ဒါက လွန်လွန်းပေသည် ။ သူ့စာကြည့်ဆောင်မှာတောင် ပြဿနာရှာရဲလောက်အောင် သတ္တိရှိနေတာလား ။ အဒေါ်ဖန်အပေါ် မိုဟွာဝမ် ခံစားလိုက်ရသော ဒေါသများ ထွက်ပေါ်လာပြီး နဖူးပေါ်ရှိသွေးကြောများ လှုပ်ယမ်းလာသည် ။
သူသည် “ဒီအစေခံတွေကို ဆွဲထုတ်ပြီး အကြိမ် ၃၀ စီ ရိုက်နှက်ခိုင်းစေ၊ ပြီးတော့ သူတို့ မိသားစုနှင့်အတူ မိုအိမ်တော်မှ နှင်ထုတ်လိုက်ပါ ” ဟု အော်ဟစ်အမိန့်ပေးခဲ့သည်။
ဒါက တကယ်ကို ဒေါသထွက်စရာပင် ။ အဒေါ်ဖန်သည် သူ့ကိုယ်သူ မိသားစု၏ အုပ်ထိန်းသူသခင်မအဖြစ် အမှန်တကယ် တွေးထင်ထားပုံရသည် ။ သူဆိုတဲ့မို့ဟွာဝမ်ရဲ့ အင်အားကို ဘယ်လိုစိန်ခေါ်ရဲရတာလဲ။
သူမသည် သီလရှိသူဟု သူထင်ခဲ့ပြီး သူမကြောင့်ပင် တိမ်တိုက်မြို့၌ တုန်းအာကိုချန်ထားခဲ့သည်။ တုန်းအာ မည်ကဲ့သို့ အသက်ဆုံးရှုံးလုနီးပါးဖြစ်နေသည်ကို တွေးလိုက်သောအခါတွင် မို့ဟွာဝမ်သည် ပို၍ပင် ခံစားရလေသည်။
မျက်ရည်ကျနေသော မျက်လုံးများဖြင့် သူ့သမီးက သူ့ကို စိုးရိမ်တကြီး ကြည့်နေသည်ကို မြင်သောအခါ အဒေါ်ဖန်ကို ပို၍ပင် ဒေါသထွက်လာသည်။
"အို... သခင်ကြီး!"
ရိုက်နှက်မှု သုံးဆယ်လောက်သည် လူတစ်ယောက်ကို သေစေနိုင်သည် ။ မသေရင်တောင် မသန်မစွမ်းဖြစ်သွားလိမ့်မယ်။ ထို့အပြင် သခင်မိုသည် သူနှင့် သူတို့မိသားစုကို အိမ်ကြီးထဲမှ ထုတ်ပစ်ချင်သေးသည် ။
"သွား!" မို့ဟွာဝမ်က ဒေါသတကြီး အော်လိုက်တယ်။
"ဟုတ်ကဲ!" မို့ဟွာဝမ်ရဲ့ စူးရှအေးစက်တဲ့လေသံကြောင့် အစောင့်သည် ထိတ်လန့်သွားတယ်။ မိုဟွာဝမ် ဒီလောက်ဒေါသထွက်တာကို သူ တစ်ခါမှ မမြင်ဖူးဘူး။ သူ တွန့်ဆုတ်မနေဘဲ အပြင်ကို ပြေးထွက်သွားသည် ။
"အဖေ စိတ်မဆိုးပါနဲ့"
မို့ရွှီတုန်းက မိုဟွာဝမ် ဒေါ်သထွက်နေတာကို သူမမြင်တော့ စိတ်ပူနေပုံပေါ်တယ်။ သူမရှေ့တက်သွားက သူ့အဖေဝတ်ရုံ လက်စွပ်များကိုဆွဲလိုက်သည် ။
![](https://img.wattpad.com/cover/307415474-288-k179660.jpg)
YOU ARE READING
စွဲမက်ဖွယ်ကောင်းသော မိန်းမပျိုလေးအဖြစ် ပြန်လည်မွေးဖွားခြင်း
Action( Unicode Ver) သူမသည် ယခင်ဘဝက ရုပ်ပျက်ဆင်းပျက်ဖြစ်ပြီး သူမ၏ မိခင်သည် မတရားသဖြင့်သေဆုံးသွားခဲ့သည် ။ အဆိပ်ဝိုင်တစ်ခွက်က သူမကိုသတ်ဖို့မလုံလောက်တော့ တောက်လောက်တဲ့ မီးထဲ ထိုးချသေဆုံးခဲ့ရသည် ။ သူမတွင် နောက်ဘဝတစ်ခုသာ ရရှိခဲ့လျှင် သူမသည် သူမ၏ သမိုင်းကိုပြေ...