မို့ရွှီတုန်းသည် သူမအား ပြစ်တင်ရှုတ်ချသည့် မျက်နှာနီနေသော အမျိုးသမီးများကို လျစ်လျူရှုခဲ့သည်။ သူမသည် လှည့်ကြည့်ကာ ဖန်ယုရှောင်အား သိမ်သိမ်မွေ့မွေ့ ကောက်ချက်ချကာ ပြောသည်
"ခွင့်လွှတ်ပါ ပထမမင်းသား၊ တို့အစ်မအကြီးဆုံး ဘာဖြစ်နေတာလဲဆိုတာ သိခွင့်ရှိမလား"
ဖန်ယုရှောင်၏ အတွေးများသည် မို့ရွှမ်မင် နှင့် မတူကြောင်း သူမယုံကြည်သည်။ ဖန်ယုရှောင် သည် မို့ရွှမ်မင်နဲ့အမှန်တကယ်ဖြစ်ပျက်နေရင်တောင် ၊ သူ၏ဂုဏ်သိက္ခာကို ကာကွယ်ရန် ကြိုးစားနေမည်သာဖြစ်သည်။
တကယ်တော့ ထိုမင်းသားတွင် ပဉ္စမတန်း အရာရှိရဲ့ကိုယ်လုပ်တော်သမီးနဲ့သူ တစ်ခုခုဖြစ်နေတယ်လို့ ကောလာဟလတွေ ထွက်နေတယ်ဆိုရင် ဒါဟာ မိုမိသားစုအတွက် ရှက်စရာဖြစ်မှာ သေချာသည်။
ကောလဟာလများသည် မင်းသားချူ၏ ဂုဏ်သတင်းကိုလည်း မကောင်းနိုင်ပေ။ ထီးနန်းရဖို့အတွက် သူ့အတွက် နာမည်ကောင်းရှိဖို့ အရေးကြီးတယ်။ မိန်းမတစ်ယောက်အတွက်နဲ့ သူဂုဏ်သိက္ခာကို ထိခိုက်စေမှာ မဟုတ်ဘူး ။
ပြီးတော့ ဒါက မို့ရွှီတုန်းလိုချင်သောအရာပင် ။ မင်းသားချူ ၊ ဖန်ယုရှောင် ၏ရှင်းပြချက်သည် အခြားသူများပြောသည်ထက် ပို၍အသုံးဝင်သည်။ အမှန်ပင် ဖန်ယုရှောင်က နွေးထွေးပြီး ချစ်စရာကောင်းတဲ့ အပြုံးနဲ့ ရှင်းပြတယ်။
“ပထမသခင်မလေးမို ဘာဖြစ်တာလဲ မသိဘူး၊ သူဖြတ်သွားတော့ မဏ္ဍပ်ထဲမှာ အနားယူရင်း ရုတ်တရက် မူးလဲသွားတယ်။ ကျုပ်က သူမအနားယူနိုင်ဖို့ အကူအညီပေးဖို့ မိန်းမစိုးကို အမိန့်ပေးလိုက်တယ် ။ မိန်းမစိုးက သမားတော်ခေါ်ပြီး မကြာခင်ပြန်လာတော့မယ်။"
"ကျေးဇူးအများကြီးတင်ပါတယ် မင်းသားချူ"
မို့ရွှီတုန်းက သူ့ကို ကျေးဇူးတင်စွာဖြင့် ကြည့်ကာ ဖန်ယုရှောင်သည် မို့ရွှမ်မင်ကို အနားယူရန် မဏ္ဍပ်ထဲသို့ ကူညီပေးနိုင်ခဲ့သည့်အတွက် သူမ တကယ်ကို ကျေးဇူးတင်နေပုံရသည်။ သူမသည် လေးလေးနက်နက် ပြောကာ ညီမလေးတစ်ယောက်လို ဟန်ဆောင်လိုက်သည်။
YOU ARE READING
စွဲမက်ဖွယ်ကောင်းသော မိန်းမပျိုလေးအဖြစ် ပြန်လည်မွေးဖွားခြင်း
Action( Unicode Ver) သူမသည် ယခင်ဘဝက ရုပ်ပျက်ဆင်းပျက်ဖြစ်ပြီး သူမ၏ မိခင်သည် မတရားသဖြင့်သေဆုံးသွားခဲ့သည် ။ အဆိပ်ဝိုင်တစ်ခွက်က သူမကိုသတ်ဖို့မလုံလောက်တော့ တောက်လောက်တဲ့ မီးထဲ ထိုးချသေဆုံးခဲ့ရသည် ။ သူမတွင် နောက်ဘဝတစ်ခုသာ ရရှိခဲ့လျှင် သူမသည် သူမ၏ သမိုင်းကိုပြေ...