138. ဖန်ယုလန် ဒဏ်ရာရပြီး ကုသမူခံယူခဲ့ရသည်

758 65 2
                                    

"ကျုပ်ရဲ့ တတိယမြောက်အစ်ကိုက ပထမအကိုကိုတွေ့ဖို့ လာခဲ့တာလို့ ပြောတယ်။  ကြောက်စရာကောင်းတဲ့ တစ်ခုခု ဖြစ်သွားပြီလို့ သူထင်တာကြောင့် သူအမြန်ပြေးဝင်လာတယ် ။  သူဝင်လာပြီး အဲ့ဒီမှာ လင်းဖန်ရန်ကိုတွေ့တော့ သူတို့သုံးယောက်လုံး ပြုံးပြုံးရွှင်ရွှင်နဲ့ ထိုင်နေပြီး ဘာမှမဖြစ်ခဲ့တဲ့ပုံလိုမျိုး ဟန်ဆောင်နေကြတယ်လေ !" ဖန်ယုလန်က ပြုံးပြီး ပြတင်းပေါက်ကို ပိတ်လိုက်တယ်။  နောက်ဘာဆက်ဖြစ်မလဲဆိုတာ သူစိတ်မဝင်စားတော့ဘူး။ 

ဒုတိယသခင်မလေးလင်းသည် အနာဂတ်တွင် အရာများ ပိုမို ရှုပ်ထွေးစေမည့် ဒုတိယ အတွေးတစ်ခု ရှိမည်ကို သူ မမျှော်လင့်ခဲ့ပေ...

မို့ရွှီတုန်းသည် ဖန်ယုလန်ကို လျစ်လျူရှုချင်သော်လည်း သူမသည် အကြောင်းအရာကို သိချင်လွန်းလှသည်။  အထဲမှာ ဖယောင်းတိုင်တွေ အကုန်ထွန်းပြီး ဆွဲဆောင်မှုရှိတဲ့ သူက သူ့မကို ပြုံးပြတာကို မြင်တော့ သူက အရင်ကထက် ပိုနူးညံ့နေပုံရသည် ။  သူမမျက်နှာက ပိုပူလာသလို ခံစားလာရပြီး တခြားအကြောင်းအရာတစ်ခုကို စလုပ်တော့တယ် ။ ထို့နောက် သူမမျက်နှာကို ကိုးခေါက်စခရင်ကို လှည့်ကြည့်ကာ ဘာမှမဖြစ်သလို ဟန်ဆောင်လိုက်သည်။ 

"မင်းသားရန်နဲ့ ဒုတိယမြောက်သခင်မလေးလင်း တို့က လိုက်ဖက်ညီပြီး ဧကရီက မင်းသားရန်ကို ထောက်ခံတယ် ။ ဒါကြောင့်မို့လို့ သူမကို မင်းသားရန်နဲ့ လက်ထပ်ခွင့်မပေးဘဲ ဒုတိယမြောက်သခင်မလေးလင်းက မင်းသားချူး နဲ့ အထူးဆက်ဆံရေးရှိပုံပေါ်စေခဲ့တာပါ..." 

ရယ်စရာကောင်းတဲ့ ပြဇာတ်တစ်ခုဖြစ်တဲ့ မင်းသားရန် ဟာ သူ့မိန်းမကို တိတ်တိတ်ပုန်း အချစ်ရေးမှာ ဖမ်းမိတဲ့ ခင်ပွန်းတစ်ယောက်လို သရုပ်ဆောင်လိုက်ရတယ်။  သို့သော် မင်းသားချူးသည် မှန်ကန်သော ဖောက်ပြန်သူကဲ့သို့ ပြုမူခဲ့ခြင်း မရှိသည်မှာ ထင်ရှားသည်။

မင်သားရန် ဒေါသတကြီး ပြေးဝင်လာသောအခါ လင်းဖန်ရန် တုန်လှုပ်သွားပြီး ချက်ချင်း ထရပ်လိုက်ကာ သူမ၏ အိတ်ကို ကိုင်ထားသည့် ဖန်ယုရှောင် လည်း လဲကျလုနီးပါး ဖြစ်သွားခဲသည်။  သို့သော် ဖန်ယုရှောင် သည် အလွန်ထက်မြက်ပြီး ရှက်ရွံ့ပုံမပေါ်ပေ။  အဲဒီအစား သူက လင်းဖန်ရန်ရဲ့အိတ်ကို လွှတ်လိုက်ပြီး မင်းသားရန်ကို ဘာမှမမှားသလို ပြုံးပြုံးရွှင်ရွှင်နဲ့ နှုတ်ဆက်လိုက်တယ်။

စွဲမက်ဖွယ်ကောင်းသော မိန်းမပျိုလေးအဖြစ် ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now