အခန်း ၁၈
ချန်ယွဲ့ တံခါးဘောင်မှာ မှီကာ စုလဲ့က ပစ္စည်းတွေ ထုတ်ပိုးနေတာကို ကြည့်ပြီး သူမ နောက်ကနေ လိုက်သွားခဲ့သည်။
"အချစ်လေး ရှောင်လဲ့လဲ့ အားရင် လာလည်ဖို့မမေ့နဲ့နော်" လို့ပြောလိုက်တော့ စုလဲ့က ခေါင်းငြိမ့်ပြကာ "အားလပ်ရက်တွေ လာလည်မယ်"
"ဂွတ်ဘိုင်" ဝေချုက ချန်ယွဲ့ကို ခေါင်းငြိမ့်ပြလိုက်သည်။ ခရီးဆောင်အိတ်ကို ဝေချုသယ်တာက သူ့စတိုင်လ်နဲ့ မကိုက်ပေမယ့် သူက မိန်းကလေးတွေကိုတော့ ဆွဲဆောင်နိုင်နေဆဲပင်
ဓာတ်လှေကားတံခါးပိတ်သွားတဲ့ထိ ကြည့်ပြီးချန်ယွဲ့ မျက်နှာက အပြုံးက ပျောက်တောင်မသွားခဲ့။ စုလဲ့ကိုတန်ဖိုးမထားဘဲ ကျန်းဝေကိုမေ့လိုက်တော့ သူ့လိုကောင်မျိုးက စုလဲ့ဆီကနေ တတ်နိုင်သမျှ အဝေးဆုံးကို အကန်ခံသင့်တာ
-
အလုပ်သစ်ကြောင့် စုလဲ့ ခုတလော အရမ်းအလုပ်များပြီး အိမ်အသစ်ကိုတောင် သွားမကြည့်နိုင်ခဲ့ဘူး တိုက်ခန်းထဲ ဝင်လိုက်တာနဲ့ ပရိဘောဂပစ္စည်း အခန်းပြင်ဆင်မှုတွေက သူမကို နှုတ်ဆက်လိုက်တာပဲ စုလဲ့လန့်သွားကာ "စီနီယာ ရှင့်နေရာက..." တိုက်ခန်းက တအားကို သန့်ရှင်းနေပြီးတော့ ဧည့်ခန်းကလည်းလှလှပပလေး အလှဆင်ထားတာ စုလဲ့ စိတ်ထဲဝင်လာတဲ့ ပထမဆုံးအတွေးက ဒီမှာ လူတွေနေနေသလိုပင်
"ဘာဖြစ်လို့လဲ သဘောမကျလို့လား?" ဝေချုကသူ့မျက်လုံးထဲက စိုးရိမ်မှုတွေကိုဖုံးကာ မေးလာသည်။
"မဟုတ်ဘူး ကောင်းပါတယ်" စုလဲ့ ရင်ထဲ ထိသွားကာ မျက်လွှာချပြီး တိုက်ခန်းကို လိုက်ကြည့်လိုက်သည်။ ဝေချုက တစ်ယောက်ယောက်ကို ကြိုရှင်းခိုင်းထားတာနေမည်။ ဝေချု သူမကို ဂရုစိုက်တာကို သူမ သတိမထားမိစရာအကြောင်းမရှိဘူးလေ "ကျေးဇူး"
"ကျေးဇူးတင်စရာမလိုပါဘူး မင်းသဘောကျရင် ရပြီ" ဝေချုက ခရီးဆောင်အိတ်ကို အခန်းတစ်ခန်းထဲ ရွှေ့ပြီးမှ ရှင်းပြလာသည်။ "ဒီအခန်းက နည်းနည်းပိုကြီးပြီးတော့ နေရောင်လည်းပိုဝင်တယ်"
စုလဲ့ခေါင်းငြိမ့်ပြကာ နှစ်ယောက်သား ဆိုဖာပေါ်ထိုင်လိုက်ကြသည်။စုလဲ့က ကူရှင်တစ်ခုကိုယူဖက်လိုက်သည်။ ဒီတိုက်ခန်းက သူမထင်ထားတာထက်တောင် ပိုကောင်းနေသေးတာလေ အိမ်မက်အိမ်နဲ့တောင်ပိုတူနေသေးတယ် စုလဲ့က "ဒိီတိုက်ခန်းက အရမ်းကောင်းတာပဲ"