အခန်း ၁
စုလဲ့ရဲ့ အကြိုက်ဆုံးဆိုဖာပေါ်မှာ ယောကျာ်းတစ်ယောက်က မိန်းမတစ်ယောက်ကိုဖက်ထားပြီး နှစ်ယောက်သားနမ်းရှိုက်နေကြသည်။ နှစ်ယောက်လုံးက တအား ရမ္မက်တွေပြင်းထန်နေတော့ ပတ်ပတ်လည်ကိုတောင် သတိမထားမိကြ
စုလဲ့က တံခါးမှာရပ်ကာ ဘယ်လိုခံစားချက်မျိုးဖော်ပြရမှန်းတောင်မသိ ဒေါသ?ဝမ်းနည်းတာ? နှစ်ခုလုံးလား?
သူမ တက္ကသိုလ် ပထမနှစ်မမတက်ခင်ကတည်းက စုလဲ့အမေက ချမ်းသာပြီး ချောတဲ့သူကို မရှာဖို့ ပြောခဲ့တာ ဘာလို့လဲဆိုတော့ အဲ့လိုယောကျ်ားတွေက ကိုင်တွယ်ဖို့ခက်လို့လေ
ကံဆိုးစွာနဲ့ အဲ့အကြံက တကယ့်ကို တစစီဖြစ်ခဲ့တာပဲ "မား သမီးခေါင်းနောက်နေပြီ" သူမ အမေက အကြံပေးတုန်းက လေးလေးနက်နက်အကြံပေးတာမျိုးမဟုတ်ဘူး ပြီးတော့ စုလဲ့က နားထောင်ရုံပဲလေ ဒါမဲ့ အခုတွေးကြည့်မှ သူမတို့မိသားစုက ဘုရင်မကြီးပြောတာ အမှန်ပဲလို့ ချမ်းသာပြီး ရုပ်ချောတဲ့ယောကျ်ားတွေက တကယ်မကောင်းတာပဲ
စုလဲ့ အမြဲခံစားရတာက ဘဝမှာ ပြဇာတ်ဆန်တဲ့ အရာ ၃ ခုတော့ရှိတယ်လို့ ပထမ တစ်ခုက မင်းနာမည်က ထိပ်ဆုံး ၃ ယောက်စာရင်းထဲမှာမပါတာ ဒုတိယတစ်ခုက မင်္ဂလာဦးညက သတို့သမီးကမင်းမဟုတ်တာ ပြီးတော့ တတိယတစ်ခု ရင်းနှီးတဲ့မျက်နှာကိုမြင်နေရပေမယ့် မင်းတို့ဆက်ဆံရေးက ကောင်းမွန်မနေတာ
ကောင်းမွန်တဲ့ မိသားစု နောက်ခံကလာတဲ့ ကြည့်ကောင်းတဲ့ရည်းစားတစ်ယောက်ကို စုလဲ့ ပိုင်ဆိုင်ထားသည်။ တက္ကသိုလ်က ဘွဲ့ရပြီးတော့ စုလဲ့က B မြို့မှာ အလုပ်တစ်ခုရခဲ့ပြီး သူမ ရည်းစားက သူ့အဖေ ကုမ္ပဏီမှာ အလုပ်ဝင်ခဲ့သည်။ နှစ်ယောက်တူတူ တိုက်ခန်းတစ်ခန်းတောင်ဝယ်ခဲ့ပြီးတော့ တူတူ အခြေချဖို့ လုပ်ခဲ့ကြတာ
ဒါမဲ့လည်း လက်ရှိ တိုက်ခန်းထဲမှာ တခြားမိန်းမတစ်ယောက်ရောက်နေပြီးတော့ အဲ့မိန်းမက သူ့ခင်ပွန်းလောင်းရဲ့ပေါင်ပေါ်မှာထိုင်နေတယ်လေ
သူမရဲ့ပရောဂျက်စာရွက်စာတမ်းတွေ အခိုးခံရတဲ့နေ့မှာပဲ ငယ်ငယ်ကတည်းက ပြိုင်လာတဲ့ မိန်းမဆီက သူမ ခင်ပွန်းလောင်းကိုလည်း အခိုးခံရတယ် ကံဆိုးမှုတွေက ဆက်တိုက်ကို လာတာပဲ