54. သခင်မရွှီ

1.9K 179 0
                                    

ဤအကြိမ်တွင် ချင်းမိသားစုနှင့် ယုမိသားစုတို့သည် အတူတကွ ရောက်ရှိလာကြသည်။  သို့သော် ချင်မိသားစုသည် သူတို့၏ခရီးအတွက် အဓိကအကြောင်းရင်းက ဘာဆိုတာ သေချာမသိသေးပေ ။

သခင်ကြီးနှင့်ဇနီး သခင်မချန် တို့သာမက ယုမိသားစုမှ ပထမဆုံးသခင်မလေး ယုစီလုံလည်း ရောက်ရှိလာခဲ့သည်။  ချင်စံအိမ်၏ မြင်းရထားနောက်တွင် ယုအိမ်မှ ရထားနှစ်စီးသာ ရှိသည်။  ယုမိသားစုမှ အခြားမိသားစုဝင်များသည် မြို့တော်သို့ မရောက်ခဲ့ကြပေ။

အဒေါ်ဖန် ပြောသလိုမျိုး မြို့တော်ကိုရောက်ပြီးချင်း သူတို့ကို ဆက်သွယ်ဖို့ တစ်စုံတစ်ယောက်မှ မစေလွှတ်ခဲ့ပါဘူး။ 

မို့ရွှမ်မင်က ဖျားသွားပြီး သူမ အရမ်းနာကျင်နေတာကြောင့် အိပ်ရာထဲကတောင် မထနိုင်တော့ဘူး။ 

မို့ဟွာဝမ်သည် အဒေါ်ဖန်ကို မို့ရွှမ်မင်အား ပြုစုစောင့်ရှောက်ရန်အတွက် ဖုချင်ဥယျာဥ်​သို့ သွားခွင့်ပြုရန်မှအပ  ရွေးချယ်စရာလမ်းမရှိပေ။...

ကောလဟာလများသည် လူအနည်းငယ်၏ အတင်းအဖျင်းပြောဆိုမှုကြောင့် စတင်ခဲ့ခြင်းဖြစ်သည်။  နောက်တော့ ကောလဟာလတွေ လမ်းမတွေပေါ်မှာ တ်စတစ်စ ပျံ့နှံ့လာတယ်။ 

မြင့်မြတ်သောမိသားစုများမှ သခင်လေးအချို့ပင် တွေ့ဆုံကြသောအခါ ထိုအကြောင်းကို ပြောပြကြသေးသည်။ 

ကိုယ်လုပ်တော်၏သမီး မိုအိမ်တော်၏ ပထမဆုံးသခင်မလေးသည် မြို့စား၏အိမ်မှ စီမာလင်းရန်နဲ့လည်း ချိန်းတွေ့ဖူးသည် ။ ထို့အပြင် ပထမဆုံးသခင်မလေးမို့ သည် မင်းသားချူး ၏အိပ်ရာပေါ်သို့တက်ရန် အလွန်အရှက်မရှိစွာပြုမူသဖြင့် မင်းသားချူးမှ ထုတ်ပစ်ခြင်းခံခဲ့ရသည်...

ကောလဟာလများ ပို၍ပို၍ဆိုးရွားလာခဲ့သည်။

မို့ဟွာဝမ်က ဒေါသထွက်ပြီး စိုးရိမ်နေပေမယ့် ကောလဟာလနဲ့ ပတ်သက်ပြီး ဘာမှ မလုပ်နိုင်ခဲ့ပါဘူး။  ထို့ကြောင့် သူသည် မို့ရွှမ်မင်ကို အိမ်မှ အပြင်မထွက်ရန် တားမြစ်ခဲ့ပြီး အချိန်ကြာလာသည်နှင့်အမျှ ကောလာဟလများ လျော့ပါးသွားသည်အထိ သူမအား အတွင်းခန်းထဲတွင် သော့ခတ်ထားခဲ့သည်။ 

စွဲမက်ဖွယ်ကောင်းသော မိန်းမပျိုလေးအဖြစ် ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now