အခန်း ၅ အရသာ
စုလဲ့က အခန်းထဲ ဝင်လိုက်တော့မှသာချန်ယွဲ့ကို တွေ့ရတော့သည်။ ထိုကြွက်စုတ်မလေးက အမျိုးသားတစ်ယောက်ဘေးမှာထိုင်ပြီး ဖရဲသီးစေ့စားရင် စကားကောင်းနေတာ ထိုလူက ကြည့်ကောင်းလို့နေမည်။ စုလဲ့ကိုတောင် သတိမထားမိတဲ့ထိလေ
ချန်ယွဲ့ဆီလျှောက်သွားပြီး သူမဘေးမှာထိုင်ကာ ထိုလူကို အကဲခတ်လိုက်ပေမယ့် ဘယ်လိုပဲ ကြည့်ကြည့် ရင်းနှီးသလိုရှိပြီး မမှတ်မိ
"အာ ချန်ယွဲ့ အဲ့ဒါ မင်းရဲ့ သူငယ်ချင်းကောင်း စုလဲ့မလား ?" ထိုလူက စုလဲ့ကိုမြင်တာနဲ့ချက်ချင်း မှတ်မိလိုက်ကာ "စုလဲ့ မတွေ့တာတောင်ကြာပြီ မင်းဒီမြို့မှာပဲရှိနေမယ်လို့ ကိုယ်မထင်ထားဘူး"
တော်တော်ကြာကြည့်တာတောင် စုလဲ့ ဒီလူကို သိ ဒါမဲ့ ချန်ယွဲ့ သဘောထားအရ သူနဲ့ ချန်ယွဲ့က သေချာပေါက် သူငယ်ချင်းတွေပဲနေမှာ စုလဲ့လည်း ပြုံးပြီးခေါင်းငြိမ့်ပြကာ "အင်း ဘွဲ့ရပြီးကတည်းက ဒီမြို့မှာပဲ အလုပ်လုပ်ဖို့နေဖြစ်သွားတာ ဒါမဲ့ ရှင်လည်း ဒီမှာပဲ လို့မထင်ထားဘူး"
"အာ နောက်ဆုံးတစ်ခါ ကိုယ်သတင်းကြားတာက မင်းမိဘအိမ်နားမှာ အလုပ်လုပ်မှာဆို ဘယ်လို လုပ် ဒီရောက်လာလာလဲ?" ထိုလူက သောက်စရာတစ်ခုကို စုလဲ့ကို ကမ်းပေးလာသည်။ "အဲ့တုန်းက မင်းအဲ့လို ဆုံးဖြတ်လို့တောင် တစ်ယောက်က စိတ်မကောင်းဖြစ်နေသေးတာ"
စုလဲ့အံဩသွားသည်။ ဒုတိယနှစ်တုန်းက သူမ မွေးရပ်မြေကို ပြန်မယ်လို့ဆုံးဖြတ်ထားတာလေ ဒီလူကို သိသလောက် ဒုတိယနှစ်က တွေ့ခဲ့တာနေမည်။ စုလဲ့ ချန်ယွဲ့ကို လှမ်းကြည့်တာ တစ်ခုခုပြောပြနိုင်မလားပေါ့
"ချောင်ယုဒုံ နင်ဘာတွေပြောနေတာလဲ" စုလဲ့ အမူအရာကိုမြင်တော့ သူမ ကျန်းဝေနဲ့ပက်သက်ပြီး တစ်ခုခုကို သတိရသွားပြိထင်ကာ။ အမြန်ခေါင်းစဉ်ဝင်ပြောင်းလိုက်သည်။ "နင်က ငါတို့ထက်နှစ်နှစ်ကြီးတဲ့ စီနီယာလေ ဘာသိလို့လဲ"
စုလဲ့နဲ့ကျန်းဝေရဲ့ ကိစ္စကို ချောင်ယုဒုံသတိရလိုက်တာကြောင့် မလှမ်းမကမ်းက ရပ်နေတဲ့ ဝေချုကို လှမ်းကြည့်ကာ ပြုံးပြီး ပါးနပ်စွာ ခေါင်းစဉ်ပြောင်းပြောလိုက်သည်။