အခန်း ၃၈ လေးစားမှုရှိတဲ့အချစ်
စုလဲ့ကိုလေဆိပ်လိုက်ပို့တဲ့ မနက်ခင်းမှာ မိုးရွာနေခဲ့သည်။ စုလဲ့က ဂျင်းဝမ်းဆက်ဝတ်ထားပြီး ဆဆံပင်ကို ပုံမှန်စီးထားရာကနေ ချထားသည်လေ ဆံပင်တွေက ပုခုံးပေါ်ဖြာကျနေကာ အောက်ခြေမှာကောက်လို့နေပြီး ကွဲပြားတဲ့အသွင်ကိုပေးစွမ်းလို့နေသည်။
ဝေချုက စုလဲ့ ထွက်ခွါတဲ့ဂိတ်ကို ဖြတ်သွားတဲ့ထိ ကြည့်နေခဲ့သည်။ လေဆိပ်လာတဲ့လမ်းတလျှောက် စုလဲ့က စကားပြောရင်း ဆက်တိုက်ပြုံးနေခဲ့တာ ဒါမဲ့ ဝေချုစိတ်ထဲ စုလဲ့က တစ်ခုခုကိုစောင့်နေသလိုမျိုးပင် ပြီးတော့ S မြို့က ပြန်လာင် အဖြေလိုချင်နေတဲ့ပုံစံမျိုး
သူငယ်ချင်းကောင်းတစ်ယောက်က သူ့ကိုတစ်ခါပြောဖူးတာက စုလဲ့ကို လိုက်တဲ့သူက စိတ်မဆုံးဖြတ်ထားရင် ပင်ပန်းရလိမ့်မယ်ဟုပင်
စုလဲ့ကို လိုက်တဲ့နေရာမှာ ပင်ပန်းတဲ့တာဝန်တစ်ခုလုပ်နေရတယ်လို့ သူမခံစားမိခဲ့ အဲ့အစား သူမျှော်လင့်ချက်တွေ စိတ်ပျော်ရွှင်မှုတွေပဲရခဲ့တာ ပြီးတော့ စုလဲ့ကို သူပိုသိလာလေလေ ဒီလိုမိန်းကလေးမျိုးက ရှားပါးတယ်ဆိုတာ သိလာလေပင် တခြားသူတွေကသူမကို သန်မာတယ် ဘာလာလာ ကြံကြံခံနိုင်တယ်လို့ထင်ကြပေမယ့် သူ့မျက်လုံးထဲမှာတော့ စုလဲ့က တခြားမိန်းကလေးတွေနဲ့ ထူးမခြားနားပင် သူမက တခြားသူတွေထက် ပိုတော်ပြီး ပိုပြည့်စုံနေရုံတင်သာ
ယေကျ်ားတစ်ယောက်အနေနဲ့ တခြားအားနည်းတဲ့မိန်းမတစ်ယောက်ကို ကာကွယ်ဖို့ တခြားမိန်းမတစ်ယောက်ကို နာကျင်အောင်လုပ်ပြီး ထိုအမျိုးသမီးကကျ သန်မာလို့ ဘာမှမထိခိုက်နိုင်ဘူးလို့အကြောင်းပြတာကို သူမုန်းသည်လေ
တကယ်တန်း အကြောင်းပြချက်ပေးတဲ့ယောက်ျားက မုန်းတီးစရာအကောင်းဆုံးပင် သူများအပြစ်တင်မှာကြောက်တာနဲ့ အဲ့အမျိုးသမီးက တအားသန်မာလို့ဆိုပြီးအကြောင်းပြပြီး သူ့သစ္စာမရှိတာတွေကိုဖုံးလိုက်တာမျိုးပေါ့
"မင်းက သန်မာတယ် ဒါမဲ့ တခြားမိန်းကလေးက အားနည်းပြီး ငါမရှိဘဲမနေနိုင်ဘူး အဲ့ဒါကြောင့် ငါသူ့ကို စောင့်ရှောက်ပေးမှဖြစ်မှာ"