"ဒီနေ့ ကိစ္စတွေ အတွက် မင်းကို ကျုပ်ကျေးဇူးတင်ပါတယ် ။ ကျုပ်အိမ်ထောင်ရေးကြောင့် မင်းစိတ်အနှောင့်အယှက် ဖြစ်ခဲ့ရတဲ့အတွက် မင်းကို ဒီည မြို့တော်အရှေ့ဘက်မှာရှိတဲ့ ဇူရှန်းမျှော်စင်မှာ စားသောက်ပွဲတစ်ခုနဲ့ ပြန်လည်ဧည့်ခံပါ့မယ် ။ ကျုပ်တို့ အားလုံး မူးတဲ့အထိ သောက်ကြမယ် ၊ အဲဒါက မင်းအတွက် ကျုပ်ရဲ့ ရိုးသားတဲ့ ကျေးဇူးတရားပါ " လိယွီမိုက မျက်ခုံးပင့်ပြီး ပြောလိုက်သည် ။ နောက်တော့ သူက ယုရန်ချန်ရဲ့ ပုခုံးကို အရူးတစ်ယောက်လို ကိုင်လိုက်သည် ။ သူတို့နှစ်ယောက်က အရမ်းကို ရင်းနှီးတဲ့ ဆက်ဆံရေး ရှိပုံရတယ် " ကျုပ်မင်္ဂလာဆောင် အခမ်းအနားမှာ ကျုပ်တို့ကို အောင်သွယ်ပေးတဲ့ မင်းရှေ့မှာ ကျုပ် ဂါရဝပြုမယ် ။ ငါ့ဘဝတစ်ခုလုံးအတွက် မင်းကို ကျေးဇူးတင်နေပါ့မယ်။ "
အောင်သွယ်တော်လား? သူက လိယွီမိုနဲ့ မို့ရွှမ်မင် တို့ရဲ့ အောင်သွယ်တော်လား ။ ယုရန်ချန်က သူ့ပါးစပ်ကို ဖွင့်လိုက်သော်လည်း စကားလုံးဝမပြောနိုင်ပေ ။
သူသည် လိယွီမို၏လက်ကို တိတ်တဆိတ် ရှောင်လိုက်ပြီး ထိုညက မို့ရွှမ်မင်နှင့် သီးသန့်ချိန်းတွေ့ခဲ့ခြင်းအတွက် အလွန်နောင်တရမိသည် ။
ဒီသတင်းသာထွက်လာရင် မင်မြို့စားအိမ်တော်က တော်တော်အရှက်ရလိမ့်မယ်။
လိယွီမိုက အရမ်းနာမည်ကြီးနေတာကြောင့် မိုနဲ့လီတို့ရဲ့ လက်ထပ်မယ့်သတင်းဟာ မြို့တော်အနှံ့အပြားမှာ ပျံ့နှံ့သွားခဲ့တယ် ။ တစ်ယောက်ယောက်က သူ့သမီးကို ဒီလို ရက်စက်ကြမ်းကြုတ်သူနဲ့ လက်ထပ်ဖို့ သတ္တိရှိလိုက်တာ တကယ်ကို အံ့သြစရာပဲဟု တော်တော်များများက ပြောကြသည် ။ သတ္တိရှိတဲ့ မိန်းကလေးက ဘယ်သူလဲလို့ လူတိုင်းနီးပါးက သိချင်ပြီး အံ့သြနေကြသည် ။
လိယွီမိုနဲ့ လက်ထပ်မည့်သူသည် မိုအိမ်တော်မှ လှပသော နူးညံ့သိမ်မွေ့သော ပထမဆုံးသောသခင်မလေးဟု ကြားလိုက်ရတော့ လူတိုင်းက သနားမိသွားကြသည်။ ချောမောလှပကာ ထက်မြက်ပြီး နူးညံ့သိမ်မွေ့သော မိန်းကလေးသည် လိယွီမိုနှင့် လက်ထပ်တော့မည်မှာ အမှန်ပင် ဖြုန်းတီးခြင်းသာဖြစ်သည်။
YOU ARE READING
စွဲမက်ဖွယ်ကောင်းသော မိန်းမပျိုလေးအဖြစ် ပြန်လည်မွေးဖွားခြင်း
Action( Unicode Ver) သူမသည် ယခင်ဘဝက ရုပ်ပျက်ဆင်းပျက်ဖြစ်ပြီး သူမ၏ မိခင်သည် မတရားသဖြင့်သေဆုံးသွားခဲ့သည် ။ အဆိပ်ဝိုင်တစ်ခွက်က သူမကိုသတ်ဖို့မလုံလောက်တော့ တောက်လောက်တဲ့ မီးထဲ ထိုးချသေဆုံးခဲ့ရသည် ။ သူမတွင် နောက်ဘဝတစ်ခုသာ ရရှိခဲ့လျှင် သူမသည် သူမ၏ သမိုင်းကိုပြေ...