဘူး ၊ ငါတို့ငှားထားတဲ့ သမားတော်တွေကလည်း သူမရဲ့ ရောဂါကို အဖြေမရှာနိုင်ဘူး ။ ရီဟောက် သူမရဲ့ မျက်နှာအရောင်အသွေးကို ကြည့်ပါဦး ၊ သူ့ကြည့်ရတာ အဆင်ပြေလား ?"
လုဝမ်ယွီသည် မို့ရွှီတုန်း၏ ဖြူဖျော့ဖျော့နှင့် သွေးမဲ့မျက်နှာကို ပိုင်ရီဟောက်အား ညွှန်ပြရင်း အလွန်စိုးရိမ်နေခဲ့သည်။ သူမ၏ မျက်နှာသည် နှုတ်ခမ်းများကဲ့သို့ ဖြူဖျော့နေသည်။ ပြီးတော့ သူမ မျက်လုံးတွေက တင်းတင်းမှိတ်ထားသည်။ သူမ ဘယ်လိုနေကောင်းနိုင်မှာလဲ။
"တတိယမြောက်သခင်မလေးမိုက တကယ်ကို မကျန်းမမာဖြစ်နေပါတယ်။ သူ့မရဲ့ ခန္ဓာကိုယ်နဲ့ သွေးက နည်းနည်း အားနည်းနေသေးလို့ ကျုပ်ဆေးစာရေးပေးပါ့မယ်။ တယောက်ယောက်က သူ့ကို သောက်ခိုင်းပြီး အမှားအယွင်းသာ မရှိရင် သူမ လေးနာရီအတွင်း သတိပြန်ရလာမှာ သေချာတယ်။ တခြားသူတွေအနေနဲ့တော့ သူမရဲ့ ကံကြမ္မာက ဘယ်လိုရှိလဲဆိုတာကို ကြည့်ရမှာပေါ့။ သူမရဲ့သတိပြန်ရလာချင်းက သူမ အပေါ်မှာ မူတည်တယ် "
ပိုင်ရီဟောက်ရဲ့ ချောမောတဲ့ မျက်နှာက သူ့ကို အမြဲတမ်း ပြေပြစ်ပြီး နူးညံ့တဲ့ပုံပေါက်စေမှာပါ။ ဒီလိုအခြေအနေမျိုးမှာ သူဒီလိုပြောနေပေမယ့် ပြေပြစ်ပြီး အထိန်းအကွပ်မဲ့ပုံပေါက်နေတုန်းပါပဲ။ဒါပေမယ့် သူ့မျက်လုံးတွေက နက်မှောင်ပြီး အောက်ခြေကို မမြင်နိုင်လောက်အောင် နက်မှောင်နေခဲ့တယ်။
လုဝမ်ယွီသည် ပိုင်ရီဟောက်နှင့် ရင်းနှီးသော ဆက်ဆံရေးရှိသည်ဟု ယူဆထားသော်လည်း ပိုင်ရီဟောက်၏ လှပမှုနှင့် အာရုံစူးစိုက်မှုရှိသော အမူအရာကြောင့် အံ့အားသင့်နေဆဲဖြစ်သည်။ အထိန်းအကွပ်မဲ့ပြီး ရိုင်းစိုင်းတဲ့ ပိုင်ရီဟောက်က ဘယ်တုန်းက ဒီလောက်ထိ ညို့အားပျင်းရတာလဲ ။ သူ့ညီမဝမ်းကွဲက သေတော့မှာလား...
လုဝမ်ယွီသည် ထိုအကြောင်းအရာကို တွေးရင်း စိတ်ပူလာသည်။ သူက ပိုင်ရီဟောက်ရဲ့ ဝတ်ရုံလက်စွပ်ကို ဆုပ်ကိုင်လိုက်ပြီး မို့ရွှီတုန်းရဲ့ အိပ်ယာရှေ့ကို ဆွဲတင်လိုက်ကာ သူမကို လက်ညှိုးထိုးပြလိုက်ပါတယ်။ သူက စိုးရိမ်တကြီးမေးတယ်
YOU ARE READING
စွဲမက်ဖွယ်ကောင်းသော မိန်းမပျိုလေးအဖြစ် ပြန်လည်မွေးဖွားခြင်း
Action( Unicode Ver) သူမသည် ယခင်ဘဝက ရုပ်ပျက်ဆင်းပျက်ဖြစ်ပြီး သူမ၏ မိခင်သည် မတရားသဖြင့်သေဆုံးသွားခဲ့သည် ။ အဆိပ်ဝိုင်တစ်ခွက်က သူမကိုသတ်ဖို့မလုံလောက်တော့ တောက်လောက်တဲ့ မီးထဲ ထိုးချသေဆုံးခဲ့ရသည် ။ သူမတွင် နောက်ဘဝတစ်ခုသာ ရရှိခဲ့လျှင် သူမသည် သူမ၏ သမိုင်းကိုပြေ...