22. အဒေါ်ဖန်က လှည့်ကွက်တွေ ထပ်သုံးပြန်တယ်

2.5K 249 0
                                    

မို့ရွှမ်ချောင်သည် ထိုကိစ္စကို ဖုံးကွယ်ရန် နည်းလမ်းမရှိဟု မြင်သည်။  မို့ရွှမ်ချောင်သည် မို့ရွှမ်မင်က စီမာလင်းရန်အတွက် လက်ဖက်ရည်တိုက်သည်ကို မို့ရွှီတုန်း ခြံဝင်းသို့သွားသောအခါ တကယ်​မြင်လိုက်ရသည် ။ 

သူတို့နှစ်ယောက် တရင်းတနှီးရှိပုံရပြီး မို့ရွှီချောင်က ချက်ချင်း မနာလိုဖြစ်သွားတယ်။ ထိုကြောင့် သူမရှေ့ထွက်သွားပြီး အခြေအနေအကြောင်း ဘာမှမသိဘဲ မို့ရွှမ်မင်ကိုမေးပြီး မို့ရွှမ်မင်ကိုပင် တွန်းထုတ်လိုက်သည်။  ထို့နောက် နှစ်ယောက်သား မြေပြင်ပေါ်သို့ လဲကျသွားသည် ။

မို့ဟွာဝမ်သည် အလွန်ဒေါသထွက်ကာ ဦးခေါင်းထိပ်တွင် မီးခိုးငွေ့များပင် ပျံထွက်သွားသလား အောက်မေ့ရသည် ။ သူ့ရဲ့ စတုတ္ထသမီးလေး ဘယ်လောက် ရက်စက်တယ်ဆိုတာ သူ အမြဲသိခဲ့တယ်။  သို့သော် သူ့သမီးကြီးသည်လည်း ဤကဲ့သို့ ပြုမူလာမည်ဟု သူ မမျှော်လင့်ခဲ့ပေ။ 

သူမသည် ယောက်ျားတစ်ယောက်ကို သူ့ညီမ၏ ခြံဝင်းထဲသို့ ခေါ်ဆောင်သွားပြီး ထိုယောက်ျားနှင့်ပင် ရင်းရင်းနှီးနှီး ပြုမူခဲ့သည်။  သူမရဲ့ နာမည်ဂုဏ်သတင်းကို လိုချင်နေသေးရဲလား။

"သွား၊ မင်းခြံကိုပြန်သွား။ မိန်းမတွေအတွက် ကိုးကားထားတဲ့ ဂန္တဝင်စာအုပ်ကို အကြိမ် 30 ကူးရေးရမယ် ။ မပြီးရင် မင်းကိုခြံဝင်းရဲ့ အပြင်ထွက်ခွင့်မပေးဘူး ။ ပြီးတော့ မင်းရဲ့အစေခံတွေကို အကြိမ် 10 ရိုက်နှက်မယ်။ မင်းတို့ရဲ့သခင်မတွေကိုတောင် ကောင်းကောင်းမကြည့်နိုင်မှတော့ မင်းတို့မှာ ဘာအသုံးဝင်တာရှိလဲ" 

မိုဟွာဝမ်က အံကြိတ်ကာ ဒေါသတကြီးပြောသည်။ 

မို့ရွှမ်ချောင်နှင့် မို့ရွှမ်မင် ၏နောက်လိုက် အိမ်အကူများနှင့် ကျွန်များသည် အလွန်ထိတ်လန့်ကာ ဒူးထောက်ထိုင်ချသွားကြသည်။ 

"ဖေဖေ၊ သူတို့ကို သက်ညာပေးနိုင်မလား၊ သူတို့က ဒီကိစ္စနဲ့ ဘာမှမဆိုင်ဘူး။" 

မို့ရွှမ်မင်က ငုံ့ကြည့်လိုက်သည်။  သူမ၏လေသံမှာ သနားစိတ်အပြည့်ရှိပြီး မို့ရွှမ်ချောင် ၏ကျွန်များကပင် သူမအား ကျေးဇူးတင်စွာကြည့်ကြသည်။ မို့ရွှမ်မင် ဟာ သူ့ကိုယ်သူ ချစ်စရာကောင်းအောင် လုပ်ဖို့ အခွင့်အရေး တစ်ခုတည်းကို လက်မလွှတ်ခဲ့ပါဘူး။ 

စွဲမက်ဖွယ်ကောင်းသော မိန်းမပျိုလေးအဖြစ် ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now